ရန်ကင်းမြို့နယ်တွင် စီမံကိန်းများကြောင့် အိမ်ခြံမြေဈေး ပိုတက်

ရန်ကင်းမြို့နယ်တွင် စီမံကိန်းများကြောင့် အိမ်ခြံမြေဈေး ပိုတက်

ရန်ကုန်မြို့၏ အချက်အချာကျသည့် မြို့တွင်း မြို့နယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့်
ရန်ကင်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တိုးတက်များပြား လာသည့် စီမံကိန်း
အသစ်များနှင့် အထပ်မြင့်ကွန်ဒိုဆောက်လုပ်မှုများကြောင့် မြေဈေးနှင့် တိုက်ခန်းဈေးများမှာ
ပြီးခဲ့သည့်နှစ်ထက် ထက်ဝက်ခန့်မြင့်တက်လာ ကာ နောက်ပိုင်းတွင်လည်း ဆက်လက်မြင့်တက်
လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

"ပုံမှန်ဆိုရင် ရန်ကင်းက ပြည်သာယာလမ်း၊ ဘောက်ထော်၊ မိုးကောင်းနဲ့ ကျောက်ကုန်းဘက်
နေရာတွေက မြေဈေးကောင်းတယ်။ လူကြိုက် များပြီး အဝယ်လည်း လိုက်တယ်။ ရန်ကင်းဘက်
မှာ ကွန်ဒိုတိုက်ခန်းတွေအဆောက်များလာပြီး နေဖို့ဝယ်တဲ့သူတွေပိုများလာသလို နိုင်ငံခြားသား
တွေရဲ့ အငှားဈေးကွက်ကလည်း ကောင်း တယ်" ဟု စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုး ဆောင်
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

ရန်ကုန်မြို့၏ အခြားမြို့နယ်များတွင်လည်း အသစ်တည်ဆောက် အကောင်အထည်ဖော် မည့်
ဈေးကွက်ပေါ်မူတည်ကာ အိမ်ခြံမြေဈေးကွက်နှင့် မြေဈေးများ ပြောင်းလဲနိုင်ကြောင်း နှင့် စီမံကိန်း
သစ်များစွာ အကောင်အထည်ဖော်မည့် ရန်ကင်းမြို့နယ်၏ အိမ်ခြံမြေဈေးများ အမြင့်ပိုင်းသို့ ပိုမို
ဦးတည်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။

"ရန်ကုန်မှာကတော့ စီမံကိန်းတွေလုပ်တော့ မယ်ဆိုရင် သက်ဆိုင်ရာနေရာက မြေနဲ့ အိမ်ဈေး
တွေက လိုက်တက်တော့တာပဲ။ ရန်ကင်းမှမဟုတ်ဘူး၊ တခြားမြို့နယ်တွေလည်း အိမ်ရာ စီမံကိန်း
တွေ၊ စက်မှုဇုန်စီမံကိန်းတွေရှိလာပြီ ဆိုရင် အရင်ဦးဆုံး အိမ်ခြံမြေဈေး စလှုပ်တော့ တာပဲ။ ဒါမျိုး
ခဏခဏကြံုရတယ်။ တချို့ကျတော့လည်း စီမံကိန်းစပြီး အကောင်အထည် ဖော်တာနဲ့ အဲဒီမှာ
ရှိတဲ့ ပွဲစားတွေက ဈေးကစား ကြတယ်။ လူစိတ်ဝင်စားတာများလေ ဈေးက ပိုမြင့်လေပဲ" ဟု
မြပန်းသခင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ကိုမင်းမင်းစိုးက ပြောသည်။

ရန်ကင်းမြို့နယ်၌ ယခုနှစ်အတွင်း ယခင် စီအမ်အေရုံးဝင်းနေရာတွင် အထပ်ထပ် ၃၃ ထပ်မြင့်
အဆောက်အအုံ ၁၀ လုံးပါ၀င်သော ွသိူနည ဃငအပ စီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက
တာဝန်ယူဆောက်လုပ်ကာ မကြာခင်က ဆောက်လုပ်ပြီးစီးသွားသော ရွှေ အုန်းပင်အိမ်ရာသစ်
စီမံကိန်းများအပြင် လမ်းမ တန်း နှင့် လမ်းသွယ်များရှိ တိုးချဲ့ဆောက်လုပ်လာ သော ကွန်ဒိုတိုက်
ခန်းစီမံကိန်းများကြောင့် ယခင်ကပင် အိမ်ခြံမြေဈေးကောင်းမွန်သည့် ရန်ကင်းမြို့နယ်ကို လုပ်ငန်း
ရှင်များနှင့် နေထိုင်လိုသူများ ပိုမိုစိတ်ဝင်စားလာကြောင်း ရွှေရည်စံ အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းမှ မဖြူပြာမွန်က မြန်မာတိုင်း(မ်) ကို ပြောသည်။

"ရန်ကင်းမြို့နယ်ဆိုတာ အရင်ကတည်းက အိမ်ခြံမြေ ဈေးကောင်းတဲ့နေရာပါ။ မြို့နယ်က လည်း
သန့်တယ်။ လမ်းလည်းမရှုပ်ဘူး။ နောက်ပြီး သွားရေးလာရေးလည်း ကောင်းတော့ ရန်ကုန်ရဲ့
အိမ်ခြံမြေဈေးကောင်းတဲ့မြို့နယ်တွေထဲမှာ ပါတယ်။ အခုက ပိုပြီးစိတ်ဝင်စားလာတယ်။ နေချင်တဲ့
သူတွေ၊ ကုမ္ပဏီရုံးခန်းကို သီးသန့်ဖွင့် ချင်သူတွေက ရန်ကင်းဘက်မှာဈေးကောင်း ပေးဝယ်ကြ
တယ်" ဟု ၎င်းကပြောသည်။

ယခင်ကပင် လူနေစိပ်ပြီး နေထိုင်လိုသူ ပိုမို များပြားလာခြင်းကြောင့် ရန်ကင်းမြို့နယ်တွင်
ယခုနှစ်ပိုင်းတွင် အိမ်၊ မြေနှင့် ကွန်ဒိုငှားရမ်းရန် ခက်ခဲလာကြောင်း ဦးရန်အောင်ကပြောသည်။

"ရန်ကင်းမြို့နယ်က ကမာရွတ်၊ ဗဟန်းနဲ့ မရမ်းကုန်းမြို့နယ်တွေပြီးရင် လူကြိုက်များတဲ့ မြို့နယ်ပါ။
ဒီဘက်ပိုင်းမှာ နေထိုင်တဲ့သူက အရင်နှစ်တွေထက် ပိုပြီးများ လာတယ်။ အိမ်ငှား ဖို့နဲ့ ကွန်ဒိုငှားဖို့
ဆိုရင် ၁၀ လုံးရှာရင် ငါးလုံး လောက်ပဲ ရတော့တယ်။ အရင်လို လိုချင် သလောက် မရတော့ဘူး။
နောက်ပြီးကွန်ဒို တိုက်တွေပဲ အဆောက်များလာတော့ မြေတွေ လည်း ရှားလာတယ်"ဟု
၎င်းကပြောသည်။

ရန်ကင်းမြို့၏မြေဈေးနှုန်းသည် ၂၀၁၃ ခုနှစ်ခန့်က လမ်းမတန်းနေရာတွင် တစ်ပေပတ်လည်လျှင်
ကျပ် ၃၀၀,၀၀၀ ခန့်ရှိကာ လမ်းသွယ်များတွင် ကျပ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ကြားရှိပြီး
ယခုလက်ရှိ ရန်ကင်းမြို့နယ်၏ မြေဈေးမှာ လမ်းမတန်းတွင် ကျပ် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀
ခန့်ရှိပြီး လမ်းသွယ်တွင်မူ အနည်းဆုံး ၃၀၀,၀၀၀ ခန့်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

ရန်ကင်းမြို့နယ်ရှိ လုံးချင်အိမ်နှင့် ကွန်ဒိုအငှားဈေးမှာလည်း ပြီးခဲ့သည့်နှစ်တွင် ပျမ်းမျှ အားဖြင့်
တစ်လလျှင်ကျပ် ၁၅ သိန်းခန့်ရရှိသော်လည်း ယခုအခါတွင် သိန်းနှစ်ဆယ်မှ ၃၀ ခန့်အထိ
ပေါက်ဈေးရှိကြောင်း အကျိုး ဆောင်များက ပြောသည်။

ထို့ပြင် ရန်ကင်းမြို့နယ်သည် စီးပွားရေးလုပ်ငန်းများပြုလုပ်ရန်ကောင်းမွန်သော နေရာ တစ်ခုဖြစ်ပြီး
အချက်အချာကျသည့်နေရာ များဖြစ်သည့် လမ်းမကြီးများပေါ်ရှိ မြေကွက် ကျယ်များပေါ်တွင်
Golden City များ၊ အရောင်းဆိုင်ကြီးများ ဖွင့်လှစ်မှုများလာသည့် အတွက် ဆိုင်ခန်းအငှားဈေး
ကွက်များလည်း ကောင်းမွန်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ရန်ကင်းမြို့နယ်
ရှိ ဆိုင်ခန်းအငှားဈေးကွက် သည် မြေညီထပ်တိုက်ခန်းများတွင် ပေအကျယ်ကိုလိုက်၍ ငှားရမ်းခ
မှာ ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ ခန့်အထိ ပေါက်ဈေးရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်