ကားအရောင်းစင်တာများဖွင့်ခွင့်ကို ဧပြီလ ၁ ရက် နေ့မှ စတင်၍ တိုင်းဒေသကြီးအစိုးရက ခွင့်ပြု
မှသာ လုပ်ကိုင်ခွင့်ပြုသွားမညြ်ဖစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ
တာဝန်ရှိသူကပြောသည်။
"ဧပြီ ၁ ရက်နေ့ကစပြီးတော့ အရောင်းစင်တာ ဖွင့်တော့မယ်ဆိုရင် သက်ဆိုင်ရာတိုင်းဒေသကြီး
ရဲ့ခွင့်ပြုချက် အရင်ဆုံးတောင်းရမယ်။ တိုင်းဒေသကြီးကမပေးတော့ဘူးဆိုရင် ဘာမှဆက် မလုပ်
ပေးတော့ဘူး။ အရင်ကတော့ ကျွန်တော်တို့ဆီက ဖွင့်ပေးပြီးမှ တိုင်းဒေသကြီးဆီက ခွင့်ပြုချက်
သွားယူရတာ။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာအဲလိုလုပ်ထားတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ ခွင့်ပြုချက်
မရရင် ခွင့်ပြုမပေးနိုင်တော့ဘူး" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောသည်။
ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ယာဉ်အသစ်များ အစားထိုးတင်သွင်းခွင့်ပြုပြီးနောက် ကားအရောင်း
စင်တာများ အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့သည်။ သို့သော် ယာဉ် အသစ်တင်သွင်းခွင့်ပြုသည့်
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံတော်အစိုးရက မူဝါဒအဆင့်ဆင့်ပြောင်းလဲချမှတ်ပြီး
နောက်တွင် ယာဉ်ဟောင်း အပ်နှံခွင့်စလစ်များလည်း ဈေးကျဆင်းခဲ့ပြီး အရောင်းစင်တာအချို့
လည်း အရောင်းအဝယ်အေးခဲ့သည်။
ထို့ကြောင့် ကားအရောင်းစင်တာအချို့မှာ ဖျက်သိမ်းသည်များလည်းရှိခဲ့ပြီး အချို့မှာ အခန်းငှားခ
ဈေးသက်သာသည့်နေရာ များသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြသည်။
"ကားအရောင်းစင်တာတွေထဲမှာတရားဝင်ပိတ်သိမ်းခွင့်တင်ပြီး ဖျက်သိမ်းတာ ၁၀ ခု လောက်
ရှိတယ်။ တချို့ကျတော့လည်း တရားဝင် ဘာမှမတင်ဘူး။ ကားလည်း ထပ်မသွင်းတော့ ဘဲနဲ့
ဘာဆက်လုပ်ရင် ကောင်းမလဲဆိုပြီး ဒီ တိုင်းထိုင်စောင့်နေတဲ့သူတွေရှိတယ်။ ကျွန်တော် တို့
ကိုယ်တိုင်လည်း ကားသွင်းတဲ့နှုန်းကို နည်း နည်းလေး လျှော့ချလိုက်တယ်။ တချို့လည်း ငှားခနဲ့ ရောင်းရတာမကိုက်လို့ ဈေးသက်သာတဲ့ နေရာမျိုးကို ပြောင်းသွားတာမျိုးရှိတယ်။
တချို့လည်း မဖျက်သိမ်းသေးပဲ မှေးရောင်းနေ တယ်။ ဒါပေမဲ့ အရောင်းစင်တာဖွင့်ဖို့ ထပ်လျှောက်
တဲ့ကုမ္ပဏီတွေလည်း ရှိနေတယ်။ လက်ရှိမှာဖြစ်နေတဲ့အခြေအနေက ကားဝယ်ဖို့ တာစူနေတဲ့လူ
တွေအကုန်လုံးက သူတို့ ရည်မှန်းချက် ပြည့်သွားပြီ။ ထပ်ပြီးဝယ်နိုင်မယ့် လူတန်းစားထွက်လာဖို့ပဲ
ကျွန်တော်တို့က စောင့်ရတော့မယ်" ဟု မော်တော်ယာဉ် ရောင်း ၀ယ်ရေး အသင်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
လက်ရှိတွင် အရောင်းအဝယ်ဖြစ်နေဆဲ အရောင်းစင်တာများကမူ ယခင်ကလည်း တိုင်းဒေသကြီး
အစိုးရထံမှ ခွင့်ပြုချက်ရယူရခြင်းကြောင့် ယခုမူဝါဒအပြောင်းအလဲသည် ထူးထူခြားခြား ပြောင်းလဲ
မှုမရှိနိုင်ကြောင်း ပြောသည်။
"အခုပြောင်းမယ်ဆိုတာက အရမ်းထူးထူးခြားခြားတော့မဟုတ်ပါဘူး။ အရင်ကလည်း စီးပွားကူး
သန်းလိုင်စင်ရပြီးရင် ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရကိုတင်ရတာပဲ။ ကညနနဲ့ စည်ပင်က
လည်း လိုင်စင်ယူရတယ်။ တိုင်းဒေသကြီးထောက်ခံချက်လည်း ယူရတယ်။ သက်တမ်းတိုးရင်
လည်း တိုင်းဒေသကြီးလိုင်စင် ရှိမှ သက်တမ်းတိုးပေးတယ်။ အရင်ကလည်း စီးပွားကူးသန်းလိုင်စင်
ယူပြီးမှ တိုင်းဒေသကြီး အစိုးရကိုပြန်တင်ပြလည်းရတာပဲ။ ပုံမှန်တင် နေကျသူတွေကတော့
သိပ်ထူးထူးခြားခြား ဖြစ်မသွားပါဘူး။ ကားအရောင်းစင်တာတွေ အတွက် စည်ပင်၊ ကညန၊
တိုင်းဒေသကြီး အကုန်လုံးက လိုင်စင်သက်တမ်းတစ်နှစ်ပဲ ပေးတယ်" ဟု FarmerAuto ပိုင်ရှင်
ဦးစိုးထွန်းကပြောသည်။
ကားအရောင်းစင်တာများမှာ အရောင်းအဝယ်အေးသည်ဟုဆိုကာ နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း
များ၊ ပိတ်သိမ်းခြင်းများရှိလာသော်လည်း အချို့မှာ ကားအရောင်းစင်တာ ဖွင့်ရန် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဆက်လက်မှတ်ပုံတင်ထားရှိနေဆဲဖြစ်ပြီး အခြားစီးပွား
ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက အရောင်းစင်တာ ဖွင့်ခွင့်လိုင်စင် ဖြင့် အခြား
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ကိုခွင့်ပြုထားခြင်းမရှိကြောင်း ပြောသည်။ "ကားအရောင်းစင်
တာတွေက အပြင်မှာသာ ပေါ်မလာတာ။ စီးပွားကူးသန်းရုံးမှာတော့ မှတ်ပုံတင်ထားတာတွေရှိနေ
တယ်။ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ပေါင်းပြီးတော့ အရောင်းစင်တာဖွင့်ခွင့်ရအောင်ယူတယ်။
Consignment တွေ ရအောင်ယူပြီး ရောင်းစားတဲ့သူတွေရှိ တယ်။ တစ်နှစ်လည်းပြည့်ရော
အရောင်းစင်တာ ကို ပြန်ပိတ်တယ်ဆိုပြီး လုပ်တယ်။ အမှန်က အရောင်းစင်တာလည်း မဖွင့်လိုက်
ဘူး။ ကားထား ဖို့ ဂိုဒေါင်လည်း မရှိလိုက်ဘူး။ တခြားစီးပွားရေး တစ်ခုလုပ်ပြီး အပြင်မှာတော့
အရောင်းစင်တာဖွင့်တာမကိုက်လို့ ပိတ်လိုက်သလိုမျိုးတွေ လုပ်ကြတယ်" ဟု ကားအရောင်းစင်
တာပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ကားအရောင်းစင်တာဖွင့်ရန် အတွက် မှတ်ပုံတင်ထားရှိသော ကုမ္ပဏီပေါင်း ၁၆၅ ခု
ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ စာရင်များတွင် ဖော်ပြ သည်။















