အိမ်ခြံမြေ ၀န်ဆောင်မှုများပြုလုပ်ရာတွင် အကျိုးဆောင်အေဂျင်စီများနှင့်သာ ၀န်ဆောင်မှု များ
ပြုလုပ်ခဲ့ကြရာမှ ယခုအခါတွင် အွန်လိုင်း အိမ်ခြံမြေဝက်ဘ်ဆိုက်များကို အသုံးပြုမှုများပိုမိုများပြား
လာကြောင်းနှင့် အိမ်ခြံမြေကြော်ငြာများကိုလည်း သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာခြင်းအပြင် အွန်လိုင်းများတွင်ပါ ကြော်ငြာလာကြကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
"လက်ရှိမြန်မာပြည်ရဲ့ အင်တာနက်အသုံးပြုမှုက တဖြည်းဖြည်းတိုးတက်လာနေပြီး မိုဘိုင်းဖုန်းက
နေတစ်ဆင့် အင်တာနက်သုံးမှုပါ ပိုမိုတိုးတက်လာနေပါတယ်။ ဘဏ်နဲ့ပတ်သက်လို့ လည်း အသုံး
ပြုမှုက ပိုတိုးတက်လာပြီး အွန်လိုင်း အိမ်ခြံမြေဝက်ဘ်ဆိုက်တွေကို အသုံးပြုသူတနေ့တခြား တိုး
တက်လာပါတယ်" ဟု အွန်လိုင်းအိမ်ခြံ မြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သော house.com.mm ၏
မြန်မာနိုင်ငံကိုယ်စားလှယ်မန်နေဂျာ Michiel Bakker က မြန်မာတိုင်း(မ်) ကို ပြောသည်။
ဂျာနယ်၊ မဂ္ဂဇင်းများတွင် ကြော်ငြာသော အခါ အိမ်ခြံမြေအချက်အလက်များကို အတို ဆုံး ပြုလုပ်
ကြော်ငြာရသော်လည်း ၀က်ဆိုဒ် တွင်ကြော်ငြာသောအခါ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်
အချက်အလက်အစုံထည့်သွင်းကြော်ငြာနိုင်သည့်အပြင် အိမ်ခြံမြေ များကို ကြည့်နေရသကဲ့သို့
ဓာတ်ပုံများနှင့် အိမ် အကြောင်း သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ ထည့်သွင်းကြော်ငြာ
နိုင်ကြောင်း Michiel Bakker က ပြောသည်။
"၀က်ဘ်ဆိုက်မှာ ကြော်ငြာတဲ့အခါ ကြော်ငြာ တဲ့သူက အချက်အလက်များကို အသေးစိတ်
ထည့်သွင်းနိုင်သလို ကြည့်မယ့်သူကလည်း အခ ကြေးငွေပေးစရာမလိုဘဲအချိန်မရွေး ၀င်ကြည့်နိုင်
ပါတယ်။ ကျွန်တော်တို့ရဲ့ ၀က်ဘ်ဆိုက် ့့house.com မှာ ကိုယ်လိုချင်တဲ့ နေရာ၊ လမ်းအကျယ်၊
ကိုယ် ပေးနိုင်တဲ့ဈေးနဲ့ အိမ်မှာ လေအေးပေးစက်ဘယ်နှစ်လုံးပါတယ်ဆိုတဲ့အထိ အသေးစိတ်
အချက်အလက်အကုန်လုံးကို အင်တာနက် ကနေရှာလို့ ရပါတယ်။ အိမ်ကိုကြိုက်သွားရင်
လည်း နာငေူ ကတစ်ဆင့် ရောင်းသူနဲ့တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
၂၀၁၄ နှစ်ဆန်းပိုင်းမှစတင်ခါ မိုဘိုင်းဖုန်း များတွင် အင်တာနက်အသုံးပြုမှုများ ပိုမိုများ လာသည့်
အလျောက် အွန်လိုင်းအိမ်ခြံမြေ ၀န်ဆောင်မှုဝက်ဘ်ဆိုက်များလည်း ပိုမိုများပြား လာခဲ့သည်။
ဆောက်လုပ်ရေးကုမ္ပဏီများက တိုက်ခန်းများရောင်းချနိုင်ရန် ကိုယ်ပိုင် အင်တာနက်စာမျက်နှာများ
ဖွင့်လှစ်ရောင်းချမှု များကိုလည်း ပြုလုပ်လာကြပြီး ၂၀၁၃ ခုနှစ် ကုန်ပိုင်းခန့်တွင် အင်တာနက်
၀က်ဘ်ဆိုက်သစ်ပေါင်း ၅၀ ကျော်ခန့် ပေါ်ထွက်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
"၀က်ဘ်ဆိုက်တွေက ရေရှည်အတွက်တော့ အဆင်ပြေမှာပါ။ နောက်ကျရင် အွန်လိုင်းကပဲ
အလုပ်လုပ်လာကြမယ် ထင်တယ်။ အခုလည်း ခေတ်စားနေပြီး အဓိကကတော့ မိုဘိုင်းလ်ဖုန်း
တွေက အရမ်းတွင်ကျယ်လို့ပါ။ လူတိုင်းနီးပါး မိုဘိုင်းအင်တာနက်ကနေ ၀က်ဘ်ဆိုက်တွေ
အလွယ်တကူကြည့်နိုင်လာတယ်။ အင်တာနက် ကနေ အိမ်ခြံမြေဝန်ဆောင်မှုတွေ ပိုပြီးဖွံ့ဖြိုးလာ
ဖို့ အရေးကြီးတာကတော့ လိုင်းကောင်းဖို့ပဲ။ အင်တာနက်လိုင်းသာကောင်းရင် ဒီ့ထက် အများကြီး
ဖွံ့ဖြိုးလာနိုင်တယ်" ဟု Estate Myanmar အိမ်ခြံမြေ ၀န်ဆောင်မှုကုမ္ပဏီမှ အမှုဆောင်အရာရှိ
ချုပ် ဦးဟိန်းမိုးမြင့်လွင်က ပြောသည်။
Estate Myanmar သည် Facebook တွင် ကိုယ်ပိုင် စာမျက်နှာတစ်ခုထားရှိပြီး ၎င်း၏ ၀က်ဘ်
ဆိုက်ကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
" Facebook က လုပ်ငန်းအတွက် အကျိုးပြုပါတယ်။ ဒါပေမဲ့ ပြောရရင် အဲဒီကတစ်ဆင့် အလုပ်
ဖြစ်တာတော့ နည်းတယ်။ ကြော်ငြာအတွက်ဆိုရင်တော့ ကောင်းပါတယ်။ အဲဒီကနေတစ်ဆင့်
ရောင်းချင် ငှားချင်တဲ့ အိမ်ကို ကြော်ငြာချင်တဲ့လူတွေ၊ နောက်ပြီး အိမ်ရှာနေ တဲ့လူတွေ ဆက်
သွယ်လာတယ်။ ၀င်ကြည့်တဲ့ လူလည်းများတယ်"ဟု ဦးဟိန်းမိုးမြင့်လွင် ကပြောသည်။
အွန်လိုင်း အိမ်ခြံမြေဝန်ဆောင်မှု၏ အဓိက အားသာချက်မှာ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာ
မှုမရှိသည့်အတွက် အချိန်သက်သာခြင်း၊ အသေးစိတ်အချက်အလက်များအား မိမိ ကွန်ပျူတာ
မှတစ်ဆင့် တစ်ထိုင်တည်း ကြည့်ရှု နိုင်ခြင်း၊ ဓာတ်ပုံများမှတစ်ဆင့် ပဏာမ ကြည့်ရှု ရွေးချယ်နိုင်
ခြင်းတို့ဖြစ်သည်။
"နောက်ပိုင်းမှာတော့ ကျိန်းသေဖွံ့ဖြိုး လာမှာပါ။ ဒါပေမဲ့ အင်တာနက်လိုင်းပေါ် အဓိကမူတည်
နေပါတယ်" ဟု ဦးဟိန်းမိုးမြင့်လွင်က ပြောသည်။ ဆောက်လုပ်ရေးကုမ္ပဏီများမှာလည်း ကိုယ်
ပိုင် ၀က်ဘ်ဆိုက်များဖွင့်လှစ်ကာ အင်တာနက် ပေါ်မှ ရောင်းချသည်များ ပြုလုပ်လာကြသကဲ့သို့
ဆောက်လုပ်ရေးကုမ္ပဏီများမှ ကန်ထရိုက်တိုက်များ ရောင်းဝယ်ရေးအပြင် သာမန်အိမ် ၀ယ်၊
ရောင်းနှင့် ငှားရမ်းမှုများ ပြုလုပ်သော အင်တာနက် အိမ်ခြံမြေ ၀န်ဆောင်မှုများ စာမျက်နှာများ
လည်း ပိုမိုတွင်ကျယ်စွာ ပေါ်ထွက် လာကြသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍကို အခြား နိုင်ငံများမှလည်း စိတ်ဝင်စားလာခဲ့ကြပြီး မြန်မာ နိုင်ငံ
တွင် အွန်လိုင်းအိမ်ခြံမြေဝန်ဆောင်မှုများ ပိုမိုတွင်ကျယ်လာစေရန် နိုင်ငံပေါင်း ၄၀ ကျော် တွင်
၀က်ဘ်ဆိုက်ပေါင်း ၁၅၀ ခန့်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိသော Rocket Internet ၀က်ဘ်
ဆိုက်က မြန်မာနိုင်ငံ တွင် အိမ်ခြံမြေဝန်ဆောင်မှုများ ပြုလုပ်ရန် သူ၏ကိုယ်စားပြု ၀က်ဘ်ဆိုက်
အဖြစ် house.com.mm ကို ၂၀၁၂ ခုနှစ်၊ မေလ၌ စတင်တည်ထောင်ခဲ့သည်။















