လာမည့် နှစ်နှစ်အတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်း ငါးဆယ်ကျော် ပေါ်ထွက် လာနိုင်မည့် အလားအလာရှိ

လာမည့် နှစ်နှစ်အတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်း ငါးဆယ်ကျော် ပေါ်ထွက် လာနိုင်မည့် အလားအလာရှိ

လာမည့်နှစ်နှစ်အတွင်း ရန်ကုန်မြို့တွင် အထပ် နှစ်ဆယ်အထက်ရှိသော အဆင့်မြင့်အဆောက်
အအုံပေါင်း အနည်းဆုံး အလုံး ၅၀ ကျော် ပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး
မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က မတ်လလယ်ပိုင်းက ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပ
ပြုလုပ်သည့် မြန်မာနိုင်ငံ အခြေခံအဆောက်အအုံဆိုင်ရာ ညီလာခံ ၂၀၁၄ (Myanmar
Infrastructure Summit 2014) ၏ စီးပွားရေးနှင့် လူနေအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု
အလား အလာနှင့် အခွင့်အလမ်း များဆိုင်ရာဆွေးနွေးပွဲတွင် ပြောသည်။

"လာမယ့်နှစ်နှစ်အတွင်း ရန်ကုန်မြို့မှာ အထပ် ၂၀ နဲ့အထက်ရှိတဲ့ အဆင့်မြင့် အဆောက်အအုံ
၅၃ သုံးလုံးလောက် ပေါ်ထွက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကလည်း မြို့ပြဖွံ့ဖြိုးလာ
တယ်ဆိုတဲ့ သင်္ကေတတစ်ခု လည်း ဖြစ်ပါတယ်။ နေ့စဉ်ပြောင်းလဲလာတဲ့ လူနေမှုကိုလိုက်ပြီး
အခြေခံအဆောက်အအုံ တွေကလည်း လိုက်ပြီးတိုးတက်လာတာက သဘာဝပါပဲ " ဟု မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာန၊ မြို့ပြနှင့် ဌာနဆိုင်ရာစီမံခန့်ခွဲမှုဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်
က ပြောသည်။

လက်ရှိတွင် အထပ်မြင့်အဆောက်အအုံ စီမံကိန်းများအတွက် အရည်အသွေးထိန်းသိမ်း ရေး
ကော်မတီထံ အဆိုတင်သွင်းထားသည့် အထပ်မြင့်အဆောက်အအုံ စီမံကိန်းပေါင်း ၉၁ ခုရှိပြီး
ယင်းစီမံကိန်းများမှ ၅၃ ခုကို လာမယ့်နှစ် အနည်းငယ်အတွင်း အကောင်အထည်ဖော် နိုင်ရန်
ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

၁၂ ထပ်နှင့် အထက် အဆောက်အအုံများ အတွက် အရည်အသွေးထိန်းသိမ်းရေး ကော်မတီထံ
အကဲဖြတ်ရန်တင်ပြရပြီး လက်ရှိ တွင် အဆိုတင်သွင်းထားသော အဆောက်အအုံ စီမံကိန်းများမှာ
လူနေအဆောက်အအုံ၊ ကွန်ဒိုမီနီယံနှင့် မိုးပျံအဆောက်အအုံပေါင်း ၄၇ ခု၊ ဟိုတယ် ၁၄ ခုနှင့်
လူနေထိုင်ရန်နှင့် ရုံးသုံးအဆောက်အအုံ ၃၀ ခုတို့ရှိပြီ ဖြစ်သည်။

"အခုအချိန်မှာ အိမ်ခြံမြေကဏ္ဍဟာ အရမ်း တိုးတက်နေပြီး လူတွေစိတ်အဝင်စားဆုံးကဏ္ဍ
လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း လုပ်ငန်းရှင်တော်တော်များများက ဒီကဏ္ဍ မှာ
ရင်းနှီးမြှုပ်နှံဖို့ကို အားသန်နေကြတယ်။ အများစုက အထပ်မြင့် အဆောက်အအုံ တွေဆောက်
ဖို့ကိုပဲ အာရုံစိုက်နေကြတယ်" ဟု ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

လက်ရှိအချိန်တွင် ရန်ကင်းမြို့နယ်တွင် တည်ဆောက်မည့် Golden City ၊ ဗီယက်နမ်ရင်းနှီး
မြှုပ်နှံမှုဖြစ်သော Hoang Anh Gia Lai- ဟိုတယ်စီမံကိန်း၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ
တည်ဆောက်မည့် Twin Tower နှင့် Yoma Strategic Holdings Ltd. ၏ သန်လျင် မြို့နယ်
မှ ကြယ်စင်အိမ်ရာ စသည့် အဆင့်မြင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် နေဆဲ ဖြစ်
သော်လည်း မြန်မာနိုင်ငံသည် အဆင့်မြင့် တိုက်ခန်းများ၊ အိမ်ရာများ လိုအပ်ချက်ကြီးမားစွာ
ရှိနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်