သင်္ဃန်းကျွန်းက အငှားချမည့် လုံးချင်းတိုက်

သင်္ဃန်းကျွန်းက အငှားချမည့် လုံးချင်းတိုက်

မဖေါ်ပြတာ အနည်းငယ်ကြာသွားပြီဖြစ်တဲ့ မြန်မာတိုင်း(မ်) ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍကို
ဒီတပတ်ကစလို့ ရန်ကုန်မြို့တွင်းက ရောင်းမယ့်၊ ငှားမယ့် နေချင့်စဖွယ် လုံးချင်းအိမ်တွေနဲ့
ကွန်ဒိုတိုက်ခန်းတွေကို ဖော်ပြပေးတော့မှာပါ။

ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်လေးက တော့ ရန်ကုန်မြို့၊ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာ
လမ်းမကြီးပေါ်မှာရှိတဲ့ အငှားလုံးချင်းအိမ် လေးတစ်လုံးကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

ဒီလုံးချင်းအိမ်လေးက အိမ်ထောင်ပရိဘောဂ အပြည့်အစုံပါ၀င်တဲ့အတွက် အရန်သင့်ငှားနေနိုင်
မယ့် အနေအထားဖြစ်ပါတယ်။ အရေးတကြီး အိမ်ရှာဖွေနေသူတွေအတွက်တော့ စဉ်းစားသင့်တဲ့
အိမ်တစ်လုံးပါပဲ။ ခြံအကျယ်အဝန်းက စတုရန်းပေ ၆,၄၀၀ ကျယ်ဝန်းပြီး အိမ်အကျယ်ကတော့
စတုရန်း ပေ ၄,၂၀၀ ရှိတာကြောင့် မိသားစုတွေ ကျယ်ကျယ်ဝန်းဝန်းနေနိုင်မယ့် အိမ်တစ်လုံးပါ။

အိမ်ရဲ့တည်ဆောက်မှုပုံစံကလည်း သပ်ရပ်ပြီး အတွင်းအပြင် ဒီဇိုင်းကလည်း လှပပါတယ်။ အိမ်
တွင်းမှာတော့ ကျွန်းပါကေးခင်းထားပြီး နောက်ဖေး မီးဖိုချောင်နဲ့ ရေချိုးခန်းနဲ့တွဲလျက် အိမ်သာ
တွေကို ကြွေပြားခင်းထားပါတယ်။ ဧည့်ခန်းနဲ့ မီးဖိုချောင်အပါအဝင် အိပ်ခန်းကျယ် ငါးခုပါ၀င်ပြီး
တစ်ယောက်အိပ်ခန်းတွေလည်း ပါပါသေးတယ်။

လေအေးပေးစက်၊ လိုင်းဖုန်းနဲ့ ကားနှစ်စီးရပ်နားနိုင်မယ့် ကားဂိုဒေါင်တစ်ခု လည်း ပါ၀င်ပါသေး
တယ်။ နောက်ပြီး ဒီအိမ်လေးရဲ့အနီးအနားမှာတော့ Orange Super Market ရှိတဲ့အတွက်
ဈေးလည်း အလွယ်တကူ ၀ယ်လို့ရပါတယ်။

ဒီလုံးချင်းအိမ်လေးကို စိတ်ဝင်စားသူတွေ ကတော့ Estate Myanmar အိမ်ခြံမြေ အကျိုး
ဆောင်လုပ်ငန်းကို ဆက်သွယ်လို့ စုံစမ်းနိုင် ပါတယ်။

ဖုန်းနံပါတ်ကတော့ ၀၉-၄၃၁၁၈၇၈၇ နဲ့ ၀၉-၇၃၁၁၄၈၆၀ တို့ကို ဆက်သွယ်နိုင်ပါတယ်။
အိမ်အငှားဈေးနှုန်းကတော့ တစ်လကို ကျပ် ၃၅ သိန်းဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်