ရန်ကုန်သင်္ကြန် မဏ္ဍပ်တည်ဆောက်မှု သစ်သားနှင့်သာ အဆင်ပြေ

ရန်ကုန်သင်္ကြန် မဏ္ဍပ်တည်ဆောက်မှု သစ်သားနှင့်သာ အဆင်ပြေ

လာမည့် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အတွက် ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ်များ
ကို အချက်အချာကျသည့် နေရာများတွင် တည် ဆောက်လျက်ရှိကြရာ အဆိုပါမဏ္ဍပ်များတည်
ဆောက်ရာတွင် သံထည်ပစ္စည်းများကို အသုံးပြု တည်ဆောက်ခြင်းထက် သစ်သားကိုအသုံးပြု
တည်ဆောက်ခြင်းမှာ ပိုမိုအဆင်ပြေကြောင်း ရန်ကုန်မြို့တွင်း ရေကစားမဏ္ဍပ် တည်ဆောက်
နေသူများက ပြောသည်။

"ကျွန်တော်တို့ ရေကစားမဏ္ဍပ်ကို နှစ်တိုင်း လိုလို တည်ဆောက်ခဲ့ပါတယ်။ ဒီလိုတည် ဆောက်
တဲ့အခါမှာ အခုနောက်ပိုင်း သံထည်တွေ အသုံးပြုဖို့ အတော်များများက ပြောကြတယ်။ သံကိုယ်
ထည်အသုံးပြုရင် ပိုပြီးခိုင်ခံ့မယ်လို့ ထင် ကြတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ မဏ္ဍပ်ဆောက် ဖို့
သံကိုယ်ထည်ကို သုံးမယ်ဆိုရင် အဆင်မပြေ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်းလျားကန်ဘောင်
တို့ အင်းလျားတို့ ကမ္ဘာအေးဘုရားလမ်းတို့မှာ ဆောက်တဲ့အခါမှာ မြေတွေကမညီဘူး။ နောက်ပြီး
ကုန်းလျှောတွေဖြစ်တော့ သံကိုယ်ထည်ကိုသုံးရင် ဖြတ်ရတောက်ရတာကအစ ခက်ခဲတယ်။
နောက်ပြီး လူတွေမဏ္ဍပ်ပေါ် တက် ကစားလို့ ခုန်ကြကကြတဲ့အခါ သံကိုယ်ထည်က ညွှတ်တယ်။
သစ်သားဆိုရင် သေချာဆောက်ထားမယ်ဆိုရင် လုံးဝစိတ်ချရတယ်" ဟု ဆရာစံပန်းခြံအနီး
ဦးချစ်မောင်လမ်းမပေါ်တွင် 'ခါနွေဦး' သင်္ကြန်မဏ္ဍပ်တည်ဆောက်နေသည့် ကိုဖက်တီးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

သင်္ကြန် လေးရက်တာကာလအတွက် ငွေကြေးအကုန်အကျခံကာ အခိုင်အမာတည်ဆောက်ရာ
တွင် သစ်သားအသုံးပြုခြင်းသည် တည်ဆောက်သူများအတွက် ပိုမိုအဆင်ပြေစေ ကြောင်း
ကမ္ဘာအေးဘုရားလမ်းတွင် 'ြူခေု ဲခေုနအ' ရေကစားမဏ္ဍပ် တည်ဆောက်နေ သည့် ကိုစိုးမိုး
ကပြောသည်။

"ကျွန်တော်က သင်္ကြန်မဏ္ဍပ်ကို ၂၀၀၈ ခုနှစ် လောက်ကတည်းက တည်ဆောက်ခဲ့တာပါ။
ဆောက်ခဲ့တဲ့မဏ္ဍပ်တွေအကုန်လုံး သစ်သားနဲ့ ပဲ ဆောက်ဖြစ်တယ်။ သစ်သားနဲ့ဆောက်တာ
က ပိုပြီးအဆင်ပြေတယ်။ သံကိုယ်ထည်နဲ့ ဆောက်တာကျတော့လည်း ဒီနှစ်နောက်ပိုင်းမှ
ပေါ်လာတာဆိုတော့ သုံးကြည့်ရင်အဆင်ပြေ လား မပြေနိုင်လားလည်း မသိတာနဲ့ ကျွန်တော်
ကတော့မသုံးဖြစ်ဘူး။ သင်္ကြန်မဏ္ဍပ်ဆိုတာ ယာယီဖြစ်တော့ သစ်သားသုံးရင် သစ်ဆိုင်တွေ
ကလည်း ဒီရက်အတွက် ငှားလို့ရတယ်။ သံ ကိုယ်ထည်ကို ၀ယ်ပြီးသုံးရမှာဆိုတော့ အဆင်
မပြေဘူးလို့ ကျွန်တော်တို့ ထင်တယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက် သူ အများစုမှာ မဏ္ဍပ်တည်ဆောက်ရာတွင်
သစ်သားကိုသာ အသုံးပြုသူများပြားပြီး သစ်သား များကိုလည်း သစ်ဆိုင်များတွင် ငှားရမ်းကာ
အသုံးပြုနိုင်ကြောင်း မဏ္ဍပ်တည်ဆောက်သူများကပြောသည်။

ယခုလက်ရှိဈေးကွက်တွင် သစ်သားတစ်တန်လျင် ကျပ် ၆၀၀,၀၀၀ ၀န်းကျင် ခန့်ရှိသော်လည်း
သစ်ဆိုင်များမှ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ငှားရမ်းပါက ရောင်းဈေး၏ထက်ဝက်ဖြစ်
သည့် တစ်တန်လျင် ကျပ် ၃၀၀,၀၀၀ ၀န်းကျင်ဖြင့်သာ ငှားရမ်းနိုင်သည့်အတွက် မဏ္ဍပ်တည်
ဆောက်သူများမှာ အဆင်ပြေကြောင်း ကိုစိုးမိုးက ပြောသည်။

"ကျွန်တော်တို့ကတော့ သစ်ဆိုင်တွေဆီကပဲ ငှားပြီး ဆောက်တယ်။ တချို့ကတော့ ၀ယ်ပြီး
ဆောက်တယ်။ ပြီးတော့ အောက်ဈေးနဲ့ ပြန် ရောင်းတယ်။ ဒါပေမဲ့လည်း အများစုကတော့ ငှားပြီး
ဆောက်ကြတယ်။ ငှားပြီးဆောက်တော့ သင်္ကြန်ပြီးသွားရင်လည်း သုံးထားတဲ့ သစ်သားတွေကို
ပြန်အပ်ရုံပဲ။ နောက်ပြီး ဈေးကလည်း ၀ယ်တဲ့ဈေးထက် တစ်ဝက်လျော့တော့ အဆင် ပြေတယ်"
ဟု ၎င်းကပြောသည်။

သင်္ကြန်မဏ္ဍပ်တည်ဆောက်မှုတွင် မဏ္ဍပ် အရွယ်အစားပေါ်မှုတည်ကာ သစ်အသုံးပြုမှု ကွဲပြားပြီး
တည်ဆောက်မှုကုန်ကျစရိတ်မှာ ပျမ်းမျှ ကျပ်သိန်း ၁၀၀ နှင့် ၂၀၀ ခန့်ရှိကြောင်း တည်ဆောက်
သူများကပြောသည်။ "သစ်သားသုံးပြီး မဏ္ဍပ်ဆောက်မယ်ဆိုရင် တော့ ပျမ်းမျှအားဖြင့် သစ်တန်
လေးဆယ်ကနေ ငါးဆယ်လောက်တော့ သုံးရတယ်။ ကျွန်တော်တို့ ရန်ကုန်မှာက သစ်သားနဲ့
မဏ္ဍပ်ဆောက် တာ ပိုအဆင်ပြေပါတယ်။ ပိုလည်း ခိုင်ခန့်တယ် လို့ ထင်တယ်။

မန္တလေးမှာတော့နောက်ပိုင်း သံကိုယ်ထည်သုံးပြီးဆောက်ကြတယ်။ သူတို့ ဆီက မဏ္ဍပ်တွေက
ကျံုးဘေးမှာဆိုတော့ မြေညီ တယ်။ ဒီတော့ သံကိုယ်ထည်နဲ့ဆောက်ရင် ပိုအဆင်ပြေတယ်လို့
ထင်ပါတယ်။ ရန်ကုန်မှာတော့ အများစုက သစ်သားနဲ့ပဲ ဆောက်ကြတယ်" ဟု ကိုဖက်တီးက
ပြောသည်။

ထို့ပြင် သံကိုယ်ထည်ဖြင့်တည်ဆောက်မှုမှာ တည်ဆောက်ရာတွင် ံ ပုံသဏ္ဌာန် ံနြော နှင့်ှု
ပုံသဏ္ဌာန် ှုနြော သံရက်မများ အသုံးပြုရသည့်အတွက် သံကိုယ်ထည်ဖြင့် တည်ဆောက်မှု
အား စတင်အသုံးပြုသူများမှာ အနည်းငယ်အခက်အခဲတွေ့နိုင်ကြောင်း ယခုနှစ်တွင် သင်္ကြန်
မဏ္ဍပ်တည်ဆောက်ရန် စီစဉ်သူ ကိုရန်ရန်ချမ်းက ပြောသည်။

"ကျွန်တော်တို့က သူငယ်ချင်းတွေနဲ့ပေါင်းပြီး မဏ္ဍပ်ဆောက်ကြတာပါ။ ဒီနှစ်တော့ ကျွန်တော်
တို့ သံကိုယ်ထည်နဲ့ ဆောက်ကြည့်ဖို့တော့ စဉ်းစားထားကြတယ်။ ဒါကလည်း သစ်သားနဲ့
ဆောက်တာ အဆင်မပြေလို့တော့ မဟုတ်ပါဘူး။ စပြီးလုပ်ကြည့်တဲ့သဘောပါ။ သံကိုယ်
ထည်နဲ့ဆောက်မယ်ဆိုရင်တော့ ဒီအပိုင်းကို သေချာသိတဲ့သူပါရင် ပိုအဆင်ပြေပါတယ်။
နောက်ပြီး HBeam နဲ့ IBeam တွေကိုသုံးပြီး ဆောက်ရမှာ ဆိုတော့ ဒီပစ္စည်းတွေလည်း
လွယ်လွယ်ကူကူ ရနိုင်လားဆိုတာ မသိနိုင်သေးဘူး"ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သင်္ကြန်မဏ္ဍပ်များ နေရာချ
ထားရေး ဆပ်ကော်မတီက ယခင်နှစ် ထက် သင်္ကြန်မဏ္ဍပ်အရေအတွက် ပိုချပေးခဲ့ သည်။
ယခုနှစ်တွင် အကြီးစား သင်္ကြန်မဏ္ဍပ် အရေအတွက် ၅၇ ခုတည်ဆောက်ခွင့်ပြုမည် ဖြစ်ပြီး
အလတ်စား သင်္ကြန်မဏ္ဍပ် ၃၆ ခုအထိ တည်ဆောက်ခွင့် ပြုထားကြောင်း ယင်းဌာနမှ
တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့်နှစ် တွင်မူ အကြီးစားမဏ္ဍပ် ၄၁ ခုနှင့် အလတ်စား မဏ္ဍပ် ငါးခုသာ ခွင့်ပြုခဲ့သည်။
ယင်းကဲ့သို့ သင်္ကြန်မဏ္ဍပ်များအား တည် ဆောက်ခွင့်ပိုချပေးသည့်အတွက် ရန်ကုန်မြို့ နယ်
အတွင် သင်္ကြန်မဏ္ဍပ်များ အပြိုင်အဆိုင် ဖြစ်လာနိုင်မည်ဖြစ်သည်။

၎င်းပြင် သင်္ကြန်မဏ္ဍပ် တည်ဆောက်သူများမှာ အကျိုးအမြတ်ထက် နှစ်စဉ်တည်ဆောက်
လာသည့် အစဉ်အလာနှင့် လူငယ်များ ပျော်ရွှင်နိုင်ရန်အတွက် တည် ဆောက်ခြင်းဖြစ်ကြောင်း
မဏ္ဍပ်တည်ဆောက် သူများက ပြောသည်။

"သင်္ကြန်မဏ္ဍပ်ဆောက်တယ်ဆိုတာ အကျိုး အမြတ်ရတယ်ဆိုတာ နည်းပါတယ်။ ကိုယ့်လူနဲ့
ကိုယ့်သူငယ်ချင်းတွေပျော်ဖို့အတွက် နှစ်တိုင်း လည်းဆောက်နေကြမို့လို့ အမြဲဆောက်ဖြစ်နေ
တာပါ။ တချို့ဆိုရင် ရှုံးကြတယ်။ ဒါပေမဲ့လည်း မဏ္ဍပ်ဆောက်ပြီး လက်မှတ်ရောင်းတာက
အကျိုးအမြတ်တစ်ခုတည်းအတွက် လုပ်တာ မဟုတ်ပါဘူး။ ဒီသင်္ကြန်မှာ လူငယ်တွေရော
အားလုံးပါ အကုန်လုံး ပျော်ရွှင်နိုင်အောင်လို့ပါ" ဟု ကိုစိုးမိုးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်