ရွှေတောင်ကုမ္ပဏီက စီမံခန့်ခွဲလျက်ရှိသော ဈေးဝယ်စင်တာငါးခုသည် UK အသိအမှတ်ပြု
နိုင်ငံတကာစံချိန်စံညွှန်းလက်မှတ်ကို မြန်မာ နိုင်ငံရှိ ဈေးဝယ် စင်တာများအနက် ပထမ ဦးဆုံး
ရရှိခဲ့ကြောင်း မတ်လ ၂၉ ရက်နေ့က ကြေညာခဲ့သည်။
"ဒီလက်မှတ်ယူတဲ့အခါမှာ ကျွန်မတို့ရဲ့ ၀န်ဆောင်မှုအရည်အသွေးကို အမြဲတစ်သမတ်တည်း
ဖြစ်နေအောင် လုပ်ပေးရပါတယ်" ဟု Shwe Taung Property Management ကုမ္ပဏီလီ
မိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စန္ဒာထွန်းကပြောသည်။
အဆိုပါကုမ္ပဏီမှ စီမံခန့်ခွဲလျက်ရှိသော Junction Square, Junction Mawtin, Junction 8,
Junction Zawana နှင့် နေပြည်တော်ရှိ Junction Nay Pyi Taw တို့အတွက် United Registrar
of System (UK ) အသိအမှတ်ပြု နိုင်ငံတကာစံချိန်စံညွှန်း လက်မှတ် ISO 9001:2008 ကို
၂၀၁၃ ဒီဇင်ဘာလတွင် ရရှိခဲ့ခြင်းဖြစ်ပြီး လက်မှတ်ပေးအပ်ပွဲကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့၊
ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။
ISO လက်မှတ်အတွက် သတ်မှတ်ထာသော အကဲဖြတ်စံချိန်စံညွှန်းများအတိုင်း စိစစ်လုပ်ဆောင်
ခြင်း၊ ဆိုင်ခန်းအပြင်အဆင်များ ပိုမိုဆွဲဆောင်မှုရှိစေရန်၊ စံညွှန်း ကိုက်ညီမှုရှိစေရန်၊ ဆိုင်ခန်းများ၏
ရေမီးစနစ်များကအစ အကဲဖြတ် ပုံစံနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက် ခြင်း၊ Junction
အဆောက်အုံများ၏ အရည် အသွေး ထိန်းသိမ်းမှုပိုင်း ဆိုင်ရာများကို ဂရုတစိုက် ကြပ်မတ်လုပ်
ဆောင်ခြင်းကြောင့် လက်မှတ်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ ၏ လက်ထောက်ဒါရိုက်တာ
ဒေါ်ဖြူဖြူစိုးက ပြောသည်။
"လက်မှတ်ရတာနဲ့မပြီးဘူး။ ဒီအရည်အသွေး တွေကို အမြဲထိန်းသိမ်းသွားရမယ်။ တစ်နှစ် တစ်ခါ
လည်း ပြန်လည်စစ်ဆေးခံရမှာဖြစ်တဲ့ အတွက် လက်ရှိပေးနေတဲ့ ၀န်ဆောင်မှု အရည် အသွေး၊ အလုပ်အကိုင်အရည်အသွေးတွေက လျော့ကျသွားလို့မရတဲ့အတွက် ၀န်ထမ်းတွေရဲ့ လုပ်ရည်
ကိုင်ရည်မှာလည်း တိုးတက်မှုတွေရှိလာ တယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
Shwe Taung Property Management ကုမ္ပဏီသည် စံချိန်စံညွှန်းလက်မှတ်အတွက်
အကဲဖြတ်မှုများ ခံယူနိုင်ရန် တစ်နှစ်ခွဲခန့် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ "စံချိန်စံညွှန်းလက်မှတ်ရယူဖို့
က ဒီအတိုင်းမရပါဘူး။ ကျွန်တော်တို့ကလည်း စံချိန်စံညွှန်းလက်မှတ်ရရှိအောင် အကျိုးဆောင်
ပေးရတာ ဖြစ်တဲ့အတွက် တကယ်မကိုက်ညီတဲ့ ကုမ္ပဏီကို ပေးရင် ကျွန်တော်တို့လည်း နာမည်
ပျက်တယ်။
အဲဒီတော့ ဒီလက်မှတ်ရဖို့ကို လျှောက်ထားချင် တဲ့ ကုမ္ပဏီက အရည်အသွေးပိုင်းဆိုင်ရာ စံချိန်မီ
အောင် တကယ်ကြိုးစားရတယ်။ အဲဒီတော့ အကဲဖြတ်ပုံစံကို လိုက်နာခြင်းအားဖြင့် ကုမ္ပဏီ တွေ
မှာ ဌာနတစ်ခုချင်းစီအလိုက် အရည် အသွေးတိုးတက်လာတယ်၊ စနစ်ကျလာတယ်။ လုပ်ရည်
ကိုင်ရည် ပိုကောင်းလာတဲ့ အကျိုး ကျေးဇူးတွေလည်း ဖြစ်လာတယ်" ဟု United Registrar
of Systems (Myanmar) မှ ဒါရိုက်တာ ဦးရဲနောင်ကပြောသည်။ ၎င်းတို့ အဖွဲ့အစည်းသည်
စံချိန်စံညွှန်း လက်မှတ်ရရှိရန် အဆိုတင်သွင်းပေးခဲ့သည့် ကုမ္ပဏီပေါင်း ၄၀ ကျော်ခန့်ရှိသည်ဟု
သိရသည်။
















