အငှားဈေးနှုန်း - တစ်လ အမေရိကန်ဒေါ်လာ ၆,၅၀၀။
ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ - ၅၁၅၉၁၉၄ နဲ့ ၀၉ - ရ၃၁၅၆၀၈၈။
ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ် လေးကတော့ မရမ်းကုန်းမြို့နယ် ကိုးမိုင် ရပ်ကွက်
မစိုးရိမ်လမ်းထဲမှာရှိတဲ့ အပန်းဖြေ အနားယူနိုင်မယ့် နေချင်စဖွယ် အငှားအိမ်တစ်လုံးပဲ ဖြစ်ပါတယ်။
ခြံဝင်းကျယ်ကျယ်ထဲ က အဖြူရောင်လုံးချင်းတိုက်အိမ်လေးက တည် ဆောက်ထားတဲ့ သက်တမ်း
ကြာပြီဖြစ်ပေမယ့် ပြန်လည်ပြင်ဆင် မွမ်းမံထားလို့ သစ်လွင်နေပါတယ်။ စတုရန်း ပေ ၁၅,၇၂၅
ကျယ်ဝန်းတဲ့ ခြံကျယ်ထဲမှာတော့ အပန်းဖြေအနားယူနိုင် မယ့် တင်းနစ်ကွင်း၊ ပန်းခြံ၊ အရိပ်ရအပင်
တွေ နဲ့အစိမ်းရောင် မြက်ခင်းတွေလည်း ပါရှိတာမို့ ဒီအိမ်လေးမှာနေမယ့် မိသားစုတွေက ကိုယ့်
အိမ်မှာပဲ အေးအေးဆေးဆေး အနားယူနိုင် မှာပါ။ အိမ်ရဲ့ဒီဇိုင်းကလည်း အနောက်တိုင်း စတိုင်ဖြစ်
ပြီး အတွင်းပိုင်း ပြင်ဆင်မှုကလည်း သပ်ရပ်လှပပါတယ်။
ဒီအိမ်လေးက အငှား ဈေးနဲ့တင် ပရိဘောဂ အပြည့်အစုံ ပါ၀င်မှာ ဖြစ်ပါတယ်။ တီဗီ၊ ရေခဲသေတ္တာ
အဝတ် လျှော်စက်အပြင် အိမ်တစ်အိမ်မှာ လိုအပ်တဲ့ ပစ္စည်းတွေ အပြီးအစီးပါ၀င်တာမို့ အိမ်မှာ
လိုအပ်တဲ့ ပစ္စည်းတွေအတွက် ခေါင်းပူစရာ မလို တော့ဘဲ အေးအေးဆေးဆေးငှားနေနိုင်မယ့်
အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ မှာ ဇိမ်ကျကျ အိမ်တစ်လုံးကို အမြန် အလိုရှိသူ
တွေအတွက် ဒီအိမ် လေးက အသင့်တော် ဆုံးဖြစ်မှာပါ။
နောက် ပြီး အိမ်ရဲ့ အကျယ်က စတုရန်းပေ ၂,၅၀၀ ၀န်းကျင်ရှိတဲ့ အတွက် လူဦးရေ လေးငါး
ယောက် မိသားစုတွေအတွက် လွတ်လွတ် လပ်လပ်နဲ့ အဆင်ပြေပြေနေနိုင်မယ့် အခန်း ကျယ်
တွေလည်း ပါ၀င်ပါတယ်။ အခန်းဖွဲ့စည်းပုံတွေ ကတော့ ရေချိုးခန် အိမ်သာ တွဲလျှက်ပါတဲ့ အိပ်
ခန်းကျယ်က လေး ခန်းပါ၀င်ပြီး ထမင်းစားခန်း၊ သီးသန့်တီဗီ ကြည့်ခန်းနဲ့ ထပ်ခိုးခန်းလေးလည်း
ပါ၀င် ပါတယ်။ မီးဖိုခန်းကလည်း နှစ်ခုပါ၀င်တဲ့ အတွက် ထမင်းဟင်းချက်ပြုတ်ဖို့နဲ့ အချိုပွဲ အစား
အစာတွေကို ပြုလုပ်နိုင်ဖို့အတွက် သီးသန့်ခွဲခြားထားပါတယ်။

အိမ်အကူထားရှိ မယ်ဆိုရင်လည်း အိပ်ခန်းသီးသန့်ပါရှိပါ တယ်။ ဒီအိမ်လေးက ဥရောပဆန်ဆန်
အတွင်းပိုင်း ပြင်ဆင်မှုတွေနဲ့အတူ အခန်းဖွဲ့စည်းပုံတွေက လည်း အနောက်အငွေ့အသက်ဖုံးလွှမ်း
နေတဲ့အတွက် နိုင်ငံခြားဧည့်သည်တွေအတွက်လည်း ငှားရမ်းနေထိုင်မယ်ဆိုရင် အကြိုက်တွေ့နိုင်
မှာ ဖြစ်ပါတယ်။
ကားလေးစီးရပ်နားနိုင်တဲ့ ကား ဂိုဒေါင်လည်း ပါ၀င်သလို တိရစ္ဆာန်ချစ်သူတွေ အတွက် ခွေးလှောင်
အိမ်လည်း အဆင်သင့် ပါ၀င်ပြီးသားမို့ မိမိစိတ်ကြိုက် အိမ်မွေးတိရစ္ဆာန် ကို လွတ်လွတ်လပ်လပ်
မွေးနိုင်မှာပါ။
ဒီအိမ်လေးတည်ရှိရာ နေရာကလည်း အချက် အချာကျတဲ့ နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်
တဲ့ ကိုးမိုင်ရပ်ကွက်မှာ ဖြစ်လို့ မြို့ထဲပဲလာလာ လေဆိပ်ပဲသွားသွား အလွယ်တကူ သွားနိုင်မှာ
ဖြစ်ပါတယ်။
ခြံလည်းကျယ် အိမ်လည်းကျယ်ပြီး အခန်း တွေအများကြီးပါတဲ့ ဒီအိမ်ကို သီးသန့် ရုံးခန်း လေး
ပြုလုပ်ချင်တယ်ဆိုလည်း သင့်တော်မယ်လို့ ထင်ပါတယ်။ ဒီအိမ်လေးကို ငှားမယ်ဆိုတာနဲ့ ၀ိုင်ဖိုင်
လိုင်းနဲ့ လေအေးပေးစက် ၁၂ လုံး စတဲ့ ၀န်ဆောင်မှုတွေလည်း ပါဦးမှာပါ။
အနီးပတ်ဝန်းကျင်မှာ ကိုးမိုင် အိုးရှင်းဈေးဝယ်စင်တာ လည်းရှိတာမို့ ဈေးဝယ်ထွက်ဖို့ ကိုလည်း
ခေါင်းစားနေစရာမလိုလောက်ပါဘူး။ အဲဒါကြောင့် မစိုးရိမ်လမ်း ခြံဝင်းကျယ်ထဲက အဖြူရောင်
လုံးချင်းအိမ်လေးဟာ အေးအေး လူလူနေချင်သူတွေအတွက် နှစ်ခါစဉ်းစားစရာ မလိုတဲ့ အိမ်
လို့ယူဆမိပါတယ်။
















