မရမ်းကုန်းမြို့နယ်ပါရမီလမ်းမပေါ်တွင် တည်ရှိပြီး အင်လျားကန်ကိုမျက်နှာမူတည်ဆောက်လျက်
သည့် Royal Maylikha Luxury condominium တိုက်ခန်းများကို ဧပြီလ ၅ ရက်နေ့က စတင်
မိတ်ဆက်ရောင်းချရာ ထိုနေ့တွင်ပင် ၃၀ ရာခိုင်နှုန်းရောင်းချခဲ့ကြောင်း အဆိုပါကွန်ဒိုကို တာဝန်
ယူတည်ဆောက်သည့် Sustain ကုမ္ပဏီ၏ အရောင်းမန်နေဂျာချုပ် ဒေါ်မေသင်းကြူက
ပြောသည်။
"တိုက်ခန်းကို မပြီးခင်ကတည်းက ကြိုတင်ရောင်းချထားတာလည်းရှိတော့ အခုရောင်းချ တာနဲ့
ပေါင်းလိုက်ရင် တိုက်ခန်းအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ရောင်းချပြီးပါပြီ။ တိုက်ခန်း တွေမှာ
ကြယ်ငါးပွင့်အဆင့်ဝန်ဆောင်မှုတွေလည်းပါ၀င်တယ်" ဟု ၎င်းကပြောသည်။
အဆိုပါကွန်ဒိုမီနီယံကို ၂၀၁၂ ဒီဇင်ဘာလ တွင် စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး စုစုပေါင်း အခန်း
၅၇ ခန်းပါ၀င်ကာ ၂၀၁၃ နှစ်ဆန်းပိုင်း တွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်မေသင်းကြူ
ကပြောသည်။
စုစုပေါင်း အထပ်ရှစ်ထပ်ပါ၀င်သည့် ထိုကွန်ဒို မီနီယံတွင် အရည်အသွေး ပိုမိုကောင်းမွန်စေရန်
ရည်ရွယ်ကာ တိုက်ခန်းများကို အရေအတွက်ကန့်သတ် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း
၎င်းကပြောသည်။
ပထမထပ်မှ ငါးထပ်အတွင်းရှိအခန်းများမှာ စတုရန်းပေ ၂,၅၀၀ မှ ၂,၈၀၀ အထိ ကျယ် ၀န်းကာ
ပုံစံခြောက်မျိုးဆောက်လုပ်ထားပြီး ခြောက်ထပ်မြောက်နှင့် ခုနစ်ထပ်မြောက် အခန်းများကို ပုံစံ
ကိုးမျိုး ဆောက်လုပ်ထား ကာ ရှစ်ထပ်မြောက်တွင် ဇိမ်ခံတိုက်ခန်း အမျိုး အစားတိုက်ခန်းကျယ်
((penthouse) သုံးခန်း ပါ၀င်မည် ဖြစ်ကြောင်း ဒေါ်မေသင်းကြူက ပြောသည်။
"အခန်းတန်ဖိုးကတော့ ကျပ်သိန်း ငါးထောင့် ငါးရာကနေ ခုနစ်ထောင့်ငါးရာဝန်းကျင်အထိ
ရှိပါတယ်။ အကျယ်အဝန်းကတော့ စတုရန်း ပေ ၂,၅၀၀ ကနေ ၃,၂၀၀ အထိရှိတယ်" ဟု
ဘဏ္ဍာရေးစီမံမန်နေဂျာ ဦးသိန်းအောင်တန်က ပြောသည်။ အဆိုပါ ကွန်ဒိုမီနီယံတွင် ရေကူးကန်၊
အားကစားစင်တာ၊ ကော်ဖီဆိုင်များပါ၀င်ကာ လုံခြံုရေးဝန်ဆောင်မှုလည်းပါ၀င်ပြီး ကား ရ၂ စီးရပ်နားနိုင်သည့်ကားပါကင်နှင့်အခြားဝန်ဆောင်မှုများပါရှိမည် ဖြစ်သည်။
"ဒီ ကွန်ဒိုမီနီယံကို ရစ်ချ်တာစကေး ၈ ဒသမ ၅ ရှိတဲ့ ငလျင်ဒဏ်ကိုခံနိုင်ရည်ရှိတဲ့စနစ်
ထည့် သွင်းပြီး တည်ဆောက်ထားပါတယ်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလလောက်မှာ ပြီးစီးနိုင်အောင်
ရည်ရွယ်ထားပြီး ဒီအတိုင်းပြီးအောင် တည်ဆောက်သွားမှာပါ။ ၂၀၁၅ အစောပိုင်း မှာ အခန်းပိုင်
ဆိုင်မှုပေးနိုင်မှာဖြစ်ပါတယ်" ဟု ဒေါ်မေသင်းကြူကပြောသည်။
















