အရောင်းအဝယ်အေးနေသည့်အိမ်ခြံမြေဈေးကွက် သင်္ကြန်အပြီး မေလဆန်းတွင် ပြန်ကောင်းလာနိုင်

အရောင်းအဝယ်အေးနေသည့်အိမ်ခြံမြေဈေးကွက် သင်္ကြန်အပြီး မေလဆန်းတွင် ပြန်ကောင်းလာနိုင်

ဧပြီလအတွင်း အရောင်းအဝယ်အေးလျက် ရှိသော ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက် သည်
မေလဆန်းခန့်တွင် အရောင်းရော အငှား ဈေးကွက်ပါ ပြန်လည်လှုပ်ရှားလာဖွယ်ရှိကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက ခန့်မှန်းသည်။ "သင်္ကြန်နီးလာတာနဲ့အမျှ အရောင်းအဝယ်
ရော အငှားဈေးကွက်ပါ အရင်ကလောက်မဖြစ် တော့ပဲ အေးသွားတယ်" ဟု ဧဒင် အိမ်ခြံမြေ
၀န်ဆောင်မှုကုမ္ပဏီမှ မငြိမ်းပြည့်စုံက ပြော သည်။

"လွန်ခဲ့တဲ့လပိုင်းတုန်းကတော့ အငှားတွေ အရမ်းသွက်ခဲ့တယ်။ အဲဒါက လူတွေကသင်္ကြန် ကို
အာရုံထားနေကြတာလည်း ပါမယ်ထင်ပါ တယ်။ အပြောင်းအရွှေ့တွေကို မတ်လမှာကြိုပြီး
လုပ်ကြတာများတယ်။ သင်္ကြန်ပြီးမှ ပြောင်းဖို့ မှန်းထားတဲ့လူတွေလည်း ရှိတယ်။ နောက်ပြီး
အများစုက မဏ္ဍပ်ဘက်ကို အာရုံရောက်နေလို့ အိမ် ခြံမြေဘက်မှာ စိတ်ဝင်စားမှုလျော့သွား
တာလည်းပါမယ်" ဟု ၎င်းက ပြောသည်။

အိမ်ရာ ပြောင်းရွှေ့လိုသူအများစုမှာ ပွင့်လင်းရာသီတွင်သာ ပြောင်းရွှေ့လေ့ရှိကြ သည့်အတွက်
သင်္ကြန်ကာလအပြီးနှင့် မိုးရာသီ မရောက်ခင်စပ်ကြား မေလပိုင်းတွင် ပြောင်းရွှေ့ မှုများခြင်းကြောင့်
ထိုလအတွင်း အငှား ဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း လုပ်ငန်းရှင်များကပြောသည်။

"ငါးလပိုင်းကျရင် အငှားရော အရောင်း ရော ပြန်ကောင်းလာနိုင်မယ်လို့ မှန်းတယ်။ အငှားဈေးကွက်
ကတော့ ပိုသွက်နိုင်တာပေါ့။ အရောင်းကျတော့ ပုံမှန်အတိုင်းပဲ ဆက်သွား နေဦးမယ်ထင်ပါတယ်"
ဟု မငြိမ်းပြည့်စုံက ပြောသည်။

တိုက်ခန်းအရောင်းအဝယ်မှာ သိသာစွာ ပြန် လည်ကောင်းမွန်လာနိုင်ပြီး အထူးသဖြင့် အလုံ
မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်နှင့် ကမာရွတ်မြို့နယ်များမှ လူနေတိုက်ခန်းများ မှာ
စိတ်ဝင်စားသူများကာ ၀ယ်လိုအားများ လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များ က ပြော
သည်။

အောင်သမာဓိ အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီမှ မသဇင်က လက်ရှိအချိန်ထိ အငှား ဈေးကွက်မှာ
ပုံမှန်လည်ပတ်လျက်ရှိနေပြီး အရောင်းအဝယ်မှာ သိသာစွာအေးနေကြောင်း ပြောသည်။

"သင်္ကြန်ကတော့ နှစ်တိုင်းအရောင်းအဝယ်ပါးတဲ့ အချိန်ပါ။ ဒီနှစ်တော့ အခုအချိန်အထိ အငှား
ကပုံမှန်ရှိနေသေးပြီး အရောင်းအဝယ်ကတော့ တော်တော်အေး နေတယ်" ဟု ၎င်းက ပြောသည်။

ဗိုလ်တထောင်မြို့နယ်အခြေစိုက် လဝန်းသစ်အိမ်ခြံမြေအကျိုးဆောင်မှ မန်နေဂျာ ကိုသက်မောင်
ကလည်း အိမ်ခြံမြေဈေးကွက်မှာ မေ လဆန်းခန့်တွင် ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း
ခန့်မှန်းသည်။

"ငါးလပိုင်း လဆန်းလောက်ကျရင် တော် တော်ကောင်းလာမယ်လို့ ထင်တယ်။ အထူး သဖြင့်
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ သာကေတ မြို့နယ်တွေမှာ ဈေးကွက်
ပြန်ကောင်းလာဖို့ရှိတယ်" ဟု ၎င်းက ပြောသည်။

"အခုကတော့ သင်္ကြန်ကာလလည်းနီးလာ တော့ အရောင်းအဝယ်က နည်းနည်းအေးတာ ပေါ့။
အငှားကတော့ သူ့ဟာနဲ့သူရှိတယ်။ ဒါပေမဲ့ ဈေးသိပ်မြင့်တာတွေကျလည်း အငှား မဖြစ်ပြန်ဘူး"
ဟု ကိုသက်မောင်ကပြောသည်။ အနည်းဆုံး ကျပ် ၂၀၀,၀၀၀ နှင့် ၃၀၀,၀၀၀ ၀န်းကျင်မှ အများ
ဆုံး ကျပ် ၁၀ သိန်း၊ ၁၅ သိန်းဝန်းကျင်ရှိ အခန်းများကိုသာ ငှားရမ်း လျက်ရှိကြပြီး နှစ်ဆန်းပိုင်း
အထိ အငှား ဈေးကွက်သွက်နေခဲ့သော်လည်း နောက်ပိုင်း တွင်မူ အငှားဈေးတက်ခြင်းကို
အိမ်ရှင်နှင့် အိမ်ငှား ညှိနှိုင်းဖြေရှင်းမှုများ များပြားလာသည့်အတွက် ပုံမှန် လည်ပတ်နေသည့်
အနေအထားသို့ ပြန်လည်ရောက်ရှိလာကြောင်း လုပ်ငန်း ရှင်များကပြောသည်။

"အရင်က အငှားဈေးတွေတက်ကုန်တော့ လူတွေက တတ်နိုင်တဲ့ဈေးကိုလိုက်ရှာပြောင်းရင်းနဲ့
အငှားတွေလည်း အရမ်းသွက်ခဲ့တယ်။ အခုနောက်ပိုင်းကျ နေထိုင်တဲ့ သူတွေက လိုက်မပြောင်း
တော့ဘဲနဲ့ တက်တဲ့ဈေးနှုန်းနဲ့ ပေးနိုင် တဲ့ဈေးနှုန်းကို အိမ်ရှင်အိမ်ငှားပဲ ညှိနှိုင်းဖြေရှင်း လာကြတာ
တွေ့ရတယ်" ဟု ကိုသက်မောင်က ပြောသည်။

ကွန်ဒိုတိုက်ခန်းနှင့် လုံးချင်းအိမ်များထက် တိုက်ခန်းများမှာ အရောင်းအဝယ်ရော အငှားဘက်
တွင်ပါ ပိုမိုစိတ်ဝင်စားမှု များလာကြကြောင်း လုပ်ငန်းရှင်များကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်