ဘူတန်ကို ခေတ်မီနိုင်ငံအဖြစ် တွန်းတင်ပေးတဲ့ မိုဘိုင်းဖုန်း

ဘူတန်ကို ခေတ်မီနိုင်ငံအဖြစ် တွန်းတင်ပေးတဲ့ မိုဘိုင်းဖုန်း

ဘူတန်ရဲ့ တိတ်ဆိတ်အေးချမ်းလှတဲ့ မြို့တော် က ရုံးခန်းထဲမှာထိုင်ရင်း သတင်းစာအယ်ဒီတာ
Tenzing Lamsang ဟာ 'နောက်ဆုံးရှန်ဂရီလာ' လို့ခေါ်ကြတဲ့ ဟိမဝန္တာတောင်တန်းအရှေ့ဘက်
အစွန်းဆုံးမှာရှိတဲ့ နိုင်ငံလေးအပေါ် ဆဲလ်ဖုန်း နည်းပညာရဲ့ သိသာထင်ရှားတဲ့ သက်ရောက်မှု ကို
သူ့ဘာသာသူ တွေးတောကောက်ချက်ချနေ ပါတယ်။

"ဘူတန်နိုင်ငံဟာ စက်မှုခေတ်ကို ကျော်လွှား ပြီး ပဒေသရာဇ်စနစ်ကနေ မော်ဒန်ခေတ်ကို ခုန်ကူး
သွားပါတယ်" လို့ နှစ်ပတ်တစ်ကြိမ်ထုတ် ဘူတန်ဂျာနယ်နဲ့ အွန်လိုင်းဂျာနယ် အယ်ဒီတာ
လမ်ဆန်းက ပြောပါတယ်။

ရုပ်မြင်သံကြားစတင်အသုံးပြုရာမှာ ကမ္ဘာပေါ် မှာ နောက်ဆုံးနိုင်ငံဖြစ်ပြီး 'နိုင်ငံရဲ့စုစုပေါင်း
ပျော်ရွှင်နိုင်မှု'ပေတံနဲ့ နိုင်ငံရဲ့ ဆောင်ရွက် နိုင်စွမ်းကို တိုင်းတာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘူတန်
နိုင်ငံဟာ မိုဘိုင်းနည်းပညာကို အသုံးမပြု ဘဲရှောင်ကြလိမ့်မယ့်လို့ ထင်ကြမှာပါ။အဝါရောင်
သင်္ကန်းဝတ်နဲ့ သံဃာတော်တွေ ကို မြို့တော်သင်းမ်ပူးက လမ်းတွေပေါ်မှာ သာမန်မြင်
ကွင်းအဖြစ် မြင်နေရဆဲဖြစ်ပေမယ့် အခုတော့ သံဃာတော်တွေဟာ လမ်းမှာ သူတို့ကို
မတိုက်မိရအောင် ဆဲလ်ဖုန်းစကရင် ကိုကြည့်ရင်း လမ်းလျှောက်လာတဲ့သူတွေကို ရှောင်တိမ်း
ပေးနေရပါတယ်။

ဘူတန်နိုင်ငံမှာ အဓိက ကျေးလက်နေလူဦးရေ ရ၅၀ယဝဝ၀ ရှိပေမယ့် နိုင်ငံရဲ့ ဆယ်လူလာ
ကွန်ရက် နှစ်ခုမှာ အသုံးပြုသူ ၅၅၀ယဝဝ၀ ရှိပါ တယ်။ ပြီးတော့ ၂၀၁၂ ခုနှစ်က ထုတ်ပြန်ချက်
တစ်ရပ်မှာ ဘူတန်နိုင်ငံရဲ့ မိုဘိုင်းအင်တာနက် ကွန်ရက်အသုံးပြုသူဦးရေဟာ ၁၂၀,၀၀၀ ကျော်
ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြားမှာရှိပြီး လူဦးရေနည်းပါးလှတဲ့ 'နဂါးမြေ' ဘူတန်နိုင်ငံ မှာ
ရုပ်မြင်သံကြားကို ၁၉၉၉ ခုနှစ်က စတင် ဖမ်းယူရရှိကြည့်ရှုနိုင်ခဲ့ကြပါတယ်။ အဲဒီအချိန် မှာ
နိုင်ငံမှာရှိတဲ့ အိမ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံ အောက်လောက်ပဲ လျှပ်စစ်မီးရရှိကြပါတယ်။ နောက်
၁၅ နှစ်လောက်အကြာမှာ ရေအား လျှပ်စစ်လုပ်ငန်းကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာ
တာကြောင့် အခုအချိန်မှာတော့ အိမ်တိုင်းလိုလိုနီးပါး လျှပ်စစ်ဓာတ်အားကို ချိတ်ဆက်အသုံးပြု
နေနိုင်ကြပါပြီ။

ဘုရင်စနစ်ရဲ့ အကြွင်းမဲ့အာဏာကို ပေးအပ် လိုက်ပြီး ၂၀၀၈ ခုနှစ်မှာ ဒီမိုကရေစီ ရွေးကောက် ပွဲ
ကို ကျင်းပခွင့်ပေးခဲ့တဲ့ နိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုနဲ့အတူ ဘူတန်နိုင်ငံသားတွေရဲ့ ဘဝနေထိုင်မှု
ပုံစံ ပြောင်းလဲလာမှုလည်း တစ်ပြိုင် တည်း ဖြစ်ပေါ်လာပါတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲကို
ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့ပြီး ဩဇာတိက္ကမပြည့်စုံတဲ့ အစိုးရဝန်ထမ်းဟောင်း ရှာရင်းတော့ဘ်ဂေး
(Tshering Tobgay) ဟာ ဘူတန်နိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

နည်းပညာဟာ တိုးတက်ကောင်းမွန်ခြင်း အတွက် အားတစ်ရပ်ဖြစ်ပြီး အသုံးမချသင့်တဲ့ အရာမျိုး
မဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ သူ့ရဲ့ အမြင်ကို အေအက်ဖ်ပီနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့
အင်တာဗျူးတစ်ခုမှာ တော့ဘ်ဂေး က ဖော်ပြခဲ့ပါတယ်။

"နည်းပညာက ပျက်စီးစေတဲ့အရာ မဟုတ် ပါဘူး။ ဘူတန်နိုင်ငံရဲ့ ချမ်းသာဝပြောရေး အတွက်
ဖြည့်ဆည်းပေးနိုင်ပြီး ကောင်းတဲ့အရာတစ်ခုပါ" လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ "ဆယ်လူလာ
ဖုန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတည်းက လက်တွေ့အသုံးကျတဲ့ အရာတစ်ခု ဖြစ်လာ
ခဲ့ပါတယ်။ ဒါကို ကျွန်တော် တို့ ကောင်းကောင်း အသုံးချသင့်ပါတယ်။ လူတိုင်းနီးပါး ဆယ်လူလာ
ဖုန်းရှိရင် အဲဒါဟာ တကယ့်ဘဝပါပဲ" လို့ သူက ပြောပါတယ်။ ဘူတန်ဝန်ကြီးချုပ်ရဲ့ ကိုယ်ပိုင်ဖေ့စ်
ဘွတ်ခ် စာမျက်နှာမှာ Follower ၂၅,၀၀၀ ကျော်ရှိပါ တယ်။ သူ့စာမျက်နှာမှာ မြန်မာအတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူပြောဆိုခဲ့တာတွေကအစ ရဲသားသစ်တွေကို သင်တန်း
ပေးတဲ့ဟာမျိုးတွေအထိ သတင်း အချက်အလက်တွေ တင်ပေးထားပါတယ်။ လူမှုရေးမီဒီယာတွေ
ဟာ ထွန်းသစ်စ ဒီမိုက ရေစီနိုင်ငံမှာ 'ကောင်းတဲ့ဘက်ကနေ အဓိက' ပါ၀င်နေပြီး လူမှုရေးမီဒီယာ
တွေကြောင့် အစိုးရ အဖွဲ့အစည်းတွေဟာ ဖြစ်ပေါ်နေတဲ့ ပြဿနာအမျိုးမျိုးကို သိရှိစေပါတယ်လို့
လမ်းဆန်းက ပြောပါတယ်။

ဘူတန်နိုင်ငံမှာ လက်ရှိဖေ့စ်ဘွတ်ခ်အသုံး ပြုသူ ၈၀ယဝဝ၀ ရှိပြီး နေ့စဉ်လည်း ဆက်ပြီး တိုးလာ
နေပါတယ်လို့ သူက ရှင်းပြပါတယ်။ အင်တာနက်ကွန်ရက်ရှိတဲ့ အိမ်ထောင်စု တွေ သိပ်မရှိသေး
တဲ့အတွက်လည်း ဘူတန်မှာ ဆိုင်ဘာကဖေးတွေ ပိုပြီးများလာတာကို တွေ့ရပါတယ်။
သင်းမ်ပူးမြို့မှာရှိတဲ့ Norling Cyber World က ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Jigme Tamang
က ဆိုင်မှာ လူအကျဆုံးအချိန်ကတော့ ကျောင်းသား တွေ သူတို့အောင်စားရင်းကို စစ်ဖို့လိုတဲ့
အချိန် နဲ့ သင်တန်းအတွက် အွန်လိုင်းကနေ စာရင်းသွင်းကြတဲ့ အချိန်ပါပဲလို့ ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် စူရတ်ချ်ဘစ်ဝါက တော့ သူ့ရဲ့ စမတ်ဖုန်းဟာ သူ့ဘဝရဲ့ အရေးပါဆုံး
အရာဖြစ်တယ်လို့ ပြောပါတယ်။ "အင်တာနက်ချိတ်ထားတဲ့ ကျွန်တော့်ရဲ့ ဖုန်း မှာ ဖေ့စ်ဘွတ်ခ်
သုံးနိုင်တယ်" လို့ ဘူတန် တောင်ပိုင်း ှောအျန က အထက်တန်းကျောင်း သားတစ်ဦးဖြစ်တဲ့
ဘစ်ဝါက ပြောပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်