အော်ရီဒူးနှင့် ရော့ကက် အင်တာနက် ပူးပေါင်းမည်

အော်ရီဒူးနှင့် ရော့ကက် အင်တာနက် ပူးပေါင်းမည်

အော်ရီဒူးနှင့် ရော့ကက်အင်တာနက်တို့က အာရှတွင် eCommerce နှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်
မှုများကို ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၃ ရက်နေ့တွင် အော်ရီဒူးမြန်မာက သတင်း
ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အော်ရီဒူးနှင့် ရော့ကက်အင်တာ နက်တို့သည် Asia lnternet Holding တွင် အကျိုး
တူစီးပွားဖက်များ ဖြစ်လာမည် ဖြစ် သည်။ ယင်းကုမ္ပဏီသည် ဒေသတွင်း အွန်လိုင်း လုပ်ငန်းများ
ဖန်တီးဆောင်ရွက်မည့် ဖက်စပ် လုပ်ငန်းဖြစ်သည်။

"အခြေခံကျတဲ့ ပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ ဈေးကွက်တစ်လွှားမှာ အထူးသဖြင့် မြန်မာပြည်
မှာဖြစ်နေပြီး လူတွေဟာ သူတို့ မိုဘိုင်းဖုန်းတွေက တစ်ဆင့် ကုန်ပစ္စည်းတွေနဲ ့ ၀န်ဆောင်မှုတွေကို
၀ယ်လာကြလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အာရှဈေးကွက်တွေမှာ ပိုပြီးသိသာတယ်။ ကျွန်တော်
တို့အနေနဲ့ နဃသာ ာနမခန ၀န်ဆောင်မှုတွေကို ပေးတာဟာ လူထု ရဲ့ဘဝတွေကို ကြွယ်ဝစေခြင်း
ဆိုတဲ့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကို ပိုပြီးအထောက်အကူပြု မှာ ဖြစ်ပါတယ်" ဟု အော်ရီဒူး
မြန်မာ၏ အမှု ဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ross Cormack ကပြောသည်။

"ကျွန်တော်တို ့အခုလို ပူးပေါင်းဆောင်ရွက်တာဟာ ဒေသတွင်း Asia Internet Holding ရဲ့
လုပ်ဆောင်မှုတွေကို မြန်ဆန်စေမှာဖြစ်ပြီး၊ ကျွန်တော်တို့လုပ်ငန်းတွေ အောင်မြင်ဖို့ အထောက်
အကူဖြစ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာရဲ့ တခြားနေရာတွေမှာလည်း အောင်မြင်ခဲ့တဲ့
eCommerce သုံးစွဲသူအပေါင်း ဆီကို ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ ယူဆောင်လာနိုင်စေဖို့ဖြစ်
ပါတယ်" ဟု Rock Internetကို ပူးတွဲတည်ထောင်သူ Oliver Samwer ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်