မြန်မာမိုဘိုင်းပြပွဲ ကျင်းပမည်
ခြောက်ကြိမ်မြောက် မြန်မာမိုဘိုင်းပြပွဲကို ရန်ကုန် မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌
Zillion Business Services လီမိတက်က ဦးစီကာ 6th Myanmar Mobile Fair YGN 2014
အမည်ဖြင့် မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။
"Zillion Business Service လီမိတက် အနေနဲ့ Myanmar Mobile Fair ဆိုတဲ့ အမည်နဲ ့
ကျင်းပခဲ့တာဆိုရင် အခုဆိုရင် ခြောက်ကြိမ်ရှိခဲ့ပါပြီ။ အရင်တုန်းက ပွဲတွေ မှာဆိုရင် တစ်နေ့ကို
ခန့်မှန်းခြေလူတစ်သောင်းဝန်းကျင် ကနေ တစ်သောင်းရှစ်ထောင်နီးပါးလောက် အထိ တက်ရောက်
လေ့လာဝယ်ယူခဲ့ကြပါတယ်။ ယခုပွဲကိုလည်း လူဦးရေ ၁၅,၀၀၀ ကျော်ခန့်လောက် နေ့စဉ်တက်
ရောက် လေ့လာဝယ်ယူ သွားဖို့ ခန့်မှန်းထားပါတယ်" ဟု Zillion Business Services လီမီတတ်မှ
ဒါရိုက်တာ ဦးကျော်ကျော်ဇင်က ပြောသည်။
















