
စမတ်ဖုန်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး အက်ပဲလ်နဲ့ဆမ်ဆောင်းအပြင် ဂူးဂဲလ်နဲ့ ဆီလီကွန်ဗယ်လီ မှာ
ရင်ဆိုင်ဖြေရှင်းနေတဲ့ ကြေးကြီးလှတဲ့ တရား ရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျူရီအဖွဲ့ဝင်တွေဟာ ဧပြီ
လ ၂၉ ရက်နေ့မှာ ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားကုမ္ပဏီ အက်ပဲလ်ရဲ့ယဉ်ကျေးမှုပြောင်းလဲလာနေတဲ့ စမတ်ဖုန်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့
အတွက် ထင်ရာစိုင်းတဲ့ ကြိုးပမ်းမှုတစ်ရပ်မှာ ဆမ်ဆောင်းဟာ အိုင်ဖုန်းမူပိုင်ခွင့် နဲ့ပတ်သက်ပြီး
ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခဲ့တယ်လို့ ဒီတရားရုံးမှာပဲ ပြုလုပ်ခဲ့တဲ့၂၀၁၂ ခုနှစ်ကအမှုအပြီး
ဆက်လက်စွဲဆိုတဲ့ တရား စွဲဆိုမှုမှာ အက်ပဲလ်ရှေ့နေတွေက တင်ပြ ထားပါတယ်။
"အက်ပဲလ်ဟာ သူ့ရဲ့ တီထွင်ဖန်တီးမှုအတွက် အလွယ်တကူ အလျှော့မပေးနိုင်ပါဘူး" လို့
အက်ပဲလ်ရှေ့နေ Harold McElhinny က သူ့ရဲ့ လျှောက်ထားချက်မှာ ဂျူရီအဖွဲ့ဝင်တွေကို
ပြောကြားခဲ့ပါတယ်။ "မူပိုင်ခွင့်ချိုဖောက်မှုနဲ့ပတ်သက်တဲ့ လုပ်ရပ် ပေါင်း ၃၇ သန်းလောက်
ကျွန်တော်တို့မှာ ရှိပါ တယ်။ တရားမျှတမှုအတွက် ဂျူရီအဖွဲ့ကိုပဲ ကျွန်တော်တို့ အားကိုးပါ
တယ်"လို့လည်း သူက ပြောပါတယ်။
ဆမ်ဆောင်းဟာ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ စမတ်ဖုန်း ၃၇သန်းနဲ့ တက်ဘလက်တွေကို
အမေရိကန်နိုင်ငံမှာ ရောင်းချခဲ့တယ်လို့ Mc-Elhinny ကပြောပါတယ်။ အက်ပဲလ်ရဲ့ ဥပဒေ
အကျိုးဆောင်အဖွဲ့ဟာ တောင်ကိုရီးယားအီလက်ထရွန်းနစ်ကုမ္ပဏီ ကို အိုင်ဖုန်းပါ အင်္ဂါရပ်
တွေကို အတုခိုးပြီး မူပိုင်ခွင့်ချိုးဖောက်မှုအတွက် လျော်ကြေး ဒေါ်လာနှစ်ဘီလျံကျော်ပေးဖို့
ဂျူရီအဖွဲ့က အမိန့်ချစေချင်နေပါတယ်။ ဥပဒေကြောင်းအရ ဒီလိုအပြင်းအထန် တိုက်ခိုက်
တာဟာ စမတ်ဖုန်းတွေမှာ အသုံးပြု နေကြတဲ့ ဂူးဂဲလ်ရဲ့ အန်းဒရွိုက်ဆော့ဖ်ဝဲနဲ့ ပတ်သက်ပြီး
အက်ပဲလ်က တရားဝင်ကြေညာခဲ့ တဲ့နောက်ပိုင်း ဖြစ်ပေါ်လာခဲ့တာပါလို့ တစ်ချိန် တည်းမှာပဲ
ဆမ်ဆောင်းရဲ့ရှေ့နေတွေက ပြောပါ တယ်။
"ကျွန်တော်တို့က ဂူးဂဲလ်ကို အပြစ်တင်နေ တာတော့ မဟုတ်ပါဘူး" လို့ ဆမ်ဆောင်းရှေ့နေ
ဘီလ်ပရိုက်စ်က အမေရိကန်ခရိုင်တရားရုံး တရားသူကြီး လူစီခိုးရဲ့ တရားခွင်မှာ အပြီးသတ်
ထွက်ဆိုချက်ပေးရာမှာ ပြောကြားခဲ့ပါတယ်။ "ဒီနည်းပညာတွေကို သူတို့ လွတ်လွတ် လပ်လပ်
ထုတ်လုပ်ခဲ့တာ၊ သူတို့ မူပိုင်ခွင့်ချိုးဖောက်တာမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောနေတာပါ။
ဆမ်ဆောင်းက တုပခဲ့တာ မဟုတ်ပါဘူး" လို့ ဆမ်ဆောင်းဘက်က ရှေ့နေ တွေက တရားခွင်မှာ
ပြောကြားခဲ့ပါတယ်။
ပြိုင်ဖက်နှစ်ဦးပါ ပြိုင်ပွဲ
၂၀၀၇ ခုနှစ်မှာ ပထမဦးဆုံးထုတ်လုပ်ခဲ့တဲ့ အိုင်ဖုန်းဟာ စမတ်ဖုန်းဈေးကွက်
ကို လှုပ်ခါ စေခဲ့ပြီး ဆမ်ဆောင်းရဲ့ ဟန်းဆက်တွေနဲ့ အက်ပဲလ်ရဲ့ မက်လောက်စရာ ဟန်းဆက်တွေ
ဈေးကွက်ထဲရောက်လာတဲ့အခါ 'မိုးနဲ့မြေပြင် လို ကွာခြားတယ်'လို့ ဆမ်ဆောင်းက ညည်းတွား
ရတာမျိုး ဖြစ်စေခဲ့ပါတယ်လို့ McElhinny ဂျူရီအဖွဲ့အတွက် သက်သေအထောက်အထားတွေကို
စုစည်းပေးရင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်စမတ်ဖုန်းဈေးကွက်ဟာ အက် ပဲလ်နဲ့ဆမ်ဆောင်းကြား ပြိုင်ကွင်းလို အလျင်အမြန်ဖြစ်
လာခဲ့ပါတယ်လို့ ခြနူ့ငညညပ က ပြောပါတယ်။ အက်ပဲလ်ဆီရောက်သွားနိုင်တဲ့ စမတ်ဖုန်း ရောင်း
အားတွေကို ဆုပ်ကိုင်ထားနိုင်ဖို့ အိုင်ဖုန်း နည်းပညာကို ဆမ်ဆောင်းက အတုခိုးထားတယ်လို့
အက်ပဲလ်ရှေ့နေက ပြောဆိုထားပါ တယ်။
ရုံးတော်မှာ အခုရင်ဆိုင်ဖြေရှင်းနေတဲ့အမှု က မူပိုင်ခွင့်ရှိနည်းပညာကို အိုင်ဖုန်းမှာ အသုံး ပြုမထား
သလို စမတ်ဖုန်းဝယ်လက်တွေဟာ လည်း ဟန်းဆက်တစ်ခုခုကို ၀ယ်တော့မယ်ဆိုရင် ပါ၀င်တဲ့
အခြေခံအချက်အလက်တွေနဲ့ နည်းပညာတွေကို လေ့လာချိန်ဆကြပါတယ် လို့ ဆမ်ဆောင်းဘက်
က ရှေ့နေတွေက ခုခံချေပ ထားပါတယ်။
"အက်ပဲလ်အပေါ်မှာ တစ်ပြားသားဖိုးမှ အကြွေးတင်မထားဘူးလို့ ကျွန်တော်တို့ ယူဆ ပါတယ်"
လို့ ဆမ်ဆောင်းရဲ့ ရှေ့နေ ဂျွန်ကွင်း က ဂျူရီအဖွဲ့ဝင်တွေကို ပြောပါတယ်။ "အက်ပဲလ်က နားလည်
ဖို့လိုအပ်နေတာက တော့ တီထွင်ထုတ်လုပ်သူတွေ အကျပ်ရိုက်နေတဲ့အနေအထားအတွက် အဖြေ
က လူတွေကို တရားစွဲတဲ့ တရားခွင်ထဲမှာ မရှိဘူးဆိုတာပါပဲ" လို့ သူက ပြောပါတယ်။
ဆီလီကွန်ဗယ်လီက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂူးဂဲလ်နဲ့ တိုက်ရိုက်တရားရင်ဆိုင်မှု မဖြစ်ရ အောင်
ရှောင်ရှားဖို့ ဈေးကွက်ဦးဆောင် အန်းဒရွိုက်စမတ်ဖုန်းကုမ္ပဏီကို ရည်ရွယ်တဲ့ 'ကံစွပ်ကံညားစွန့်
ရမယ့်ကိစ္စ'တစ်ရပ်လို့ဒီတရား စွဲဆိုမှုကို ကွင်းက သတ်မှတ်ထားပါတယ်။
ဂျူရီအဖွဲ့ ဆွေးနွေးမှု စတင်
ဧပြီလဆန်းပိုင်းမှာ စတင်ခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်ရှေ့နေတွေက အပြီး သတ်ထွက်
ဆိုချက်ပေးပြီးတဲ့နောက်မှာ ဂျူရီ အဖွဲ့ဝင်တွေဟာ အမှုကို စတင်လေ့လာ ဆွေးနွေးနေကြပါ
တယ်။ အက်ပဲလ်စမတ်ဖုန်းနဲ့တက်ဘလက်တွေမှာ အသုံးပြုတဲ့ဆော့ဖ်ဝဲအတွက် ဖြံုလောက်
တဲ့ ပြိုင်ဘက်တစ်ခုဖြစ်လာတဲ့ အက်ဒရွိုက်နဲ့ပတ်သက်တဲ့ ထိုးနှက်မှုတစ်ရပ်အဖြစ် ဒီအမှုကို
ဆမ်ဆောင်းရှေ့နေတွေက ဖော်ပြခဲ့တဲ့အတွက် သက်သေထွက်ဆိုဖို့ ဆင့်ခေါ်ခံထားရတဲ့
သူတွေထဲမှာ ဂူးဂဲလ်က အင်ဂျင်နီယာတွေ လည်း ပါ၀င်ခဲ့ပါတယ်။
ဆမ်ဆောင်းဟာ ဂူးဂဲလ်ရဲ့ အခမဲ့အန်းဒရွိုက်မိုဘိုင်း အိုအက်စ်ကို အသုံးပြုထားတဲ့ စမတ်ဖုန်းနဲ့
တက်ဘလက်ဈေးကွက်မှာ ကမ္ဘာ့ ဦးဆောင်ကုမ္ပဏီတစ်ခုပါ။ အန်းဒရွိုက်စမတ်ဖုန်းတွေဟာ
ကမ္ဘာ့ဈေးကွက် ကို လွှမ်းမိုးထားပါတယ်။အထူးသဖြင့် အန်း ဒရွိုက်စမတ်ဖုန်းတွေဟာ အိုင်ဖုန်းတွေ
ထက် ဈေးပိုချိုပါတယ်။ ဆမ်ဆောင်းဟာ အိုင်ဖုန်းနဲ့အိုင်ပက်ဒ်ပါ နည်းပညာတွေကို တရားမဝင်
တုပအသုံးပြုတဲ့ အတွက် အက်ပဲလ်ကို လျော်ကြေး ဒေါ်လာ ၁ ဒသမ ၀၄၉ ဘီလျံ ပေးသင့်တယ်
လို့ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လမှာ တခြားဂျူရီအဖွဲ့တစ်ဖွဲ့က ဒီတရားရုံးမှာပဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။
ဒီအမှုကတော့ ဆယ်စုနှစ်တွေအတွင်း အကြီးဆုံး မူပိုင်ခွင့် ချိုးဖောက်မှုတွေထဲက တစ်ခုပါ။
ဒီလျော်ကြေးကို နောက်ပိုင်းမှာ ဒေါ်လာ ၉၂၉ သန်းအထိ လျှော့ချပေးခဲ့ပြီး ဆမ်ဆောင်း ကလည်း
ဒီလျော်ကြေးအတွက် အယူခံဝင် ထားပါတယ်။ ဂလက်ဆီအက်စ် ၃ စမတ်ဖုန်းလို ဈေးကွက် ထဲ
လူကြိုက်များတဲ့ ဆမ်ဆောင်းပစ္စည်းတွေ လည်း ပါ၀င်ပတ်သက်နေတဲ့အတွက် တကယ် လို့
ဒီအမှုသာ အက်ပဲလ်ရဲ့ သဘောအတိုင်းဖြစ်လာခဲ့မယ်ဆိုရင် အက်ပဲလ်ဟာ လျော်ကြေးတွေ
ပိုပြီးတော့တောင် ရလာနိုင်ပါတယ်။
ဆမ်ဆောင်းဟာ အများနဲ့ယှဉ်ပြိုင်နိုင်ဖို့ ပညာသားပါပါ ဆောင်ရွက်တဲ့အဆင့်ထက်ကျော်လွန်ပြီး
နည်းပညာကို တမင်တကာတုပ ခိုးချတယ်လို့ အက်ပဲလ်ရဲ့ရှေ့နေတွေက ဆမ်ဆောင်းကို စွပ်စွဲ
ထားပါတယ်။ ဒီအမှုရဲ့ မူပိုင်ခွင့်တွေထဲမှာ လက်နဲ့ပွတ် ဆွဲပြီး တပ်ချ်စကရင် လော့ခ်ဖြေတဲ့စနစ်၊
ရေးထားတဲ့ စာတွေကို အလိုအလျောက်စစ်ပေး တဲ့စနစ်၊ သုံးစွဲသူတွေက ရှာဖွေတဲ့ အချက်
အလက်တွေကိုထုတ်ပေးတဲ့စနစ်နဲ့ ဖုန်းနံပါတ်ဝင်လာပြီးတဲ့နောက်မှာ ပြန်ခေါ်လို့ရစေတဲ့ နည်းပညာ
လို ဒေတာတွေကို ပြန်ရှာပေးတဲ့ လုပ်ဆောင်ချက်တွေ ပါ၀င်ပါတယ်။ အက်ပဲလ်က တရားစွဲဖို့
ရည်မှန်းထားတဲ့ ဆမ်ဆောင်းပစ္စည်းတွေမှာ ဂလက်ဆီ ၂ တက် ဘလက်အပါအဝင် ဂလက်ဆီ
အမျိုးအစားထဲ က စမတ်ဖုန်း ခြောက်မျိုးကျော် ပါ၀င်ပါတယ်။ ဆမ်ဆောင်းရဲ့ အခိုင်အမာပြော
ကြားချက် ဖြစ်တဲ့ အက်ပဲလ်ဟာ ဒစ်ဂျစ်တယ်ဗီဒီယိုတစ်ဆင့်ပေးပို့ခြင်းနဲ့ ဒစ်ဂျစ်တယ်ရုပ်ပုံတွေ
သိမ်းဆည်းခြင်းစတာတွေနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ချိုးဖောက်ထားပါတယ်ဆိုတဲ့အချက်ကိုလည်း
ဂျူရီအဖွဲ့ဝင်တွေက ထည့်သွင်းစဉ်းစားကြမယ်လို့ သိရပါတယ်။
(အေအက်ဖ်ပီ)

















