ရန်ကုန်အွန်လိုင်းစတိုးလုပ်ငန်း ပိုမိုတွင်ကျယ်လာရန် မျှော်မှန်း

ရန်ကုန်အွန်လိုင်းစတိုးလုပ်ငန်း ပိုမိုတွင်ကျယ်လာရန် မျှော်မှန်း

နိုင်ငံတကာအွန်လိုင်း ဈေးဝယ်ဝက်ဘ်ဆိုက်များ မှ ပစ္စည်းများအား မှာယူပေးသည့် ရန်ကုန်
အွန်လိုင်းစတိုး၏ လုပ်ငန်းများအား ယခုထက်ပိုမိုတွင်ကျယ်လာရန် မျှော်လင့်ထားသော်လည်း
အင်တာနက်ဆက်သွယ်မှု ကောင်းမွန်ရေးမှာ အရေးကြီးကြောင်း ရန်ကုန်အွန်လိုင်းစတိုးမှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ရန်ကုန်အွန်လိုင်းစတိုးကို စတင်တဲ့အချိန်က လူသိပ်မသိသေးဘူး။ အသိ မိတ်ဆွေ
တွေကလုပ်ငန်းအတွက် မှာယူရာတာ နေစပြီး ၂၀၁၁ အင်တာနက်ကို တွင်တွင် ကျယ်ကျယ်
အသုံးပြုချိန်မှာ ရန်ကုန်အွန်လိုင်း စတိုးကို လူအများသိလာပြီး လုပ်ငန်းသုံးပစ္စည်း များကို
မှာယူလာကြပါတယ်။ ခန့်မှန်းရရင် နောင်ဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့ အင်တာနက် ကွန်နက်ရှင်
ကြောင့် ဒီထက်မက ပိုပြီးလုပ်ငန်း တွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာနိုင် မယ်လို့ မျှော်
လင်ပါတယ်" ဟု Customer Service Manager ဖြစ်သူ ဦးပြည့်ဖြိုးက ပြောသည်။

လက်ရှိ၌ ရန်ကုန်အွန်လိုင်းစတိုးမှတစ်ဆင့် လုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းမျိုးစုံ၊ အီလက်
ထရွန်းနစ်၊ အိုင်တီ၊ အလှကုန်၊ ဖက်ရှင် ပစ္စည်းမျိုးစုံအပါအဝင်၊ အားကစားပစ္စည်းများ နှင့်
လူသုံးကုန်ပစ္စည်းများကို ကမ္ဘာနိုင်ငံအစုံမှ မြန်မာပြည်အရောက်ဝန်ဆောင်မှုပေးခြင်းအပြင်
အီးဘွတ်ခ် (ebook) များ ၀ယ်ယူခြင်း၊ ပညာရေးဆိုင်ရာ ငွေပေးချေမှုများ အပါအဝင် အမျိုးမျိုး
aသာ အွန်လိုင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိသည်။

"မှာလိုသူရဲ့ ပစ္စည်းအရွယ်အစား၊ အလေးချိန်၊ မှာလိုသည့်နိုင်ငံအပေါ်မူတည်ပြီး မြန်မာပြည်
အရောက်ဈေးတွက်ပေးပါတယ်။ ပစ္စည်းမှာယူလိုသူတွေအနေနဲ့ မှာလိုတဲ့ ပစ္စည်းမြန်မာပြည်
အရောက်တန်ဖိုးရဲ့ တစ်ဝက်ကို ပေးချေထားရမှာ ဖြစ်ပါတယ်။ ပစ္စည်းလက်ခံရယူချိန်မှာ
ကျန်တစ်ဝက်ကို ပေးချေရမှာဖြစ်ပါတယ်။ ငွေကို လာ ရောက်ပေးချေနိုင်သလို၊ ဘဏ်သို့
ငွေလွှဲခြင်း ဖြင့်လည်း ပေးချေနိုင်ပါတယ်" ဟု ဦးပြည့်ဖြိုး က ပြောသည်။

"ရန်ကုန်အွန်လိုင်းကနေမှာပြီး တစ်ဆင့် ပြန်ရောင်းနေတဲ့ သူတွေအပြင် အခြားမြို့များ မှ သူတွေ
အနေနဲ့ အီးမေးလ်၊ ဖုန်း၊ bank transfer တို့ဖြင့် အဆင်ပြေပြေမှာယူနိုင်တဲ့အတွက် သီးခြား
ဆိုင်ခွဲဖွင့်ဖို ့မရှိသေးပါဘူး" ဟု ဦးပြည့်ဖြိုးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်