မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင်ရရှိထားသော အော်ရီဒူးကုမ္ပဏီ
သည် အခြားမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီအသစ်တစ်ခု၏ မိုဘိုင်းကွန်ရက်နှင့် အပြန်အလှန်
အောင်မြင်စွာချိတ်ဆက်လိုက်နိုင်ပြီဖြစ် ကြောင်း မေလ ရ ရက်နေ့တွင် အော်ရီဒူးက သတင်း
ထုတ်ပြန်လိုက်သည်။
"ကျွန်တော်တို့ လုပ်ငန်းမှာဆိုရင်သုံးစွဲသူ ပြည်သူလူထုရွေးချယ်နိုင်ဖို့၊ လုံးလုံးလျားလျား ချိတ်
ဆက်နိုင်ဖို့စတာတွေအတွက် မိုဘိုင်း ဆက်သွယ်ရေးကုမ္ပဏီများ အချင်းချင်း ပူးပေါင်း ဆောင်
ရွက်နိုင်ကြဖို့ အရေးကြီးလှပါတယ်။ မကြာတော့မယ့်အချိန်အတွင်းမှာ အခုလက်ရှိ မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်းရဲ့ ကွန်ရက်နဲ့ ချိတ်ဆက်မှုတွေ တိုးတက်လာတော့မယ်လို့ လည်း မျှော်လင့်ပါ
တယ်" ဟု အော်ရီဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ်Mr. Ross Cormackက ပြောသည်။
တယ်လီဖုန်းဆက်သွယ်ရေးစနစ်ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အော်ရီဒူးနှင့် တယ်လီနော
ကုမ္ပဏီများအား ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင်များကို ဖေဖော်ဝါရီလ မှ စတင်ကာ အစိုးရ
က ခွင့်ပြုပေးခဲ့ပြီးနောက် အဆိုပါကုမ္ပဏီများသည် မိုဘိုင်းဖုန်းဆင်းကတ်များအား လာမည့်လ
များအတွင်း စတင် ရောင်းချနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးသည် မိုဘိုင်းဖုန်း ကွန်ရက်များ စတင်တည်ဆောက်နေပြီဖြစ်ကာ
ကွန်ရက်စမ်းသပ်အသုံးပြုမှုများကိုလည်း ပြီးခဲ့ သည့်လများက အောင်မြင်စွာဆောင်ရွက်ခဲ့ကြ
ပြီး ဖြစ်သည်။
အော်ရီဒူးမြန်မာ၏ မြန်မာပြည်အချက် အလက်ဆိုင်ရာဗဟိုနှင့် ရုံးချုပ်တည်ရှိရာ MICT Park
အနီးပတ်ဝန်းကျင်တွင် ပထမဦးဆုံး ကွန်ရက်ချိတ်ဆက်ခြင်းကို နည်းပညာအားဖြင့် အောင်
အောင်မြင်မြင်မိတ်ဆက်ခဲ့ကြောင်း မတ်လ ၃ ရက်နေ့တွင် အော်ရီဒူးမြန်မာက သတင်းထုတ်ပြန်
ခဲ့ပြီး ဖြစ်သည်။
















