တယ်လီနောဆင်းကတ်များ စတင်ရောင်းချချိန် ၌ တာဝါတိုင်အရေအတွက် ၁,၀၀၀ အတွင်း
ထားရှိသွားမည်ဖြစ်ပြီး နောက်ပိုင်း တစ်လလျှင် တာဝါတိုင် ၃၀၀ မှ ၄၀၀ အထိတည်ဆောက်
သွားနိုင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg
က ၁၂ ရက်နေ့က ကျင်းပသည့် တတိယမြောက် နြအ ဩညိပေ အခမ်းအနားတွင်ပြောသည်။
"တာဝါတိုင်တွေဆောက်တဲ့အခါမှာ အဓိက စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ အခုတာဝါ တိုင်
တွေဆောက်ဖို့ မြေနေရာရယူမှုကတော့ တဖြည်းဖြည်းနဲ ့လွယ်ကူလာပါပြီ။ ကျွန်တော်တို့ တိုင်း
ရုံးနေမှတစ်ဆင့်မြေနေရာရရှိဖို့တော့ ကြိုးပမ်းနေပါပြီ။ အခုလိုလွယ်ကူလာတဲ့ အတွက်ကြောင့်
စတင်ရောင်းချတဲ့အချိန်မှာ တာဝါတိုင် ၈၀၀ ကနေ ၁,၀၀၀ ကြားထားရှိသွားမှာဖြစ်ပြီး နောက်ပိုင်း
တစ်လကို တာဝါတိုင်အရေအတွက် ၃၀၀ မှ ၄၀၀ အထိတည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။
တာဝါတိုင်များတည်ဆောက်ရန် မြေငှားရမ်း သုံးစွဲရာတွင်လည်း မြေပိုင်ရှင်နှင့် အပြန်အလှန်
သဘောတူညီချက်ရမှသာလျှင် မြေငှားရမ်းမှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။
"တာဝါတိုင်တွေဆောက်ဖို့ မြေပိုင်ရှင်တွေ ကိုဆက်သွယ်တဲ့အခါမှာ အဆင့်ဆင့်ရှိတယ်။ ဒီမြေရဲ့
သမိုင်းကြောင်း၊ ဒီမြေကို ဘယ်သူပိုင်တာ လဲ အထောက်အထားတွေ အကုန်လုံးအဆင့်ဆင့်
စစ်ဆေးပြီးတော့မှ ငှားတာပါ။ နောက်ဆုံးမြေငှား တဲ့နေရာမှာ အရေးအကြီးဆုံးက မြေပိုင်ရှင်ပါ။
ပေးတဲ့ငှားရမ်းခကို သူတို့ဘက်က လက်ခံလား။ ကျွန်တော်တို့တွေ တာဝါတိုင်တွေကို နေရာ
အများအပြားမှာဆောက်လို့ရအတွက်ကြောင့် ဒီမြေကိုငှားဖို ့အတင်းကြီးမပြောပါဘူး။ မြေငှား
တွေဘက်က သဘောတူမှသာ လုပ်ငန်းလုပ်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
"တာဝါတိုင်တွေဆောက်ဖို့လည်း မြေနေရာတွေအများကြီးမလိုဘူး။ တချို့တစ်စိတ်တစ်ပိုင်း လေးပဲ
လိုတာပါ။သူတို့နစ်နာသွားမယ့် ဥပမာ လယ်ကွင်းကြီး တစ်ခုလုံး ယူလိုက်တာတို့ မလုပ် ပါဘူး။
တစ်စိတ်တစ်ပိုင်းလေးပဲယူပြီး တာဝါတိုင် တွေကိုဆောက်မှာပါ" ဟု Mr. Petter Furberg က
ပြောသည်။
တယ်လီနောမြန်မာသည် 2G နက်ဝပ်ခ်ကို အသုံးနိုင်ရုံသာမက 3G နက်ဝပ်ခ်ကိုပါ အသုံးပြု
နိုင်ရန်စီစဉ်သွားမည်ဖြစ်သည်။ ၂ွ နက်ဝပ်ခ် အသုံးပြုရာတွင် လူဦးရေမည်မျှအသုံးပြုသည်
ဖြစ်စေ coverage လျှော့သွားခြင်းမရှိသော် လည်း ၃ွ နက်ဝပ်ခ်အသုံးပြုရာတွင် သုံးစွဲသူ
လူဦးရေများပြားလာသည်နှင့်အမျှ အမြန်နှုန်း အနည်းငယ်နှေးလာခြင်းများ ရှိလာနိုင်သည်။
"သုံးစွဲသူများပြားလာတဲ့အတွက်ကြောင့် 3G နက်ဝပ်ခ်က ကျုံ့ကျုံ့လာရင် ကျွန်တော်တို့ဆီ
မှာ ိအေေ သုံးတာကို လိုက်ပြီးတိုင်းတာတဲ့ စနစ်ရှိ တယ်။ အဲဒီကနေမှ တဖြည်းဖြည်းဘေးမှာ
တိုင် တွေ ထပ်စိုက်သွားမယ်။ နောက်ထပ်အရေးကြီး တာကတော့ ဖိုင်ဘာကေဘယ်လိုင်းပါ။
အခု ဆိုရင် တာဝါတိုင်တွေကနေ ဒေတာ စင်တာကို သွားတာ မိုက်ခရိုဝေ့ဖ်နဲ့ပဲ သွားတယ်။
မိုက်ခရို ဝေ့ဖ်မှာ အဓိကပြဿနာတက်တာက ဒေတာ ဆိုရင် ကန့်သတ်မှုတွေရှိတယ်။ တကယ်
လို့ ကေဘယ်နဲ့ သွားနိုင်ပြီဆိုရင် ကန့်သတ်မှုတွေ မရှိနိုင်တော့ပါဘူး" ဟု ၎င်းကပြောသည်။
တယ်လီနောမြန်မာ၏ ဒေတာစင်တာကို ဧပြီ လက တည်ဆောက်ပြီး ဖြစ်သည်။
















