၃ ဂျီကွန်ရက်က မြန်မာနိုင်ငံကို အကြိီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်ဟုဆို

၃ ဂျီကွန်ရက်က မြန်မာနိုင်ငံကို အကြိီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်ဟုဆို

မြန်မာနိုင်ငံရှိ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ကာတာအခြေစိုက် အော်ရီးဒူး၏
အလုပ်အမှုဆောင် မစ္စတာ ကောမက်က ၃ ဂျီကွန်ရက်သည် မြန်မာနိုင်ငံကို အကြီးအကျယ်
တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားထားကြောင်း မေလ ၁၆ ရက်နေ့က
၎င်း၏ တရားဝင်အင်တာ နက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ် ၃ ဂျီကွန်ရက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြုပ်နှံမှုတွေ အများအပြား ပေါ်ပေါက်လာပြီး တိုင်းပြည်အကြီးအကျယ် တိုးတက်ပြောင်းလဲ
လာအောင် ဆောင်ရွက်သွားမယ်။ တွန်းအားပေးမယ်။ ပြီးတော့အထောက်အကူတွေလည်း
အများကြီးပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်"ဟု အော်ရီးဒူးမြန်မာ၏
အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က အမေရိကန်စီးပွားရေး မိတ်ဖွဲ့
ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

၃ ဂျီ ကွန်ရက်ဟုဆိုရာတွင် ထိုကွန်ရက်တွင် အသံခေါ်ဆိုမှုများအပြင် ရုပ်ပိုင်းဆိုင်ရာခေါ်ဆိုမှု
(Video Calling) စနစ်ပါ ပါ၀င်မည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်းအနေဖြင့် တစ်စက္ကန့်လျှင်
၂၀ မက်ဂါဘိုက်မှ ၄၁ မက်ဂါဘိုက်အထိ ဒေတာကူးပြောင်းနိုင်မှု အလွန်မြင့်မားသည်။

၃ ဂျီကို third generation of mobile phone standard ဟု ကမ္ဘာတစ်လွှားသိထားကြပြီး
ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်များကပင် ၃ ဂျီထက်မြင့်သော ၄ ဂျီစနစ်ကို
သုံးစွဲနေလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါ၀င်ဆွေးနွေးသူများမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ
တာဝန်ရှိသူများ၊ အမေရိကန်ပြည်ထောင်စုမှ လူမှုရေးရာများဆိုင်ရာ စွန့်ဦးလုပ်ငန်းရှင်များ၊
ရင်းနှီးမြှုပ်နှံသူများနှင့် အများအကျိုးအတွက် ပရဟိတဒါရှင်များပါ၀င်ကြပြီး အပြည်ပြည်ဆိုင်ရာ
စီးပွားချိတ်ဆက်ခြင်းများအတွက် The Richardson ဗဟို၊ The Aspen သိပ္ပံတို့ ဦးဆောင်ကာ
မြန်မာပြည်တွင်း၌ ရှိနေသော လူထုအကျိုးပြုသည့် ရင်းနှီးမြုပ်နှံခြင်းအခွင့်အလမ်းများ၊
မြန်မာနိုင်ငံတော် အစိုးရ၏ တိုင်းပြည်ကို ဒီမိုကရေစီနည်းလမ်းကျစွာ ကူးပြောင်းရန် ခိုင်မာသော
ကတိထားရှိခြင်းများအပြင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ပင်တားဆီးမှုများ
ရုတ်သိမ်းခြင်းစသည့် မြန်မာစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုများသည် မည်သို့ အကျိုးသက်ရောက်
ကြောင်း ဆွေးနွေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်