ရန်ကုန် မန္တလေး နေရာအချို့၌ ၀ိုင်ဖိုင် အခမဲ့ပေးနိုင်ရန် နှစ်ကုန်အပြီး ဆောင်ရွက်နေ

ရန်ကုန် မန္တလေး နေရာအချို့၌ ၀ိုင်ဖိုင် အခမဲ့ပေးနိုင်ရန် နှစ်ကုန်အပြီး ဆောင်ရွက်နေ

၀ိုင်ဖိုင်အင်တာနက်ကို မန္တလေးတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ မန္တလေးလေဆိပ်၊
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ဘူတာကြီးနှင့် ရန်ကုန်ပြည်တွင်းလေဆိပ်များတွင် ၀ိုင်ဖိုင်အင်တာ
နက်အခမဲ့အသုံးပြုနိုင်ရန် Red Link ကုမ္ပဏီက ယခုနှစ်အတွင်းအပြီးဆောင်ရွက် သွားမည်ဖြစ်
ကြောင်း သိရသည်။

"၀န်ဆောင်မှုပေးတဲ့အခါမှာလည်း တစ်ချိန် တည်းမှာ လူဦးရေ ၅၀၀ မှ ၁,၀၀၀ အတွင်း အသုံးပြု
နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတစ်ယောက် အနေနဲ့ အနည်းဆုံး 256 kbps မှ 512 kbps အထိ
အသုံးပြုနိုင်မှာဖြစ်ပါတယ်" ဟု အရောင်း နှင့် ဈေးကွက်ဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ
ဦးမျိုးမြင့်ညွန့်က ပြောသည်။

အသုံးပြုသူများ များပြားလာမည်ဆိုပါက အနည်းငယ်ကြန့်ကြာမှုများရှိလာနိုင်ပြီး သုံးစွဲသူ များကို
သတင်းအချက်အလက်ဖြန့်ဝေရန် ရည်ရွယ်ထားသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် အများပြည်သူ
များအပန်းဖြေအနားယူ နိုင်မည့် နေရာများကိုစိစစ်ကာ ညှိနှိုင်းတပ်ဆင် သွားမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

"၀ိုင်ဖိုင်အခမဲ့ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အင်တာနက်ကို မိမိတို့ရဲ့ နေ့စဉ်လူမှုဘဝမှာ ပိုမို
တွင်ကျယ်စွာ အသုံးပြုနိုင်ရုံသာမက ပြည်တွင်း ပြည်ပရှိ သတင်းအချက်အလက်များကို အချိန်နှင့်
တစ်ပြေးညီပေးပို့နိုင်ရန်အတွက် ရည်ရွယ်ထား ပါတယ်။ အခုလိုအသုံးပြုတဲ့အတွက် မြန်မာနိုင်ငံ
ရဲ့ အင်တာနက်အသုံးပြုမှုနှုန်း မြင့်တက်လာပါ မယ်" ဟု ၎င်းကပြောသည်။

ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တို့၌ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ လတွင်
လည်းကောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ က ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (Y.U.F.L) နှင့်
ဧပြီလတို့မှ စတင်ကာ ကန်တော် ကြီးအပန်းဖြေဥယျဉ်တို့တွင် ၀ိုင်ဖိုင်အင်တာနက်စတင်အသုံးပြုနိုင်
နေပြီဖြစ်သည်။

ရန်ကုန်ဆေးတက္ကသိုလ်(၁)တွင် ၀ိုင်ဖိုင် အခမဲ့အသုံးပြုနိုင်ရန်အတွက် စက်ပစ္စည်းများ အား
ဇူလိုင်လတွင် အပြီးတပ်ဆင်သွားမည် ဖြစ်သည်ဟုဆိုသည်။ Red Link ကုမ္ပဏီသည် ၂၀၀၈
ခုနှစ်မှစတင် ကာ Broadband အင်တာနက်ဝန်ဆောင်မှု အား ရန်ကုန်တိုင်းဒေသကြီနှင့် မန္တလေး
တိုင်း ဒေသကြီးတို့တွင် စတင်ခဲ့ပြီး ပုဂံမြို့အထိ တိုးချဲ့ လုပ်ဆောင်လျက်ရှိသည်။

အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း (အိုင်အက်စ်ပီ) လိုင်စင်ရရှိ ရန်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး
လိုင်စင်ရရှိ ပြီးနောက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများကို နည်းပညာအသစ်များ
အသုံးပြု ကာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်