မိုဘိုင်း ကျန်းမာရေး ၀န်ဆောင်မှု စီစဉ်လျက်ရှိ

မိုဘိုင်း ကျန်းမာရေး ၀န်ဆောင်မှု စီစဉ်လျက်ရှိ

မိုဘိုင်းကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများ ပေးရန်အတွက် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်
ခွင့်လိုင်စင် ရရှိထားသော ပြည်ပကုမ္ပဏီနှစ်ခု ဖြစ်သည့် ကာတာအခြေစိုက်အော်ရီးဒူးနှင့် နော်ဝေ
အခြေစိုက် တယ်လီနောတို့နှင့် ပူးတွဲ လုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း Popul-ation Services
International(PSI) မြန်မာ နိုင်ငံဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Daniel Crapper က
ပြောသည်။

လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်ပြီး ပထမဆုံး
၀န်ဆောင်မှုလုပ်ငန်းအဖြစ် မြန်မာ နိုင်ငံရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်နေသည့်
ကျန်းမာရေးအသိပညာပေးဝန်ဆောင်မှုဖြင့် စတင်ရန်စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

"ဘာကြောင့်ဒီဝန်ဆောင်မှုကို အဓိကထားဆောင်ရွက်ဖို့ ရွေးချယ်ထားရသလဲဆိုတော့ မြန်မာနိုင်ငံ
မှာ ကိုယ်ဝန်ဆောင်မိခင်တော်တော် များများ ကျန်းမာရေးဗဟုသုတ ရရှိမှုအားနည်း နေပါတယ်။
တကယ်ဆိုရင် မိခင်တွေက ကလေး မမွေးခင်ကတည်းက မိခင်နဲ့ ကလေးကျန်းမာ ရေးအတွက်
ဆရာဝန်ကို လေးကြိမ်ပြသင့်ပါ တယ်။ ကျန်းမာရေးဦးစီးဌာနကလည်း ကိုယ်ဝန်ဆောင်မိခင်တွေ
အတွက် မိခင်နဲ့ကလေး ကျန်းမာရေးဆေးခန်းတွေ ဖွင့်ပေးထားတာ ရှိပေမယ့် လူအများစုက
ဒီဝန်ဆောင်မှုကိုမရ ကြဘူး။ ဒါကြောင့် သူတို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို
မိုဘိုင်းဖုန်း ကနေတစ်ဆင့် ရနိုင်ဖို့ အခုလိုစီစဉ်တာပါ" ဟု Daniel Crapper မှ ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရထားသည့် ပြည်ပကုမ္ပဏီများဖြင့် ပူးတွဲဆောင်ရွက်ရန်စီစဉ် ရခြင်း
မှာ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မိုဘိုင်းလ်ဖုန်းများ အသုံးပြုနိုင်တော့ မည်ဖြစ်
သောကြောင့်ဟု ၎င်းက ပြောသည်။

အော်ရီဒူးမြန်မာကုမ္ပဏီက မိုဘိုင်းဖုန်းဆင်းကတ်မျာကို သြဂုတ်လတွင် စတင်ရောင်းချနိုင် ရန်
ခန့်မှန်းထားကြောင်း အဆိုပါ ကုမ္ပဏီ၏ ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေး ပြန်ကြားရေးမန်နေဂျာ
သီရိကြာညိုက ပြောကြားခဲ့သည်။

တယ်လီနော မြန်မာကုမ္ပဏီမှလည်း အောက်တိုဘာလတွင် တန်ဖိုးနည်း ဆင်းကတ်များက
စတင်ရောင်းချနိုင်မည်ဟု တယ်လီနောမြန်မာ ၏ အမှုဆောင်အရာရှိချုပ် Mr Peter Furbeg က
မီဒီယာများကို ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်