မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အော်ရီးဒူးက သတင်းအချက်အလက်ပို့ပေးမည်

မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အော်ရီးဒူးက သတင်းအချက်အလက်ပို့ပေးမည်

အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပီအက်စ်အိုင် (Population
Servieces International) သည် မြန်မာနိုင်ငံအနှံရှိ မိခင်နှင့် ကလေးများ၏ ကျန်းမာရေးနှင့်
ပတ်သက်သည်များကို အချက်အလက်ပို့စနစ်ဖြင့် ၀န်ဆောင်မှုပေးသွားရန် မေလ ၂၃ ရက်နေ့က
အော်ရီးဒူးမြန်မာနှင့်ပူးပေါင်းကာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း အော်ရီးဒူးမှ ထုတ်ပြန်
ခဲ့သည်။

အဆိုပါ၀န်ဆောင်မှုသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မိခင်များနှင့် ၎င်းတို့၏ ကလေးငယ် များ
အပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်ပြီး ၎င်းတို့၏ကျန်းမာရေးနှင့်ပတ်သက်ပြီး စောင့်ရှောက်မှုများ၊
ကျန်းမာရေးအသိပညာများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း ကျန်းမာရေး အသိပညာ
ပေးခြင်းတို့ကို သတင်းအချက်အလက်တစ်ခုအဖြစ် မိမိတို့၏ မိုဘိုင်းဖုန်းသို့ ရောက်ရှိစေရန် ၀န်
ဆောင်မှုပေးသွားမည်ဖြစ်သည်။

အော်ရီးဒူးနှင့် ပီအက်အိုင်တို့သည် ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးရန် ၀န်ဆောင်မှုသတင်းအချက်အလက်ကို
အလွယ်တကူရရှိရန်နှင့် ရိုးရိုးရှင်းရှင်းဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ရန် မြန်မာနိုင်ငံရှိ Koe Koe
Techကုမ္ပဏီတစ်ခုနှင့် အကျိုးတူ ပူးပေါင်းလျက်ရှိပြီး ကျန်းမာရေး သတင်းအချက် အလက်များအားလုံးကို မြန်မာဘာသာစကားဖြင့် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ အော်ရီးဒူးမှ
တရားဝင် ကွန်ယက်ဖြန့်ကျက်သည့် အချိန်တွင် တစ်ပြိုင်နက် အဆိုပါ ၀န်ဆောင်မှုကို ရရှိလိမ့်
မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ကျန်းမာရေးအတွက် ထိထိရောက်ရောက် အကျိုးရှိစေနိုင်
မည်ဖြစ်သည်။

"ပီအက်အိုင်လို မိတ်ဆွေကောင်း အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်ရတာဟာ အရမ်း ကောင်းပါ
တယ် ။ ခုလို သတင်းပေးပို့နိုင်မယ့် ၀န်ဆောင်မှုစနစ်ဟာ ကျွန်ုပ်တို့အပြင် မြန်မာလူမျိုးတွေ
အတွက် အသိပညာ အတွေ့အကြံုတွေ ရရှိစေမနိုင်မှာဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စနစ်ဖြစ်၍
တိုးပွားလာတဲ့ မြန်မာအမျိုးသမီး အရေအတွက် တွေ အားလုံးကို ထောက်ပံ့ပေးသွားနိုင်မှာ
ဖြစ်တယ်"ဟု မစ္စတာ ရော့စ်ကော်မက်က ချီးကျူးပြောဆိုခဲ့သည်။

"အော်ရီဒူးရဲ့ အခုလိုစီမံမှုများအပေါ် အရမ်းလေးစားမိပါတယ်။ ဒီဝန်ဆောင်မှုဟာ မြန်မာနိုင်ငံမှာ
အဓိကကျတဲ့ ၀န်ဆောင်မှု ၀ိသေသတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ ရှင်းပါတယ်"ဟု ပီအက်စ်အိုင်
၏ စီအီးအို ကာရေလ် ဟော့ဖ်မန်းက ဆက်လက်ပြောကြားခဲ့ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်