မိုက်ခရိုဆော့ဖ်ရဲ့ ဘက်စုံသုံးဆားဖေ့စ်တက်ဘလက်ကွန်ပျူတာ

မိုက်ခရိုဆော့ဖ်ရဲ့ ဘက်စုံသုံးဆားဖေ့စ်တက်ဘလက်ကွန်ပျူတာ

မိုက်ခရိုဆော့ဖ်ဟာ လက်ပ်တော့ပ် အစားထိုး အသုံးပြုဖို့ အသုံးတွင်တဲ့ ဘက်စုံသုံးကွန်ပျူတာ
တစ်ခုအဖြစ် ထုတ်လုပ်ထားတဲ့ Surface Pro ဆိုတဲ့ တက်ဘလက်အသစ်တစ်မျိုးကို မေလ
၂၀ ရက်နေ့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ Surface Pro 3 ဆိုတဲ့ တက်ဘလက်အသစ်တစ်မျိုး
ဟာ အရင်ပစ္စည်းတွေထက် ပိုပါး၊ ပိုကြီး ပြီး ပိုကောင်းတယ်လို့ အမွှမ်းတင်ထားပါတယ်။

ဒီတက်ဘလက်ဟာ အလုပ်လည်းလုပ်၊ ဂိမ်းလည်း ကစားချင်တဲ့သူတွေအတွက် အသေအချာ
စီစဉ်ထုတ်လုပ်ထားတာလို့လည်း ညွှန်းထားပါတယ်။ "လူတွေစိတ်ကူးယဉ်ထားတဲ့အရာတွေ
အမှန် တကယ်ဖြစ်လာစေတဲ့ ထုတ်ကုန်နဲ့ နည်းပညာ မျိုးတွေကို ကျွန်တော်တို့ လိုချင်တာပါ"
လို့ မိုက်ခရိုဆော့ဖ် အမှုဆောင်အရာရှိ Satya Nad- ellau နယူးယော့ခ်မှာ ပြုလုပ်တဲ့ စာနယ်
ဇင်း ရှင်းလင်းပွဲတစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။

ပရိုသရီးရဲ့ ၁၂လက်မ စကရင်ဟာ ရုပ်ထွက် ကောင်းသလို အလေးချိန်ကလည်း ၂၈ ပေါင်
( ၈၀၀ ဂရမ်) ရှိပြီး အထူကလည်း တစ်လက်မရဲ့ သုံးပုံတစ်ပုံကျော်( သုည ဒသမ ၉ စင်တီ
မီတာ)ပဲ ရှိပါတယ်။

ဒီတက်ဘလက်မှာ ဆားဖေ့စ်စာတန်းပါ ကီးဘုတ်ကာဗာပါတဲ့အပြင် သုံးစွဲသူတွေ စိတ်တိုင်းကျ
စောင်းပြီးထားလို့ရသလို ပေါင်ပေါ် မှာတင်ရင်း အသုံးပြုတဲ့အခါ မလှုပ်အောင် ထိန်းထားလို့ရ
အောင်လည်း စီစဉ်ထုတ်လုပ် ပေးထားပါတယ်။ ဒါ့ပြင် အဝေးကနေ ကလစ်နှိပ်ပြီး ဖွင့်လို့ရ
သလို စကရင်ကို စာရေးစက္ကူလို သဘောထား ပြီး ရေးလို့ရတဲ့ ကလောင်တံတစ်ချောင်းလည်း
ပါပါတယ်။

"ဆားဖေ့စ်ပရို၃အတွက် ကျွန်တော်တို့ အရမ်း ကို ဂုဏ်ယူမိပါတယ်။ ဒါက လက်ပ်တော့ပ်ကို
အစားထိုးနိုင်တဲ့ တက်ဘလက်တစ်ခုဖြစ်တယ် ဆိုတာ သေချာပါတယ်" လို့ မိုက်ခရိုဆော့ဖ်ဝဲ
ဒုတိယဥက္ကဋ္ဌ Panos Panayu က ပြပွဲမှာ တက်ဘလက်အကြောင်း မိတ်ဆက်ပေးရင်းနဲ့
ပြောကြားခဲ့ပါတယ်။ ဆားဖေ့စ်ပရို၃ကို ရ၉၉ ဒေါ်လာနဲ့ မေလ ၂၁ ရက်နေ့ကစပြီး စတင်
အော်ဒါမှာလို့ရပါပြီ။

တက်ဘလက်စစ်ပွဲအတွင်းမှာ မိုက်ခရို ဆော့ဖ်ရဲ့ နောက်ဆုံးပေါ် အကောင်းဆုံးဗားရှင်း ဖြစ်တဲ့
ဒီတက်ဘလက်မှာ Intel Core i5 chip ကို အသုံးပြုထားပြီး အမေရိကန်မြောက်ပိုင်း ဈေးကွက်
ထဲမှာ ဇွန်လ ၂၀ရက်နေ့ကစပြီး ၀ယ်ယူရရှိနိုင်တော့မှာပါ။

Intel Core i7 chip ukd ကို အသုံးပြုထားတဲ့ တန်ဖိုးကြီး အဆင်မြင့်ပစ္စည်း ပရိုသရီးအပါ
အဝင် နောက်ထပ်မော်ဒယ်တွေကိုလည်း အမေ ရိကန်နိုင်ငံနဲ့ ပြင်သစ်၊ တရုတ်၊ ဩစတြေးလျနဲ့
ဂျာမနီ အပါအဝင် တခြားနိုင်ငံ ၂၆ နိုင်ငံမှာ ဩဂုတ် လကုန်ပိုင်းလောက်ကစပြီး ၀ယ်ယူနိုင်မယ်
လို့ မိုက်ခရိုဆော့ဖ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ပရိုသရီး
ကို ထုတ်လုပ်ခဲ့ရာမှာ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ခဲ့ပြီး ဘယ်သူမှ ထင်မထားတာကိုလည်း
ပြုလုပ်ခဲ့ပါတယ်။

တခြားပြိုင်ဘက်တွေက ပိုသေးတဲ့ အိတ်ကပ်အရွယ်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့အချိန်မှာ မိုက်
ခရိုဆော့ဖ်က စကရင်ပိုကြီးတဲ့ တက်ဘလက်ကို အမွှမ်းတင်ထုတ်လုပ်နေတယ်လို့ ဈေးကွက်
သုတေသနဌာန Gartner က သုတေသီ မိုက်ခ်ဆစ်လ်ဗား (Mike Silver)) က ပြောပါတယ်။
ပရိုသရီးရဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး လူတော်တော်များများက အရေးစိုက် စဉ်းစားပြီး
ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မိုက်ခရိုဆော့ဖ် အတွက် စိန်ခေါ်မှုကတော့ ဒီသတင်းကို သာမာန်
သုံးစွဲသူတွေဆီ ရောက်ရှိစေဖို့ပါပဲ။ "ဒီပစ္စည်းမှာ သုံးစွဲသူတွေအတွက် အံဝင် ခွင်ကျဖြစ်တဲ့
အချက်တွေ အများကြီး ရှိပါတယ်။ဒါပေမဲ့ ဒါကို သူတို့တွေသိအောင်လုပ်ဖို့ လိုပါ တယ်" လို့

ဆစ်လ်ဗားက ပစ္စည်းသစ်မိတ်ဆက် ပွဲမှာ ပြောကြားခဲ့ပါတယ်။ "မြင်ရတဲ့အတိုင်း အရာအားလုံး
အလုပ် ကောင်းကောင်းလုပ်နေတယ်ဆိုတာကို သိကြ ရင် လူပေါင်းများစွာက နုတ်ဘွတ်ခ်ကွန်
ပျူတာ တစ်ခုကို အစားထိုးနိုင်တဲ့ ပစ္စည်းတစ်ခုဆီ ခင်ဗျားတို့လည်း ချက်ချင်းရောက်သွားမှာပါ"
လို့ သူက ပြောပါတယ်။

ပရိုသရီးဟာ လက်တော့ပ်ကို အိမ်မှာထားခဲ့ ပြီး သွားလေရာ တက်ဘလက်တစ်လုံးသယ်သွား
ချင်သူတွေ အကြိုက်တွေ့မယ့် အလားအလာရှိပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လက်တော့ပ်အသုံးပြုသူ ၉၅ ရာခိုင်နှုန်းကျော် မှာ တက်ဘလက်ကွန်ပျူတာတွေလည်း ရှိတယ်
ဆိုတဲ့ သုတေသနပြုချက်ကို ဏညေပေ က ကိုးကား ပြီး ပြောပါတယ်။ ဆော့ဖ်ဝဲအင်ပါယာကို
ကွန်ပျူတာဟာ့ဒ်ဝဲ ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ မိုက်ခရို ဆော့ဖ် ဟာ လက်ပ်တော့ပ်နဲ့
တက်ဘလက်ကို ပေါင်းစပ်ချင်တာပါ။ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ချင်တာမဟုတ်ဘူးလို့ Nedella
က အလေးထား ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ စိတ်ဝင်စားတာက ပစ္စည်းအမည်အသစ်တွေ ဖန်တီးထုတ်လုပ်ချင်တာ ပါ။ ကုန်
ထုတ်နိုင်မှု အတွေ့အကြံုတွေကို ကျွန်တော်တို့ လိုချင်တာပါ" လို့ သူက ပြောပါ တယ်။ လူတွေ
ဘယ်လိုနည်းပညာပစ္စည်းမျိုးကိုပဲ သုံးသုံး သူ့ကုမ္ပဏီကိုတော့ ပရို ဂရမ်တွေနဲ့ဝန်ဆောင်မှုတွေ
ပေးရာ ကုမ္ပဏီကြီးတစ်ခုဖြစ်လာစေဖို့ Nedella က စီစဉ်နေပါတယ်။ Nedella ဟာ စတိဗ်ဘော
လ်မားနေရာမှာ ဖေဖော်ဝါရီလကစပြီး မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်
ယူထားတာပါ။ တစ်ကိုယ်ရည်သုံးကွန်ပျူတာတွေသုံးစွဲနေရာကနေ မိုဘိုင်းပစ္စည်းတွေကို
အလျင်အမြန် ပြောင်းလဲသုံးစွဲလာကြတဲ့ကမ္ဘာကြီးမှာ ပါ၀င်နေတဲ့ ကုမ္ပဏီတစ်ခု ဆက်လက်ရပ်
တည်နိုင်စေမယ့် သူ့ရဲ့ အစီအစဉ်တွေကို ဈေးကွက်က သိချင်စိတ် ပြင်းပြနေပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်