အော်ရီဒူးမြန်မာက တည်ဆောက်နေသည့် ၃ွ ဆက်သွယ်ရေးစနစ်သည် မြန်မာပြည်အတွင်းတွင်
အဆင့်အမြင့်ဆုံးကွန်ရက်ဖြစ်လာမည်ဖြစ်ပြီး ဆက်သွယ်ရေး တာဝါတိုင်တစ်ခုတွင် သုံးစွဲသူပေါင်း
များစွာကို ၀န်ဆောင်မှုပေးနိုင် မည့် မြန်နှုန်းမြင့် အင်အားရှိမည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာက
ပြောကြားသည်။
"3G ကွန်ရက်က အသံကြည်လင်စွာ ကြားရ မယ်။ စာတိုပို့ရင်လည်း လွယ်ကူချောမွေ့မယ်။
အားလုံးမှာ အရည်အသွေးမြင့်အင်တာနက်ကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု အော်ရီဒူး မြန်မာ
၏ အမှုဆောင်အရာရှိချုပ်မစ္စတာရော့စ် ကောမစ်က ပြောသည်။ ၎င်းတို့အနေဖြင့် ဆက်သွယ်
ရေးကွန်ရက် များ ဖြန့်ကြက်တည်ဆောက်ရာတွင် အခက် အခဲများရှိသည့်ကြားထဲမှ ယခုနှစ်
တတိယ သုံးလပတ်အချိန်တွင် ၀န်ဆောင်မှုများ စတင် ပေးအပ်သွားနိုင်ရေးသည် လမ်းကြောင်း
မှန် ပေါ်တွင် ရှိနေကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် တာဝါတိုင် ၄၀၀ ကျော်ဆောက် လုပ်ဆဲဖြစ်ပြီး ၁၀၀ ကျော်ပြီးစီးသွားပြီဖြစ်သည်။
တာဝါတိုင်များသည် ၁၀ မီတာပတ်လည်ရှိပြီး အမြင့်မှာ မီတာ ၃၀ မှ မီတာ ၈၀ အထိရှိပြီး
ကျေးလက်ဒေသများတွင် အမြင့်မီတာ ၆၀ ရှိသည်။ "ကျွန်တော်တို့ ဆင်းကတ်တွေ စတင်
ရောင်း ချတဲ့ အချိန်မှာ တာဝါတိုင်ပေါင်း ၄၀၀ နဲ့ စတင်လုပ် ဆောင်သွားမှာပါ" ဟု ရော့စ်
ကောမစ် ကပြောသည်။
"လာမည့် နှစ်ပတ်သုံးပတ်မှာလည်း နေပြည်တော်မှာရှိတဲ့ ဒေတာစင်တာက အသင့် ဖြစ်တော့
မှာပါ။ ကွန်တိန်နာထဲမှာရှိတဲ့ စက် ပစ္စည်းလည်း အလုပ်လုပ်နေပါပြီ။ တာဝါတိုင် တွေလည်း
ဆောက်နေပါပြီ။ နောက်နှစ်ပတ် သုံးပတ်နေရင် အားလုံးအဆင့်သင့်ဖြစ်တော့ မှာပါ။ လက်ရှိမှာ
လည်း တာဝါတိုင်များ တစ်ခု နှင့် တစ်ခုချိတ်ဆက်နိုင်ရန် ဖိုင်ဘာလိုင်း ပေါင်း ၁,၂၀၀ ကျော်
ချထားပြီးဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ မန္တလေးမြို့တွင်လည်း ဒေတာစင်တာများကို
ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ စမ်းသပ်ခေါ်ဆိုမှုများလည်းဆောင်ရွက်ပြီး ဖြစ်သည်။
အော်ရီဒူးမြန်မာအနေဖြင့် သုံးစွဲသူတွေ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်
ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ထို့အတူ အိုင်စီတီကဏ္ဍ ဆန်းသစ်တီထွင်မှု များကို အားမြှင့်
ပြုလုပ်နိုင်ရန်အတွက် အော်ရီဒူး မြန်မာနှင့် MIT Media Lab တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်
ကြောင်း အော်ရီဒူးမြန်မာ က မေလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
"MIT Media Lab နဲ့ အခုလိုပူးပေါင်းဆောင်ရွက်လိုက်တာကြောင့် ကမ္ဘာထိပ်တန်း အဖွဲ့အစည်း
တစ်ခုရဲ့ ဆန်းသစ်တီထွင်မှုတွေ ကို အသုံးချပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အတွက် ထူးခြား
ဆန်းသစ်တဲ့ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်မှာဖြစ်ပါ တယ်" ဟု ရော့စ်ကောမစ်က
ပြောသည်။
MIT Media Lab တွင် လက်ရှိအဖွဲ့ဝင် ရ၀ ကျော်ရှိပြီး လျှပ်စစ်ပစ္စည်း၊ ဖျော်ဖြေရေး၊ ကျန်းမာ
ရေးနှင့် ဆက်သွယ်ရေးအစရှိသော နယ်ပါယ်ပေါင်းစုံမှ ဖြစ်ကြကာ သုတသနအဖွဲ့ ပေါင်း ၂၅
ခုတွင် ပင်မအဖွဲ့ဝင်၊ သုတေသန ၀န်ထမ်းနှင့် ကျောင်းသားကျောင်းသူများ ပါ၀င်ကြသည်။
၎င်းတို့သည် Digital Interface ၊ ရုပ်လုံးဖော်တီဗီ၊ စက်ရုပ်ပိုင်းဆိုင်ရာ FE-
MTO ဓာတ်ပုံနည်းပညာနှင့် မြို့ပြပို့ဆောင် ရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများစသည့်
ပရောဂျက် ၃၅၀ ကျော်တွင် လေ့လာလုပ်ဆောင် နေကြသည်။
အော်ရီဒူးမြန်မာတွင် မြန်မာနိုင်ငံသား ၀န်ထမ်းပေါင်း ၆၀၀ ကျော်ရှိပြီး ၀န်ထမ်းများ အား
လေ့ကျင့်သင်ကြားပေးမှုများပေးနေ သလို ၀န်ထမ်းခန့်အပ်ခြင်းများအား ဆက်လက်
လုပ်ဆောင်သွားမည်ဟု ဆိုသည်။

















