မိုဘိုင်းအော်ပရေတာသစ်များ၏ ဖုန်းဆင်းကတ်များဝယ်ယူနိုင်ရန် ကြိုတင်မှတ်ပုံတင်ရန် မလို

မိုဘိုင်းအော်ပရေတာသစ်များ၏ ဖုန်းဆင်းကတ်များဝယ်ယူနိုင်ရန် ကြိုတင်မှတ်ပုံတင်ရန် မလို

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင် ခွင့်ရရှိထားသော အော်ပရေတာများဖြစ်ကြ
သည့် နော်ဝေးအခြေစိုက် တယ်လီနောကုမ္ပဏီနှင့် ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့က
၎င်းတို့ဆင်းကတ်များ စတင်ရောင်းချချိန် မတိုင်မီ ကြိုတင်မှတ်ပုံတင်မှာယူခြင်းများ လုပ်ဆောင်
ရန်မလိုကြောင်း အဆိုပါကုမ္ပဏီများ၏ အမှုဆောင်အရာရှိချုပ်များက ပြောသည်။

"အခုလက်ရှိအပြင်မှာ ဖောင်တွေဖြည့်နေရတာက ကျွန်တော်တို့ရဲ့ စီးပွားရေးဈေးကွက်ကို နား
လည်အောင် စစ်တမ်းကောက်နေတာပါ။ ဆင်းကတ်တွေဝယ်ဖို့ ကြိုတင်မှတ်ပုံတင်ထားရတာ
မဟုတ်ပါဘူး။ အခုလက်ရှိ ဖောင်ဖြည့်တဲ့ သူဦးရေ ၅,၀၀၀ ၀န်းကျင်လောက်ရှိပါပြီ" ဟု အော်
ရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ်ကောမက်က ပြောသည်။

စစ်တမ်းကောက်ခံရာတွင်လည်း ကျား၊ မ ကောက်ခံရခြင်းသည် မည်သို့သောသူသည် မည်သို့
သော ဖုန်းအမျိုးအစားများကို ကြိုက် နှစ်သက်သလဲဆိုသည်ကို သိရှိစေရန် ကောက်ခံ ခြင်းဖြစ်
သည်ဟု ဆိုသည်။

"ဖောင်မှာ ကျား၊ မ ရွေးပေးရခြင်းက ကျောင်း သား၊ ကျောင်းသူ၊ အိမ်ရှင်မတွေ၊ တောင်သူဦးကြီး
တွေ၊ ကျောင်းဆရာမတွေ ဘယ်လိုဖုန်းအမျိုးအစားကိုကြိုက်လဲ သုံးနိုင်လဲဆိုတာကို စစ်တမ်
ကောက်တာပါ။ ၀န်ဆောင်မှုတွေမစ တင်ခင် လူတွေကြိုက်တဲ့ ဘယ်လိုနည်းလမ်း နဲ့ ၀န်ဆောင်
မှုပေးရမယ်ဆိုတာကို ဦးတည် လေ့လာနေတုန်းဖြစ်တဲ့အတွက် ကောက်ခံရ ခြင်းဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။

တယ်လီနောမြန်မာကုမ္ပဏီကလည်း ဆင်းကတ်များကို ရောင်းချရာတွင် ဆင်းကတ် များ၏
တန်ဖိုးကိုပေးကာ လွယ်ကူစွာဝယ်ယူနိုင် အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏
အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာပီတာဖားဘာ့ဂ်က ပြောသည်။

"ကျွန်တော်တို့ ဖောင်တွေဖြည့်ရတုန်းက ဆင်းကတ်တွေ ရောင်းပေးတဲ့အချိန်ကျရင် ဖောင်ဖြည့်
ထားတဲ့သူက ဦးဆုံးဆင်းကတ်တွေကိုဝယ်နိုင်မယ်။ စာရင်းပေးတဲ့သူက အရင် ဆင်းကတ်တွေ
ရမယ်။ တိုးပြီးဝယ်စရာမလိုဘူး ပေါ့လို့ကြားတော့ ကျွန်တော်တို့ အော်ရီဒူးဖောင် ကိုသွားဖြည့်
လိုက်တယ်။ တချို့ဆိုင်ကျတော့ လည်း ဆာဗေးဆင်းနေတယ်လို့ပြောပါတယ်" ဟု အော်ရီဒူး
စစ်တမ်းဖောင်ဖြည့်ခဲ့သူ ဦးကျော် ၀င်းက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်း
ဖုန်း များ ၀ယ်ယူရာတွင်မူ သုံးစွဲမည့်သူ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူနှင့် ဓာတ်ပုံနှစ်
ပုံပေးရန် လိုအပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်