ဖေ့စ်ဘွတ်ကို ကျော်တက်သွားရန်အထိ ဒို့မြန်မာ မျှော်မှန်းထားဟုဆို

ဖေ့စ်ဘွတ်ကို ကျော်တက်သွားရန်အထိ ဒို့မြန်မာ မျှော်မှန်းထားဟုဆို

မြန်မာနိုင်ငံ၏ အဓိကဆိုရှယ်နက်ဝက်တစ်ခုအဖြစ် ရပ်တည်လာသည့် ဒို့မြန်မာ လူမှုရေးကွန်ယက်
သည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ကို ကျော်တက်သွားရန်အထိ မျှော်မှန်းထားကြောင်း
ဒို့မြန်မာကုမ္ပဏီမှ အရောင်းမန်နေဂျာ ဦးဝေယံမင်းဇော်က မြန်မာတိုင်း(မ်)ကို မေလ ၃၀ ရက်နေ့
တွင် ပြောကြားခဲ့သည်။

"ဆိုရှယ်နက်ဝက်၊ ဆိုရှယ်ဝက်ဘ်ဆိုက် မြန်မာပညာရှင်များကပဲ တည်ထောင်တယ်။ မြန်မာတွေ
အတွက် တီထွင်ထားတဲ့ နိုင်ငံတကာအဆင့်မီ လူမှုကွန်ယက်ပေါ့။ အစ်ကိုတို့ တရားဝင်ရုံးဖွင့်တာ
ကတော့ ငါးလ ပဲရှိသေးတယ်။ ဒါပေမယ့် ငါးလ အတွင်းမှာ ဒို့မြန်မာကို အသုံးပြုနေတာက
လူတစ်သိန်းရှိတယ်၊ စတေးတပ်စ် အရေအတွက်ကလည်း ၂၈ သန်းကျော် ရှိတယ်။
အောင်မြင်တယ်လို့ ပြောရမှာပေါ့။ နောက်ဆိုရင် ဖေ့စ်ဘွတ်ခ်ကို ကျော်တက်သွားဖို့ အထိ
ရည်မှန်းထားတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဒို့မြန်မာသည် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ၎င်းသည် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသော
လူမှုရေး ကွန်ယက်များနှင့် အလားသဏ္ဍာန်တူကာ မြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲပညာရှင်များက
ပူးပေါင်း၍ တီထွင်ထားသော ဆိုရှယ်နက်ဝက် တစ်ခုလည်းဖြစ်သည်။

ထို့နက်ဝက်တွင် ပုံများတင်ခြင်း၊ ဝေမျှခြင်း၊ စတေးတပ်စ် တင်ခြင်း၊ လိုက်ခ် လုပ်ခြင်းများစသည်ဖြင့်
အစုံအလင်အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက်အားလုံးကို မြန်မာဘာသာဖြင့် အသုံးပြုရ
လွယ်ကူအောင် ဖန်တီးထားသော မိုဘိုင်းဆော့ဖ်ဝဲလ် တစ်ခုဖြစ်သည်။

အဆိုပါ မိုဘိုင်းဆော့ဖ်ဝဲလ်ကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၌ စတင်ကာ
မြန်မာပြည်သူများထံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ ငါးလအတွင်းတွင် မြန်မာလူဦးရေ တစ်သိန်းခန့်
အထိ အသုံးပြုလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒို့မြန်မာအက်ပလီကေးရှင်းတွင် ဓာတ်ပုံတင်ခြင်း၊ စတေးတပ်တင်ခြင်း နှင့် မည်သည့်
activity တစ်ခုခုလုပ်မည်ဆိုပါက ပွိုင့်တစ်ခုစီ (Point) ရရှိမည်ဖြစ်ပြီး အသုံးပြုသူ၏
အကောင့်ထဲမှာ ပွိုင့်အရေအတွက် များပြားလာမည်ဖြစ်သည်။

ထို့ပွိုင့်များကို စုပေါင်းကာ ဒို့မြန်မာမှ ဇူလိုင်လတွင် စတင်ဖွင့်လှစ်မည့် အွန်လိုင်း ရှော့ပင်းတွင်
ရရှိထားသော ပွိုင့်ဖြင့် လက်ဆောင်ပစ္စည်းများရယူခြင်း၊ ဈေးဝယ်ခြင်းများ စသည်တို့ကို
ပြုလုပ်နိုင်မည်ဖြစ်သည်။

"ဖေ့စ်ဘွတ်ခ်ထက် ထူးခြားတာက ဓာတ်ပုံလေးပဲတင်တင် ကွန်းမန့်လေးပဲရေးရေး ဘယ် activity
တစ်ခုခုကို လိုက်ခ် လေးလုပ်လိုက်တာနဲ့ ပွိုင့်တက်သွားတယ်၊ သူငယ်ချင်းတစ်ယောက်ကို
အက်လိုက်တယ် ပွိုင့်တက်သွားတယ်။ ပွိုင့်တွေက အမြဲတမ်း သုံးနေတဲ့သူရဲ့ အကောင့်ထဲမှာ
ရှိနေမှာ။ တိုးလာတဲ့ ပွိုင့်တွေကို ကျွန်တော်တို့ ခုနှစ်လပိုင်းကျရင် အွန်လိုင်းရှော့ပင်းကို ဒို့မြန်မာက
ထပ်လုပ်တော့မှာဆိုတော့ ရတဲ့ပွိုင့်နဲ့ တင်ထားတဲ့ ပစ္စည်းတွေကို လဲလို့ရတယ်။ အကုန်လုံးတော့
မဟုတ်ပါဘူး။ တစ်ချို့ငွေသား ပေးရတာတွေလည်း ရှိပါတယ့်"ဟု ဦးဝေယံမင်းဇော်က
အသေးစိတ်ရှင်းပြခဲ့သည်။

ဒို့မြန်မာ မိုဘိုင်းအက်ပလီကေးရှင်းကို အန်းဒရိုက်နှင့် အိုင်အိုအက်စ် နှစ်ခုစလုံးအတွက် ရရှိနိုင်မည်
ဖြစ်ပြီး အန်းဒရိုက်ဖုန်းအတွက် ဂူးဂဲလ်စတိုးတွင် အခဲမဲ့ရရှိနိုင်ပြီး၊ အိုင်အိုအက်စ်အတွက်
အက်ပဲလ်စတိုးတွင် ရရှိ နိုင်မည်ဖြစ်သည်။

ထို့ပြင် မိုဘိုင်းသုံးသော လူဦးရေ ခန့်မှန်းချေ လေးသန်းရှိတဲ့အနက်မှ ဖေ့စ်ဘွတ်ခ်ကို သုံးစွဲသူ
အရေအတွက်မှ တစ်သန်းခန့်ရှိကာ ဒို့မြန်မာသုံးသူ အရေအတွက်မှာ ငါးလအတွင်း တစ်သိန်း
ရှိခဲ့ပြီး မကြာမီအနာဂတ် အခြေအနေအတွက် ဒို့မြန်မာက လူဦးရေ ၁၈ သန်းထိ ဖေ့စ်ဘွတ်ထက်
တစ်ဆခွဲ သုံးစွဲသူဦးရေ တိုးလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်