တယ်လီနော ဆင်းကဒ်များကိုစက်တင်ဘာလတွင် ကျပ် ၁၅၀၀ ဖြင့်ရောင်းချမည်

တယ်လီနော ဆင်းကဒ်များကိုစက်တင်ဘာလတွင် ကျပ် ၁၅၀၀ ဖြင့်ရောင်းချမည်

နော်ဝေးအခြေစိုက် တယ်လီနော်ကုမ္ပဏီသည် တယ်လီနော်ဆင်းကဒ်များကို စက်တာဘာလမှ
စတင်ကာ ငွေကျပ် ၁၅၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တယ်လီနော် မြန်မာ၏ အလုပ်
အမှူဆောင်အရာရှိချုပ် Mr. Petter Furberg က ဇွန်လ ၁ ရက်နေ ့တွင်ကျင်းပပြုလုပ်
သည့် စတုတ္ဘအကြိမ်မြောက်Net Monday ပွဲတွင်ပြောသည်။

တယ်လီနော်ဆင်းကဒ်များဝယ်ယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းမှု အစီအစဉ်လုံးဝမရှိကြောင်းနှင့်
ဆင်းကဒ်များအတွက်ငွေပေးချေပြီးသည်နှင့် တစ်ပြိုင်နက် ဆင်းကဒ်များကို လက်ခံရရှိမည်
ဖြစ်သည်။

"ဆင်းကဒ်များကို ကျပ်၁၅၀၀ ကျပ်နဲ ့ရောင်းချပေးသွားမည်ဖြစ်ပြီး စိတ်ဝင်စားဖွယ်အရောင်းမြှင့်
တင်မှုအစီအစဉ်များလည်း ပါ၀င်မှာဖြစ်ပါတယ်။ဆင်းကဒ်ကို မိုဘိုင်းဖုန်းတွင်တပ်ဆင်လိုက်တာနဲ့
အသုံးပြုနိုင်မှာဖြစ်ပါတယ်" ဟု Mr. Petter Furberg ကပြောသည်။

ဆင်းကဒ်များကို မှတ်ပုံတင်ရှိသူတိုင်း ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း  Mr. Petter Furberg က
ပြောသည်။ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် 3G နက်ဝေါ့နှင့် 2G နက်ဝေါ့ နှစ်ခုစလုံး
ရရှိရန်ဆောင်ရွက်ပေး မည်ဖြစ်သောကြောင့် အဆိုပါနက်ဝေါ့များတွင်ရရှိနိုင်မည့်အင်တာနက်
မြန်နှုန်း များကိုလည်း ထုတ်ဖော် ပြောကြားသည်။

"3G ကွန်ယက်က ပုံမှန်အားဖြင့် အသုံးပြုသူများသောအချိန်တွင် 700kbps မှ 1Mbps ထိ
မြန်နှုန်းရရှိနိုင်ပြီး အသုံးပြုသူနည်းသောအချိန်တွင် 4Mbps မှ 6Mbps ထိ မြန်နှုန်းရရှိနိုင်ပါတယ်။
2Gကွန်ယက်က ပုံမှန်အားဖြင့် အသုံးပြုသူများသောအချိန်တွင် 100kbps မှ 150kbps အထိ
ရရှိနိုင်မှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ထို ့အပြင် ဈေးကွက်တွင် LTE ပါ၀င်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်စွာတည်ရှိလာသော
အခါတွင်လည်း တယ်လီနောသည် 4G LTE ၀န်ဆောင်မှုများကိုပေးအပ်သွားမည်ဖြစ် ကြောင်း
၎င်းကပြောသည်။

တယ်လီနော်မြန်မာသည် မြန်မာတစ်နိုင်ငံလုံးအတွက် ဆက်သွယ်ရေးစခန်းပေါင်း ၈၀၀၀
တည်ထောင်မည်ဖြစ်ပြီး ပထမဦးဆုံးဆက်သွယ်ရေးစခန်း ၁၀၀၀တည်ဆောက်ရသည်မှာ
အကြီးမား ဆုံးစိန်ခေါ်မှုဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ယက်ဖြန် ့ကျက်မှုကို
လျင်မြန်စွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်သည်၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၅
ရက်နေ ့မှစတင်တာ အော်ပရေးတာများဖြစ်သည့်တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီနှစ်ခုအ တွက်
စတင်အသက်ဝင်ခဲ့သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်