ရေသန့်စင် နည်းပညာ ပိုမိုလေ့လာနိုင်ရန် ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ အကူအညီပေးအပ်

ရေသန့်စင် နည်းပညာ ပိုမိုလေ့လာနိုင်ရန် ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ အကူအညီပေးအပ်

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ရေနှင့် ရေသန့်စင်ခြင်းဆိုင်ရာ ဘာသာရပ်များကို ပိုမို တွင်
ကျယ်စွာ လေ့လာနိုင်ရန် အမေရိကန်ဒေါ်လာ ၁၃,၀၀၀ နှင့် နည်းပညာပိုင်းဆိုင်ရာအကူအညီများ
က Mistsubishi Rayon ကုမ္ပဏီ နှင့် Myanmar Water Engineering & Products (MWEP)
တို့က ထောက်ပံ့သွားမည် ဟု MWEP ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်ဝင်းက ပြောသည်။

"မြန်မာနိုင်ငံမှာ ရေနဲ့ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေ အရမ်းနည်း
နေသေးတယ်။ ဒါကြောင့် ကျောင်း မှာEnvironmental Engineering နဲ့ Environmental
Planning and Management ဘာသာရပ်တွေကို သုတေသနလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို
ထောက်ပံ့ပေးတာပါ"ဟု ဦးခင် မောင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် လိုအပ်နေသော ရေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သုတေသန လုပ်ငန်း
များကို ရန်ကုန်နည်းပညာတက္ကသိုလ် နှင့်ပူးပေါင်းကာ ကျယ်ပြန့်စွာဆောင်ရွက်နိုင်စေရန်ဝန်ကြီး
ဌာနအဆင့်ဆင့်သို့လည်း တင်ပြထားကြောင်း ၎င်းကပြောသည်။ "လိုအပ်တဲ့အရာတွေကို သုတေ
သနလုပ်ဖို့ Mistsubishi Rayonကုမ္ပဏီနဲ့ MWEP ကုမ္ပဏီ က နည်းပညာရှင်တွေပူးပေါင်းပြီး
ကျောင်းသား တွေ သုတေသနလုပ်ဖို့ ခေါင်းစဉ်တွေချပေး မယ်။ ဒီဘာသာရပ်ကို တွင်တွင်ကျယ်
ကျယ် လေ့လာနိုင်ဖို့ လိုအပ်တဲ့နေရာတွေမှာ ကူညီ မယ်"ဟု ဦးခင်မောင်ဝင်းကပြောသည်။

ရေသန့်စင်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပိုမိုတွင်ကျယ်စွာလေ့လာ နိုင်ရန် ထိုဘာ
သာရပ်များအတွက် တစ်နှစ်တာ ဒီပလိုမာသင်တန်းများကို ၂၀၁၂ ခုနှစ်မှ စတင် ဖွင့်လှစ်သင်ကြား
ပေးခဲ့ကြောင်း နည်းပညာ တက္ကသိုလ်ကျောင်းအုပ် ပါမောက္ခဒေါက်တာ အေးမြင့်က ပြောသည်။

"ရေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်တွေ၊ သုတေသနလုပ်တာတွေကိုမဟာ
သိပ္ပံတန်းနဲ့ ဏီ့ ကျောင်းသားတွေကိုအဓိကထား သင်ကြားပေးနေတယ်။ ၂၀၁၂ ကစပြီး PhD
အောင်ပြီးသားကျောင်းသားတွေအတွက် ဒီပလိုမာတစ်နှစ်သင်တန်းတွေကို ဖွင့်လှစ်သင်ကြား
ပေးနေတယ်"ဟု ဒေါက်တာ အေးမြင့်က ပြောသည်။

Mistsubishi Rayon ကုမ္ပဏီနှင့် MWEP ကုမ္ပဏီတို့က ရွှေတိဂုံစေတီတော်မြတ်နှင့် ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီတို့ အသုံးပြုရန် ဒေါ်လာ ၁၅,၀၀၀ တန်ကြေးရှိ ဂျပန်
ရေသန့်စက်တစ်လုံးစီကိုလည်း လှူဒါန်းမည်ဖြစ်ကြောင်း Mistsubishi Rayon ကုမ္ပဏီ ၏ ညွှန်
ကြားရေးမှူး Mr.Takahiro Ikesa က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှရေဆိုးများ နေ့စဉ်ထွက်ရှိလျက်ရှိသောကြောင့် ရေဆိုးသန့်
စင်သည့်စက်တစ်ခုကိုလည်း သရုပ်ပြ အနေဖြင့် လှူဒါန်းရန်စီစဉ် ထားကြောင်း MWEP ဥက္ကဋ္ဌ
ဦးခင်မောင်ဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်