မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် လုပ် ကိုင်ခွင့်ရထားသည့် ပြည်ပမိုဘိုင်းအော်ပရေတာ
နှစ်ခုစလုံးသည် လုပ်ငန်းလုပ်ကိုင်ခွင့် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားသည့် ကာလ
အတွင်း သတ်မှတ်ထားသည့် မိုဘိုင်းကွန်ရက် ချိတ်ဆက်ပေးရန် သဘောတူထား သည့်အပြင်
၎င်းတို့၏ ပစ္စည်းကိရိယာများ တပ်ဆင်ကာ မိုဘိုင်းကွန်ရက်များပေးနိုင်စေ မည့်တာဝါတိုင်များ
ဆောက်လုပ်ရန် ပုဂ္ဂလိက ကုမ္ပဏီများကို အားကိုးလာကြသည်။
တာဝါတိုင်ဆောက်လုပ်ရေးနှင့် ပတ်သက် ပြီး နည်းပညာမှာ အသစ်အဆန်းမဟုတ်သော် လည်း
ဆောက်လုပ်ပေးရမည့် တာဝါတိုင်အရေ အတွက်နှင့် မြန်မာနိုင်ငံရှိလုပ်ထုံးလုပ်နည်း များအရ
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကြောင့် တစ်မူထူးခြားသည့် အခက်အခဲများရှိကြောင်း
တာဝါတိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။
"ဒီမှာ နည်းနည်းထူးခြားတာကတော့ ကျွန်တော်တို့တွေဟာ ဘယ်ကုမ္ပဏီကမှ တစ်ခါမှ
မလုပ်ခဲ့ဖူးသေးတဲ့ တာဝါတိုင်အများကြီးကို အမြန်ဆုံးဆောက်လုပ်ပေးနိုင်ဖို့ ကြိုးပမ်းကြရမှာပါ"
ဟု ပုဂ္ဂလိကတာဝါဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Appollo Towers Myanmar မှ
ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ် William Pollack က ပြောသည်။
တယ်လီနောကုမ္ပဏီသည် သီးခြားတာဝါ တိုင် ၁,၀၀၀ ဆောက်လုပ်ပေးရန်နှင့် တာဝါ တိုင်
လည်ပတ်ရေးအတွက် တာဝန်ယူပေးရန် ကနဦးသဘောတူညီချက်ဖြင့် Appollo ကို ရွေးချယ်
ထားသည်။
Appollo ကုမ္ပဏီသည် တာဝါတိုင်ဆောက်လုပ်ရန် နေရာငှားရမ်းခြင်း၊ တာဝါတိုင်ဆောက်လုပ်
ရေးအတွက် အစိုးရထံ မှ ခွင့်ပြုချက်ရယူခြင်းနှင့် တာဝါတိုင်ဆောက် လုပ်ခြင်းတို့ကို ဆောင်ရွက်
ပေးရမည်ဖြစ်သည်။
မိုဘိုင်းအော်ပရေတာက ၎င်း၏ ကိရိယာများ တာဝါတိုင်တွင် တပ်ဆင်ပေးပြီးသည့်နောက်တွင်
လည်း Appollo သည် တာဝါတိုင်စိုက် ထားရာနေရာ ဆက်လက်တည်တံ့နေစေရေး နှင့် ဆက်
လက်ပေးဆောင်ရမည့် ထိန်းသိမ်းခ များအတွက်လည်း တာဝန်ယူရမည် ဖြစ်သည်။
Appollo၏ တာဝါတိုင်များသည် တစ်ခုထက်ပိုသည့် အော်ပရေတာများ၏ ကိရိယာများ
တပ်ဆင်နိုင်ရန် ပုံစံထုတ် တည်ဆောက်ထားသည်။ တာဝါတိုင်ဆောက်လုပ်ရေးအတွက်
တယ်လီနောနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း အခြားအော်ပရေတာများနှင့် ဆဲလ်ဖုန်းအပြင်
အခြားနည်းပညာများ အသုံးပြုနေသည့် ကုမ္ပဏီ များ၏ ကိရိယာများတပ်ဆင်ပေးရန်လည်း
မျှော်မှန်းထားသည်။ တာဝါတိုင်တစ်တိုင်ဆောက်လုပ်ရန် စရိတ် စကမှာ ကြီးမားလှသည်။
တာဝါတိုင်တစ်တိုင် ဆောက်လုပ်ရန် ကုန်ကျစရိတ်သည် အဆောက် အအုံထိပ်တွင် ဆောက်
လုပ်ပါက ကုန်ကျစရိတ် သိပ်မများလှသော်လည်း တာဝါတိုင်တစ်တိုင် အမေရိကန်ဒေါ်လာ
တစ်သိန်းဟု Appollo က သတ်မှတ်ထားသည်။
ဥပဒေကုမ္ပဏီ ဟားဘတ်စမစ်ဖရီးဟေးစ် (Herbert Smith Freehills) မှ ၀ါရင့်အကြံပေး
မာ့ခ်ရော်ဘင်ဆင်က တာဝါဆောက်လုပ်ရေး ကုမ္ပဏီနှင့်အော်ပရေတာဟု ခွဲခြားလုပ်ကိုင်
ခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းများကို အာရုံစူးစိုက် လုပ်ကိုင်နိုင်စေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အော်ပရေတာများသည် လည်း ၎င်းတို့၏ ပြိုင်ဘက်ကုမ္ပဏီများနှင့် တာဝါ တိုင်များ
မျှဝေသုံးစွဲရန် သဘောတူထားသည်။ အစပိုင်းတွင် တာဝါတိုင်များ အနည်းငယ်မျှဝေသုံးစွဲဖွယ်ရာ
ရှိကြောင်းနှင့် ကွန်ရက်သုံးစွဲသူများပြားလာသည့်အခါ တာဝါတိုင်များ ပိုမို ဆောက်လုပ်မည်ဟု
တာဝါတိုင်ဆောက်လုပ်ရေး ကုမ္ပဏီမှ အတွင်းသိတစ်ဦးက ပြောသည်။
သတ်မှတ်ထားသည့်ဧရိယာအတွင်း မိုဘိုင်းကွန်ရက် ပထမဦးဆုံးပေးနိုင်ရေးသည် မိုဘိုင်း
အော်ပရေတာများအတွက် အရေးကြီးသည်ဟု မစ္စတာရော်ဘင်ဆင်န်က ပြောသည်။
"မိုဘိုင်းကွန်ရက် စတင်ပေးတဲ့အချိန်ဟာ ပြိုင်ဘက်ကုမ္ပဏီထက် နည်းနည်းလေးနောက်ကျခဲ့ရင်
တောင် စီးပွားရေးအရကြည့်ရင် တစ်မိုင် လောက် နောက်ကောက်ကျခဲ့နိုင်ပါတယ်" ဟု ၎င်းက
ပြောသည်။
မိုဘိုင်းဖုန်းသုံးစွဲသူ အများစု သည် ၀န်ဆောင်မှုအသစ်ကို ပြောင်းလဲအသုံး ပြုရန် အချိန်ဆွဲတတ်
ကြသည့်အတွက် ကုမ္ပဏီ တစ်ခုသည် ဈေးကွက်အတွင်းဝင်ရန် နောက်ကျ ခဲ့ပါက နေရာရရန်
လပေါင်းများစွာ၊ သို့မဟုတ် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်သည်။
တယ်လီနောသည် Appollo အပြင် Irraw-addy Green Technology နှင့်လည်း သဘော
တူညီမှုတစ်ရပ် ပြုလုပ်ထားသည်။ ဗစစသူူသ ကုမ္ပဏီသည် အခြားနိုင်ငံများတွင် တာဝါတိုင်များ
ဆောက်လုပ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံတွင် အခက်အခဲအချို့ရှိသည်ဟု Mr Pollack က
ပြောသည်။
တာဝါတိုင်များဆောက်လုပ်ရန် ဒေသခံ များ၏ သဘောတူညီချက်ရရေးသည် လက်ရှိရင်ဆိုင်
နေရသည့် အခက်အခဲတစ်ခု ဖြစ်သည်။ Appollo သည် မြန်မာနိုင်ငံတွင်း တာဝါတိုင် များဆောက်
လုပ်ရန် လုပ်ကိုင်ခွင့်ရရှိထားသော်လည်း တာဝါတိုင်တစ်ခုချင်းစီအတွက် အချိန်ယူဆောင်ရွက်
ရနိုင်သည့် ကိစ္စတစ်ရပ် ဖြစ်သည့် ဒေသခံများ၏ သဘောတူညီချက် ရရန်လည်း လိုအပ်သည်။
"မေးခွန်းတွေ အများကြီး သူတို့မေးကြပါတယ်။ တချို့ဒေသတွေမှာ ကျွန်တော်တို့ မျှော် လင့်
ထားသလောက် တိုးတက်မှုမရှိပါဘူး။ ဒါပေမယ့် လုပ်ငန်းတွေတော့ စနေပါပြီ။ စတီး စင်တွေ
စတင်ဆောက်လုပ်နေတာ တွေ့ကြမှာပါ။ တကယ့်ကို လုပ်ကိုင်ခွင့်ရထားတဲ့ နေရာတွေ မှာ
တာဝါဆောက်လုပ်ရေးလုပ်ငန်းတွေ စနေပါ ပြီ" ဟု ၎င်းက ပြောသည်။
အော်ရီဒူးကုမ္ပဏီသည် ရည်မှန်းချက်ပြည့်မီ ရန် ထောက်ခံမှုများနှင့် ယုံကြည်မှုများ ရှိနေသော်
လည်း မြေနေရာမှတ်ပုံတင်ခြင်းနှင့် ခွင့်ပြု ချက်ရရှိရေးသည် တာဝါတိုင်များဆောက်လုပ် ရေး
အတွက် 'အကြီးမားဆုံးအခက်အခဲများ'ဖြစ် သည်ဟု မေလအစောပိုင်းတွင် အော်ရီဒူးအမှုဆောင်
အရာရှိချုပ် Ross Cormack က မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။
တာဝါဆောက်လုပ်ရေးကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုရန် အထောက်အကူဖြစ်စေမည့် ဥပဒေ
မူဘောင်များရှိစေရန်လည်း မြန်မာ အစိုးရက ဆောင်ရွက်ထားသည်။ ၂၀၁၃ ခုနှစ်၊ အောက်တို
ဘာလတွင် ပြဋ္ဌာန်း ခဲ့သည့် ဆက်သွယ်ရေးဥပေဒအရ တာဝါ ဆောက်လုပ်ရေးကုမ္ပဏီများ
အတွက် သီးခြား လုပ်ကိုင်ခွင့်တစ်ခု ပြဋ္ဌာန်းထားသည်။ ယင်းလုပ်ငန်းလိုင်စင်သည် အခြားလုပ်ငန်း
များ ကိုပေးသည့် လုပ်ငန်းလိုင်စင်နှင့် ကွဲပြားခြားနား သည်ဟု မစ္စတာရော်ဘင်ဆင်က ပြောသည်။
ယင်းကဏ္ဍအတွက် စည်းမျဉ်းများကို အပြီးသတ် ပြဋ္ဌာန်းပြီးဖြစ်သည်။ Appollo မှ Mr Pollack က
တာဝါတိုင်ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုအစပိုင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုမ အများအပြားရှိ
သည်ဟုဆိုသည်။
ပြည်ပ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်း ကြောင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှုတိုးတက်လာမည့်
အပြင် မြန်မာနိုင်ငံသည် နိုင်ငံ တကာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်သင့်တော်သည့် နေရာတစ်နေရာ
ဖြစ်ကြောင်း ကမ္ဘာကို အသိပေးနေသည်ဟု ၎င်းက ဆိုသည်။
"ဒါကတော့ မြန်မာနိုင်ငံရဲ့ အခွင့်အလမ်းအတွက် အနာဂတ်ဖြစ်နိုင်ခြေကို ဖော်ပြနိုင်တဲ့ သင်္ကေတ
တစ်ခုပါ။ တန်ဂိုအက ကဖို့အတွက် လူနှစ်ယောက် လိုပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်
သေချာတဲ့ လမ်းကြောင်းတွေကို ဖွင့်ပေးထားပါတယ်လို့ မြန်မာနိုင်ငံဘက်က ပြောနေသလို
အိုကေ တို့တွေ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်ကြတယ်လို့ ကုမ္ပဏီတွေ ဘက်ကလည်း
ပြောနေကြပါတယ်" ဟု ၎င်းက ပြောသည်။
သီရိမင်းထွန်း ဘာသာပြန်သည်။

















