ဂူးဂဲလ်က အက်ပဲလ်ကိုကျော်ပြီး ကမ္ဘာ့နံပါတ်တစ်ကုမ္ပဏီ ဖြစ်လာ

ဂူးဂဲလ်က အက်ပဲလ်ကိုကျော်ပြီး ကမ္ဘာ့နံပါတ်တစ်ကုမ္ပဏီ ဖြစ်လာ

အမေရိကန် ဆာ့ချ်အင်ဂျင် ဂူးဂဲလ်ဟာ ပြိုင်ဘက် နည်းပညာကုမ္ပဏီကြီးအက်ပဲလ်ကို
ကျော်တက် ပြီး တန်ဖိုးအရ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး ဖြစ်လာခဲ့တယ်လို့ ကမ္ဘာ့ဈေးကွက်
သုတေသန ကုမ္ပဏီ Millward Brownက မေလ ၂၁ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဂူးဂဲလ်ရဲ့ ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၁၅၈ ဒသမ ၈၄ ဘီလျံ (ယူရို ၁၁၅ ဘီလျံ) အထိ တစ်နှစ်
အတွင်းမှာ ၄၀ ရာခိုင်နှုန်း ထိုးတက်လာခဲ့တယ် လို့ Millward Brownရဲ့ ၂၀၁၄ ခုနှစ်ရဲ့ ထိပ်တန်း
ကုမ္ပဏီ ၁၀၀ အစီရင်ခံစာ 2014 Top Brandz မှာ ဖော်ပြထားပါတယ်။

"ဂူးဂဲလ်ဟာ ဒီနှစ်မှာ ဂူးဂဲလ်မျက်မှန်ကို တီထွင်ခဲ့ပြီး စက်တွေနဲ့ ဆော့ဖ်ဝဲတွေမှာသုံးတဲ့ မှတ်ဉာဏ်
တုတွေ ထုတ်လုပ်ရာမှာ ရင်းနှီးမြှုပ်နှံ ထားသလို အစုစပ်လုပ်ငန်းတွေလည်း အများကြီး လုပ်ထား
ပါတယ်" လို့ Millward Brown France ဥက္ကဋ္ဌ Benoit Tranzer က ပြောပါတယ်။

ဂူးဂဲလ်မျက်မှန်ဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့မျက်မှန်ဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ပစ္စည်း
သစ်ရောင်းချပေးဖို့အတွကRay Ban နဲ့ တခြား နာမည်ကြီးအမှတ်တံဆိပ် တွေပြီးရင် အကြီးဆုံး
မျက်မှန်ကုမ္ပဏီတစ်ခု ဖြစ် တဲ့ Luxottica နဲ့ စပ်တူလုပ်ကိုင်နေပါတယ်။

"ဂူးဂဲလ်ရဲ့ ဒီဆောင်ရွက်ချက်တွေဟာ သုံးစွဲသူတွေကို ဂူးဂဲလ်ရဲ့အနှစ်သာရနဲ့ပတ်သက်ပြီး ခိုင်မာ
တဲ့ အချက်အလက်တွေ ပေးပါ တယ်" လို့ Tyranzer က ပြောပါတယ်။ သုံးနှစ်ဆက်တိုက်
ထိပ်တန်းနေရာမှာ ရပ်တည် ခဲ့တဲ့ အက်ပဲလ်ရဲ့ ဒီနှစ်ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၁၄၇ ဒသမ
၈၈ ဘီလျံအထိ ၂၀ ရာခိုင် နှုန်း ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

ထိပ်တန်းကုမ္ပဏီ ၁၀၀ စာရင်းရဲ့ နံပါတ် ၁၀ အတွင်း ကုမ္ပဏီတွေဟာ အမေရိကန် ကုမ္ပဏီတွေ
ဖြစ်ပြီး ဒေါ်လာ ၁၀၇ ဒသမ ၅၄ ဘီလျံအထိ လေးရာခိုင်နှုန်းကျဆင်းသွားတဲ့ အိုင်ဘီအမ် က
တတိယနေရာမှာရှိပါတယ်။ ဒေါ်လာ ၉၀ ဒသမ ၁၉ ဘီလျံအထိ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်
ခဲ့တဲ့ မိုက်ခရိုဆော့ဖ်က စတုတ္ထနေရာ မှာ ရှိပါတယ်။

အသင့်စားအစားအစာကုမ္ပဏီ မက်ဒေါ် နယ်လ်ကတော့ ဒေါ်လာ ၈၅ ဒသမ ရ၁ ဘီလျံ နဲ့
ပ ဉ္စမနေရာမှာရှိပြီး ကိုကာကိုလာက ဒေါ်လာ ၈၀ ဒသမ ၆၈ ဘီလျံနဲ့ နံပါတ် ၆ နေရာမှာရှိတယ်
လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာမခံလုပ်ငန်းကဏ္ဍမှာတော့ တရုတ်နိုင်ငံ က
ဦးဆောင်နေပြီး Piang An ရဲ့ ကုမ္ပဏီတန်ဖိုး က ဒေါ်လာ ၁၂ ဒသမ ၄ ဘီလျံရှိပြီး China Life
က ဒေါ်လာ ၁၂ ဘီလျံနဲ့ နောက်ကလိုက်နေပါ တယ်။

ပြင်သစ်ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Louis Vuitton ကတော့ ကုမ္ပဏီအမျိုးအစား အားလုံး
မှာ အဆင့် ၃၀ နေရာမှာရှိပေမယ့် ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၂၅ ဘီလျံနဲ့ ဇိမ်ခံပစ္စည်းကုမ္ပဏီအမျိုး
အစားမှာ ထိပ်တန်းက ရပ်တည်နေပါတယ်။

ကုမ္ပဏီတန်ဖိုးကို ကုမ္ပဏီတွေရဲ့ ငွေရေးကြေးရေးဆိုင်ရာ ရလဒ်နဲ့ သုံးစွဲသူတွေကြား ရပ်တည်နေ
တဲ့ အဆင့်အတန်းတွေပေါ်မူတည် ပြီး တွက်ချက်တာဖြစ်ပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်