လေးကြိမ်မြောက်ဖြစ်သည့် Thailand LAB 2014 ဟုခေါ်သော သိပ္ပံပညာဓာတ်ခွဲခန်းပစ္စည်း
ကိရိယာနှင့် နည်းပညာဆိုင်ရာ နိုင်ငံတကာ ပြပွဲနှင့် ကွန်ဖရင့်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့
BITEC, EH 101-102 တွင် စက်တင်ဘာ လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ရာ
မြန်မာနိုင်ငံမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား တက်ရောက်ရန် ဖိတ်ခေါ်ထား
သည်။
ထိုနိုင်ငံတကာပြပွဲနှင့် ကွန်ဖရင့်တွင် ပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များသည် အခြားအာရှ
ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် အသိပညာ ဖလှယ်ရေးများ
အား စည်းဝေးတိုင်ပင်နိုင်မည် ဖြစ်သည်။
"ပြပွဲမှာ သုတေသနနဲ့ စီးပွားရေးလုပ်ငန်း ကဏ္ဍအားလုံးအတွက် သိပ္ပံနဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်း
များအပေါ် အဓိကအာရုံစိုက်သော အာရှ တွင်ကျင်းပမည့် အကြီးမားဆုံး ပြပွဲတစ်ခုဖြစ်ပါ တယ်။
လေးကြိမ်မြောက်ကျင်းပတဲ့ပွဲမှာ လူပေါင်း ၆,၅၀၀ လာရောက်မယ်လို့ မျှော်လင့်ထားပါ တယ်"
ဟု VNU Exhibitions Asia Pacific ကုမ္ပဏီမှ စီးပွားရေးလုပ်ငန်း ဒါရိုက်တာ Mr.Teerayuth
Leelakajornkij ကပြောသည်။ တက်ရောက်လိုပါက ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ ဒိုင်းမွန်း
စင်တာတွင် စာရင်းပေး သွင်းနိုင်သည်။
















