မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်ပ ကုမ္ပဏီပူးပေါင်းမှု ဆွေးနွေးဆဲအဆင့်သာဖြစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်ပ ကုမ္ပဏီပူးပေါင်းမှု ဆွေးနွေးဆဲအဆင့်သာဖြစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမှ KDDI ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ရန်
ပြီးခဲ့သည့်မေလကုန်ပိုင်းတွင် သဘာတူလက်မှတ်ရေးထိုးမည်ဟု ကြေညာခဲ့သော်လည်း အသေး
စိတ်ဆွေးနွေးဆဲ အဆင့်သာရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။

"နှစ်ဖက်စလုံးကတော့ အမြန်ဆုံးလက်မှတ် ရေးထိုး နေချင်ကြပါတယ်။ ဒါပေမဲ့ ဆက်လက် ပြီး
အသေးစိတ်ဆွေးနွေးညှိနှိုင်းစရာတွေ ရှိနေပါတယ်။ ဘယ်လောက် ကြာမယ်၊ ဘယ်တော့ လက်
မှတ်ထိုးဖြစ်မယ်ဆိုတာ ကျွန်တော်မပြောနိုင်သေးပါဘူး" ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် ပြင်သစ်နိုင်ငံမှ Orange ဆက်
သွယ်ရေးကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ KDDI နှင့် စင်ကာပူနိုင်ငံမှ SingTel ကုမ္ပဏီတို့ကို တရား ၀င်
တင်ဒါဖြင့် ဖိတ်ခေါ်ခဲ့ခြင်းပြီး၊ အကြိုညှိနှိုင်း ဆွေးနွေးမှုများအရ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း
သည် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့်ပူးပေါင်းမည်ဟု သက်ဆိုင်ရာက ကြေညာခဲ့ပြီးဖြစ်
သည်။

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI တို့သည် ပထမအဆင့်တွင် Joint Operation
Agreement အဖြစ်ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ပြီး နောက်တစ်ဆင့်တွင် Joint Venture အဆင့်
ဆောင်ရွက်မည်ဖြစ်သည် ဟုလည်း ဦးသန်းထွန်းအောင်ကပြောသည်။ ဂျပန်နိုင်ငံမှ ဆူမီတိုမိုကော်
ပိုရေးရှင်းနှင့် လက်တွဲထားသည့် KDDI ၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီများအဖြစ် သတင်းအချက်
အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းနှင့် A1 ဆောက်လုပ်ရေး
ကုမ္ပဏီ တို့က ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI တို့ ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် သတင်းများ ထွက်
ပေါ်နေသော်လည်း အခြားဆွေးနွေးဖက် ကုမ္ပဏီများဖြစ်သည့် ပြင်သစ်နိုင်ငံမှ Orange ကုမ္ပဏီနှင့်
စင်ကာပူနိုင်ငံမှ SingTel ကုမ္ပဏီတို့သို့ တရားဝင် အကြောင်းပြန်ကြားထားခြင်း မရှိသေးကြောင်း
အဆိုပါကုမ္ပဏီများမှတာဝန် ရှိသူများက ပြောသည်။

"KDDI တို့ ပူးပေါင်းမယ်ဆိုတာ မီဒီယာတွေ ကနေပဲ သိရတယ်။ ကျွန်တော်တို့ကို တရားဝင်
အကြောင်းကြားထားတာ မရှိပါဘူး။ ဒီကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ထင်တယ်" ဟု
Orange ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက ပြည်ပ ကုမ္ပဏီများကို ပေးပို့ခဲ့သည့် တင်ဒါစည်းမျဉ်း အရ ပြည်ပကုမ္ပဏီနှင့် ပူးပေါင်း
လုပ်ကိုင်ရေးကို သုံးလအတွင်း အပြီးသတ် ဆွေးနွေးမည်ဟု ပါရှိသော်လည်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းနှင့် KDDI တို့ညှိနှိုင်းဆွေးနွေးမှုမှာ ငါးလကျော်သည် အထိ ပြီးပြတ်ခြင်းမရှိသည်မှာလည်း
စဉ်းစား စရာဖြစ်သည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် Orange ကုမ္ပဏီတို့
တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဒီဇင်ဘာလကုန် ပိုင်းတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက
အခြား ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းလုပ်ကိုင်ရေးအတွက် အပြီးသတ်ဆွေးနွေးနေပြီဟု Orange
ကုမ္ပဏီ ကို အကြောင်းကြားခဲ့ကြောင်း ၎င်းက ပြောသည်။

"ဘယ်ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ဆွေးနွေးနေတယ်ဆိုတာတော့ ကျွန်တော်တို့ကိုမပြောခဲ့ပါ ဘူး။
လောလောဆယ် ကျွန်တော်ပြောချင်တာ အဲလောက်ပါပဲ။ တကယ်လို့ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းနဲ့ KDDI တို့ တရားဝင်လက်မှတ်ရေးထိုးခဲ့မယ်ဆိုရင် ကျွန်တော်တို့ကလည်း အသေးစိတ်
အချက်အလက်တွေကို တရားဝင်ထုတ်ပြန် သွားဖို့ရှိပါတယ်" ဟုလည်း Orange မှ အဆိုပါ
တာဝန်ရှိသူကပြောသည်။

"ဆွေးနွေးစရာတွေ အများကြီးရှိတဲ့အထဲမှာ အဓိကထားဆွေးနွေးနေတဲ့ အကြောင်းအရာတွေ
ကတော့ ၀န်ထမ်းရေးရာကိစ္စ၊ နည်းပညာနဲ့ ငွေရေးကြေးရေးကိစ္စတွေမှာ ဘယ်လိုပူးပေါင်း လုပ်
ကိုင်သွားမယ်ဆိုတာတွေပါပဲ။ ဒါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ရွေးချယ်မှုပါပဲ။ အကျိုး
အမြတ်အများဆုံးရရှိနိုင်မယ့် နိုင်ငံ တကာကုမ္ပဏီကို ကျွန်တော်တို့ ရွေးချယ် ထားပြီးပါပြီ" ဟု
ဦးကျော်စိုးကပြောသည်။

မြန်မာတစ်နိုင်ငံလုံး၌ လက်ရှိ ဆက်သွယ်ရေးကွန်ရက် အများဆုံးရှိထားသည့် နိုင်ငံပိုင် မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းတွင် ခန့်ထားဝန်ထမ်းဦးရေပေါင်း ၁၁,၆၇၄ ဦး ရှိပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်