တစ်ဦးနှင့်တစ်ဦး အင်တာနက်ကတစ်ဆင့် ဆက်သွယ်နိုင်သည့် ဗိုင်ဘာ (Viber)
အက်ပလီကေးရှင်းအသုံးပြုမှု မြန်မာနိုင်ငံ၌တွင်ကျယ်လာရာ ယခုအခါ မြန်မာနိုင်ငံတွင်
ဗိုင်ဘာသုံးစွဲသူ ၃ ဒသမ ၈ သန်းရှိနေပြီးဖြစ် ကြောင်း ဗိုင်ဘာ၏ အမှုဆောင်အရာရှိချုပ်
Talmon Marco က မြန်မာတိုင်း(မ်)ကို ပြောသည်။
ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင်ဗိုင်ဘာအသုံးပြုသူ သန်း ၃၅၀ ခန့်ရှိပြီး မြန်မာ နိုင်ငံသည်
ဗိုင်ဘာအတွက် အဓိကအရေးပါ သော ဈေးကွက်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
"မြန်မာနိုင်ငံကို ဒီနှစ်အစောပိုင်းက အလည်ရောက်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ဗိုင်ဘာသုံးစွဲမှု
ဦးဆောင်နေတာကိုတွေ့ လိုက်ရတယ်။ ဒါကြောင့် ဗိုင်ဘာအတွက် မြန်မာနိုင်ငံက အဓိကဈေး
ကွက်ဖြစ်နေပါတယ်" ဟု Talmon Marco က ပြောသည်။
"ဆက်လက်ပြီး အသစ်အသစ်သော လုပ်ဆောင်မှုအသစ်တွေကို ဆက်လက် တီထွင်နေတယ်။
ဘာကြောင့်လဲဆိုတော့ ဗိုင်ဘာ အသုံးပြုသူတွေအနေနဲ့ သူငယ်ချင်း တွေ၊ မိသားစုတွေ၊ အလုပ်
နဲ့ပတ်သက်တဲ့ သူတွေနဲ့ ပျော်ရွှင်စွာ စိတ်လှုပ်ရှားစရာ နည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်အောင်
အသစ်အသစ်တွေကို ဖန်တီးနေပါတယ်" ဟု ၎င်းက ပြောသည်။ ဗိုင်ဘာဖြင့် ချိတ်ဆက်ပြီး
ပြည်တွင်း၊ ပြည်ပ ရှိ မိမိမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ခြင်း၊ မက်ဆေ့ချ်
ပို့နိုင်ခြင်း အပြင် ဓာတ်ပုံများလည်း ပေးပို့နိုင်ကာ အင်တာနက်အသုံးပြုခသာကုန်ကျမည် ဖြစ်
သည်။
အန်းဒရိုက်စနစ်သုံး ဟန်းဆက်ဖြင့် ဗိုင်ဗာ အက်ပလီကေးရှင်းကိုအသုံးပြုသူ မရတနာ က
"ဗိုင်ဘာရဲ့ အားသာချက်က ကိုယ်ကတစ်ယောက်ယောက်ကို မက်ဆေ့ချ်ပို့ထားရင်
ဒီမက်ဆေ့ချ်ကို လက်ခံရရှိတဲ့သူက မက်ဆေ့ချ် ကို ဖတ်လား မဖတ်ဘူးလားဆိုတာ
သိနိုင် တယ်။ ဗိုင်ဗာကမဟုတ်ဘဲ ရိုးရိုးသာမန် ဖုန်းလိုင်းနဲ့ မက်ဆေ့ချ်ပို့ရင် လက်ခံရရှိတဲ့
သူက ဖတ်လား မဖတ်လားမသိနိုင်ဘူး။ ဒါပေမဲ့ ဗိုင်ဗာက ကွန်နက်ရှင်မကောင်းရင် တော့
အသုံးပြုရတာတော့ နည်းနည်းခက်ခဲ တယ်" ဟု ပြောကြားသည်။
"ဗိုင်ဘာနဲ့ ချက်တာက သိပ်ပြီး ဖုန်းဘေလ် ကို မထိခိုက်ဘူး။ ဒီတိုင်းဖုန်းပြောမယ်ဆိုရင် တစ်မိနစ်
ကို ကျပ် ၅၀ လောက်ကုန်တယ်။ နောက်ပြီး ဗိုင်ဘာက ချက်ရုံလောက်ဆိုရင်တော့ အင်တာနက်
လိုင်းအရမ်းကောင်းဖို့ မလိုဘူး။ ဒါပေမံါလည်း အင်တာနက်ကွန်နက် ရှင်အရမ်းနှေးနေရင်တော့
သုံးရတာ အဆင် မပြေဘူး။ ဓာတ်ပုံတို့ အန်နီမေးရှင်းတွေ ပို့ချင်ရင်တော့ အင်တာနက် ကွန်နက်
ရှင် ကောင်းမှ ပို့လို့ရမယ်။ အခုဆို ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရင် ဗိုင်ဘာနဲ့ပဲ
ဆက်သွယ်တာ များတယ်" ဟု ကိုကျော်မျိုးက ပြောသည်။
"ဗိုင်ဘာအသေုံးပြုတာက ကိုယ့်ရဲ့ အချက်အလက်တွေကို ခိုးယူလို့ မရဘူး။ ဥပမာ - ဂျီမေးလ်တို့၊
ဖေ့ဘွတ်ခ်တို့ အခိုးခံရတာတွေရှိ တယ်။ ဗိုင်ဘာက ကိုယ်ပိုင်ကုတ်နံပါတ်နဲ့ဆို တော့ အခိုးခံရလဲ
ဗိုင်ဘာကို ပြန်ပြီး Deactivate လုပ်ပြီး အသစ်ပြန်လုပ်ရင် နောက်ကုတ် နံပါတ် အသစ်ကိုရတဲ့
အတွက်ကြောင့် ဗိုင်ဘာအသုံးပြုတာဟာကိုယ့်ရဲ့ အချက် အလက်တွေအတွက် လုံခြံုစိတ်ချမှု
ရှိပါတယ်" ဟု ဗိုင်ဘာအသုံးပြုသူတစ်ဦးဖြစ်သည့် မမြက ပြောသည်။
ဗိုင်ဘာသည် Window8 စနစ်သုံးမိုဘိုင်း ဖုန်းများတွင် ဗားရှင်း ၄ ဒသမ ၁ (၄.၁) ကို အသုံးပြုနိုင်
ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က စင်ကာပူနိုင်ငံ၌ စတင်မိတ်ဆက် ခဲ့ပြီး ဗိုင်ဘာ၏
နောက်ဆုံးပေါ်နည်းပညာဖြစ် သော လငဘနမ သကအ ကို စတင်အသုံးပြုနိုင်အောင် လည်း
ဆောင်ရွက်ပေးခဲ့သည်။

















