ဗိုင်ဘာအက်ပလီကေးရှင်းကို အသုံးပြုကာ ဘောလုံးရုပ်ပြောင်စတေကာများကို တစ်ဦးနှင့်
တစ်ဦးအပြန်အလှန်ပေးပို့နိုင်ပြီဟု ဇွန်လ ၁၃ ရက်နေ့တွင် ဗိုင်ဘာက သတင်းထုတ်ပြန် ခဲ့သည်။
"ကမ္ဘာ့ဖလားပွဲစဉ်တွေနဲ့အတူ ဖြစ်ပေါ်လာ သော ပြင်းပြတဲ့ စိတ်ခံစားချက်တွေ၊ စိတ်လှုပ်ရှား
မှုတွေ၊ မျက်ရည်တွေ၊ ပျော်ရွှင်မှုတွေကို ကမ္ဘာ နိုင်ငံအသီးအသီးမှာရှိကြတဲ့ မိတ်ဆွေသူငယ်ချင်း
အချင်းချင်း လွတ်လပ်စွာအပျော်တွေကို ဖြန့်ဝေ ခံစားနိုင်ဖို ့ဗိုင်ဘာက အကောင်းဆုံးနည်းလမ်း
တွေနဲ ့ကူညီပံ့ပိုးကူညီပေးနိုင်မယ်လို ့ယုံကြည်ပါတယ်" ဟု ဗိုင်ဘာ၏ထုတ်ကုန်ကိုယ်စားပြု
အကြီးအကဲ Michael Shmilov က ပြောသည်။
ဒါ့ပြင် ဗိုင်ဘာက ဒက်စတော့ကွန်ပျူတာများ တွင် အသုံးပြုရန် ဗားရှင်းအသစ်ကိုလည်း ဇွန်လ
၁၀ ရက်နေ့က မိတ်ဆက်ပေးခဲ့သည်။ ယင်းဗားရှင်းအသစ်တွင် သုံးစွဲသူများအကြား ခေတ်စားနေ
သည့် ရုပ်ပြောင်စတေကာများကို ဆန်းသစ်သော ပုံစံများဖြင့် သုံးစွဲနိုင်မည်ဖြစ် ပြီး သုံးစွဲသူများ
သည်စတေကာများကို အက်ပ လီကေးရှင်း၏ ဘေးဘက်ရှိ စတေကာမီနူးတွင် အလွယ်တကူ
ရှာဖွေသုံးစွဲနိုင်မည်ဖြစ်ပြီး ပိုမိုအရည်အသွေးကောင်းမွန်သည့် ဗီဒီယိုကို သုံးစွဲနိုင်ရန်လည်း
အဆင့်မြှင့်တင်ထားသည်။
"ပိုမိုများပြားလာတဲ့ သုံးစွဲသူတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဦးစားပေးမှုတွေကတော့ အသစ်သစ်
သော နည်းပညာတွေကိုမိတ်ဆက်တာ၊ နည်းပညာအသစ်တွေကိုတိုးချဲ့တာ ဗိုင်ဘာရဲ့ ဗားရှင်း
အသစ်တွေကို ဆက်လက် တိုးချဲ့တာတွေကို ဆက်လက်လုပ်ဆောင်သွား မှာပါ။
"ဒါကိုကျွန်တော်တို့ရဲ့ ဗိုင်ဘာဒက်စတော့ အတွက် ဗားရှင်းအသစ်မှာလဲ ဆောင်ရွက်ထားပါတယ်။
ကျွန်တော်တို့ရဲ့သုံးစွဲသူတွေ ဒါကို စမ်းသပ်ကြည့်ကြဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှား နေကြပါတယ်"
ဟု ဗိုင်ဘာ၏ အမှုဆောင်အရာ ရှိချုပ် Mr. Talmon Marco ကပြောသည်။
















