ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပကီများဖြစ်သော အူရီဒူးမြန်မာနှင့်တယ်လီနောမြန်မာတို့သည်
၎င်းတို့၏ လုပ်ငန်းများတွင် မိတ်ဖက်ကုမ္ပဏီအဖြစ်ပူးပေါင်း ဆောင်ရွက်မည့် မိုဘိုင်းကုမ္ပဏီအချို့
ကိုရွေးချယ်ကာ သဘောတူလက်မှတ်ရေးထိုးမှု ပြုလုပ်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း
သိရသည်။
အူရီဒူးမြန်မာကုမ္ပဏီမှ Samsung နှင့် HTC မိုဘိုင်း ကုမ္ပဏီများကို မိတ်ဖက်ကုမ္ပဏီအဖြစ်
ပူးပေါင်းနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း သဘောတူလက်မှတ်ရေး
ထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဇွန်လ ၁၈ ရက်နေ့က Eleven Daily သတင်းစာတွင်
ဖော်ပြထားသည်။
လတ်တလောတွင် အူရီဒူးနှင့် ပတ်သက်သော သတင်းအချို့ထွက်ပေါ်လျက်ရှိသော်လည်း အူရီဒူး
မြန်မာမှ ဆင်းကတ်များကို ကြေညာထားသည့်ရက်များတွင် ရောင်းချပေးနိုင်ရန် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
အူရီဒူးသည် Samsung နှင့် HTC ကုမ္ပဏီများအပြင် အခြားအမှတ်တံဆိပ် ကုမ္ပဏီများနှင့်လည်း
လက်တွဲဆောင်ရွက်ရန်စီစဉ်လျှက်ရှိကာ ဟန်းဆက်များကို ပုံစံအမျိုးမျိုးဖြင့်ရောင်းချပေးမည်ဖြစ်
သောကြောင့် သုံးစွဲသူများအနေဖြင့် ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
တယ်လီနောမြန်မာကုမ္ပဏီမှ HTC နှင့် Huawei ကုမ္ပဏီများကို မိက်ဖက်ကုမ္ပဏီ အနေဖြင့်ရွေး
ချယ်ထားကြောင်း သိရသည်။ သုံးစွဲသူများသည် အဆိုပါကုမ္ပဏီများမှ ဆင်းကတ်များရောင်းချ
ချိန်တွင် အရည်အသွေးကောင်းပြီး နာမည်ရှိသည့် ဟန်းဆက်များကို ဈေးနှုန်းသက်သာစွာဖြင့်
၀ယ်ယူနိုင်ရန် မျှော်လင့်လျက်ရှိပြီး မြန်မာပြည်တွင်းတွင် Samsung နှင့် Huawei အမျိုးအစား
ဟန်းဆက်အမျိုးအစားသည် အသုံးပြုမှုများသော တံဆိပ်များ ဖြစ်ကြောင်းသိရသည်။

















