ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ် သည့် အော်ရီဒူး၏ ထုတ်ကုန်များအား မသုံးစွဲရန်
လှုံ့ဆော်သည့်လှုပ်ရှားမှုအချို့မှာ နိုင်ငံ၏ တိုးတက်ရေးကို ထိခိုက်စေနိုင်သလို သုံးစွဲသူများအတွက်
လည်း အရည်အသွေးကသာ အဓိကဖြစ်သည်ဟု လေ့လာသူများက ပြောကြားကြသည်။
"မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍတိုးတက်ဖို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေ ကဏ္ဍကလည်း အရေးပါတယ်။ အော်ရီဒူးမှမဟုတ်ပါဘူး။ နောက် မြန်မာနိုင်ငံအတွက် စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေ
က ဒီလိုမြန်မာ တွေက ဒီဘာသာရေးကို အစွဲအလမ်းကြီး တယ်ဆိုရင် နောက်ပိုင်းရင်းနှီးမြှုပ်နှံသူ
တွေ က မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမှု နောက်ဆုတ်သွားလိမ့်မယ်။ မြန်မာပြည်သူ တွေက
လည်း ဆင်းကတ်တွေကို ရွေးချယ်ပိုင် ခွင့်ရှိတယ်။ အော်ရီဒူးကိုမှ ၀ယ်ရမယ် မဟုတ် ဘူး။
စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အခုလို ဘယ်ဆင်းကတ်ကိုတော့ မသုံးသင့်ဘူးလို ့
ဘာသာရေးကို ခုတုံးလုပ် တာကတော့ အဓိပ္ပာယ်မရှိဘူး။ မြန်မာ လူမျိုးတွေမှာလည်း စဉ်းစား
ဉာဏ်ရှိတဲ့အတွက် ကြောင့် အခုလုပ်ရပ်က သိပ်ပြီး အကျိုး သက် ရောက်မှု မရှိနိုင်ဘူးလို့ထင်
ပါတယ်" ဟု Yangon Heartz Media and Business Solution ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်
ဦးဇော်ဇော်မျိုးလွင်က ပြောသည်။
ပြည်တွင်းဆက်သွယ်ရေးကဏ္ဍ၌ အော် ပရေတာလေးခုက အပြိုင်ဝန်ဆောင်မှုများ ပေးတော့မည်
ဖြစ်ရာ သုံးစွဲသူများအနေဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးစွဲလာနိုင်ကြ မည်ဖြစ်သည်။
"အော်ရီဒူးဆင်းကတ်တွေ ရောင်းချပေးချိန်မှာတော့ ဘာသာရေးအစွဲကြောင့် ဆင်းကတ်တွေကို
အသုံးမပြုတဲ့သူရှိနိုင်သလို ဆင်းကတ်ရဲ့ အရည်အသွေးကို သုံးသပ်ပြီး ၀ယ်ကြမယ့် သုံးစွဲသူတွေ
လည်း ရှိနိုင်ပါတယ်။ အခုလူတိုင်းက ဒီဆင်းကတ်တွေကို အာရုံ စိုက်နေကြတဲ့ အချိန်ဖြစ်တဲ့အတွက်
စပြီး ထွက်လာတဲ့ ပထမဦးဆုံး ဆင်းကတ်တွေက တော့ အရမ်းရောင်းရမယ်လို့တော့ ထင်ပါ တယ်။
ကျွန်တော်တို့ဆိုင်တွေကတော့ အော်ရီဒူး မှမဟုတ်ပါဘူး၊ အော်ပရေတာတိုင်းရဲ့ ဆင်း ကတ်တွေကို
ရောင်းချပေးမှာပါ" ဟု Mr. Fone Telecom Center မှ အထွေထွေမန်နေဂျာ ဦးထက်လင်းကျော်
က ပြောသည်။
ကန့်ကွက်မှုများနှင့် ကြံုနေရသော်လည်း အော်ရီးဒူးကုမ္ပဏီအနေဖြင့် နိုင်ငံတကာ ဆက်သွယ်ရေး
ကုမ္ပဏီဖြစ်သည်နှင့်အညီ သုံးစွဲသူများအား အကောင်းဆုံးမိုဘိုင်း ပစ္စည်းများနှင့် ၀န်ဆောင်မှုများ
အားပေးရန် ကိုသာ အာရုံစိုက်နေကြောင်း အော်ရီဒူး မြန်မာမှလူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး
မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
"ကျွန်မတို့ကုန်ပစ္စည်းတွေ အမှတ်တံဆိပ် တွေ မိဘပြည်သူတွေဆီပျံ့နှံ့လာပြီး ကျွန်မတို့ က ပြည်သူလူထုအတွက် ကောင်းကျိုးတွေ ဆောင်ရွက်နေတာတွေကို တွေ့လာတဲ့အခါ မှာ
ကျွန်မတို့အပေါ်မှာရှိတဲ့သံသယတွေ အလို လိုပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်" ဟု ၎င်းက
မြန်မာတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်လည်း အော်ရီးဒူးကုမ္ပဏီသည် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်
နေရုံသာမက မြန်မာနိုင်ငံရှိ ပြည်သူ များ၏ ကျန်းမားရေးအတွက် ရွေ့လျား ကျန်းမား ရေး စောင့်
ရှာက်မှုအစီအစဉ်ဖြစ်သည့် ဩဘငူန ံနေူအ့ခမေန အစီအစဉ်ကိုလည်း အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်။
ဇွန်လ ရ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက်တွင် အော်ရီဒူး ၀န်ဆောင်
မှုနှင့် ထုတ်ကုန်များမသုံးစွဲရေး၊ အော်ရီဒူးဝန်ထမ်းများအဖြစ် မလုပ်ရေးနှင့် အော်ရီဒူးထုတ်ကုန်များ
အား မရောင်းချရေး တို့အတွက် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ "အော်ရီဒူးကုမ္ပဏီရဲ့ ပိုင်ရှင်က
ကာတာနိုင်ငံ ကဖြစ်တယ်။ ဘုန်းကြီးတို့အနေနဲ့ ဘာသာချင်း မတူတဲ့အတွက်ကြောင့် အဲဒီကုမ္ပဏီ
က ဟန်းဆက်တို့၊ ဆင်းကတ်တို့ ၀ယ်ယူသုံးစွဲမှု မပြုဖို့ အဲဒီကုမ္ပဏီမှာ အလုပ်မလုပ်ဖို့၊ အဲဒီ
ဖုန်းနံပါတ်နဲ့လာရင် နားမထောင်ဖို့ အသိ ပညာပေးဟောပြောပွဲလုပ်ခဲ့တယ်" ဟု ကန့် ကွက်သည့်
လှုပ်ရှားမှုကို ဦးဆောင်သူ မကွေးဆရာတော်ဦးပါမောက္ခက ပြောသည်။ အဆိုပါ ဟောပြောပွဲသို့
၁,၀၀၀ ကျော်ဖိတ်ကြားခဲ့သော်လည်း ဘုန်းကြီး အပါး ၁၅၀ နှင့်လူ ၃၅၀ ခန့်သာ တက်ရောက်
ခဲ့သည်။

















