အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေက ၁၉၉၉ ခုနှစ်မှာ လုပ်ငန်းငယ်တွေကို ချေးငွေ တွေထုတ်
ပေးနေတဲ့အတွက် လက်ထဲငွေ မရှိတဲ့ တရုတ်လုပ်ငန်းရှင်ဂျက်ခ်မာဟာ အလီဘာဘာ (Alibaba)
လို့ခေါ်တဲ့ အင်တာ နက်ကနေ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ကို စတင်လည်ပတ်နိုင်ဖို့အတွက်
ဒေါ်လာ ၆၀,၀၀၀ ရဖို့ မိတ်ဆွေတွေဆီကနေ အကူ အညီတောင်းခံခဲ့ရပါတယ်။
နောက် ၁၅ နှစ်အကြာမှာတော့ ဒီကုမ္ပဏီ ဟာ အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်လာ ပြီး တစ်ခါက
အင်္ဂလိပ်စာဆရာဖြစ်ခဲ့တဲ့ ဂျက်ခ် မာဟာလည်း တရုတ်နိုင်ငံက ထိပ်တန်း သူကြွယ်တွေထဲမှာ ပါ၀င်
လာခဲ့ပါတယ်။ ဖော့ဘ်စ်မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အချက် အလက်တွေအရ သူ့ရဲ့ ကြွယ်ဝမှုဟာ
ခန့်မှန်း ခြေ ဒေါ်လာ ၈ ဒသမ ၄ ဘီလျံရှိပါတယ်။ အလီဘာဘာကုမ္ပဏီဟာ ရှယ်ယာတွေ အများ
ပြည်သူကို ထုတ်ရောင်းဖို့အတွက် စတော့ရှယ်ယာကော်မရှင်မှာ မေလ ၆ ရက်နေ့ က မှတ်ပုံတင်
ထားခဲ့ပြီး ကမ်းလှမ်းထားတဲ့ ရှယ်ယာတန်ဖိုးကလည်း ရှယ်ယာကမ်းလှမ်း မှု သမိုင်းမှာ အများဆုံး
တစ်ခုလို့ ဆိုရမယ့်အထဲမှာ ပါ၀င်ပါတယ်။
အများပြည်သူကို ကမ်းလှမ်းတဲ့ရှယ်ယာ တန်ဖိုးဟာဒေါ်လာ ၁၅ ဘီလျံဝန်းကျင်အထိ ဖြစ်နိုင်တယ်
လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားပါတယ်။ ဒီနှုန်းထားဟာ ၂၀၁၂ ခုနှစ်မှာ ရှယ်ယာတွေ အများ
ပြည်သူကို စတင်ရောင်းချ စဉ်မှာ ဒေါ်လာ ၁၆ သန်းစတင်သတ်မှတ်ခံ ခဲ့ရတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်
ယာတန်ဖိုးနဲ့ တူညီ ပါတယ်။ အလီဘာဘာအုပ်စုမှာ စီးပွားရေးလုပ်ငန်း တွေအတွက် Tmail.com
ကနေ သိန်းပေါင်းရာ နဲ့ချီပြီးရှိတဲ့ ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှု တွေ စာရင်းသွင်းထားရာနေရာ
တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ လူသိအများဆုံး စားသုံးသူ အွန်လိုင်းဈေးကွက်တစ်ခုဖြစ်တဲ့ Taobao
၀က်ဘ်ဆိုက်အထိ ပါ၀င်ပါတယ်။
အခုအချိန်မှာ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂျက်ခ်မာဟာ အင်တာနက်မှာ စီးပွားရေး လုပ်ငန်း
လုပ်ကိုင်ဖို့ တွေ့ရှိပြီးတဲ့နောက်မှာ သူ့ရဲ့ တက္ကသိုလ်ဆရာအလုပ်ကို စွန့်လွှတ်ခဲ့ပါ တယ်။ လုပ်ငန်း
ငယ်လေးတွေ သူတို့ရဲ့ ထုတ်ကုန် တွေကို ရောင်းဝယ်ဖို့ အွန်လိုင်းကို အသုံးချရ မယ်ဆိုတဲ့ အချက်
ကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ အလီဘာဘာဆိုတဲ့ အွန်လိုင်းရောင်းဝယ်ရေး ၀က်ဘ်ဆိုက်ကို စတင်
လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်းမှာ သူ့ရဲ့ ရုံးခန်းကို တရုတ်ပြည်အရှေ့ ပိုင်း ဟန်ကျိုးမြို့က သူ့အခန်း
အပြင်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
"အင်တာနက်ကို ပထမအကြိမ် ကျွန်တော် စပြီး အသုံးပြုခဲ့တုန်းက ကီးဘုတ်ကို ထိလိုက် တဲ့
အချိန်မှာပဲ 'ဒါက ကမ္ဘာကို ပြောင်းလဲနေစေ ပြီး တရုတ်နိုင်ငံကိုလည်း ပြောင်းလဲစေမယ့် အရာ
တစ်ခုပဲ' ဆိုတဲ့အချက်ကို သတိထားမိခဲ့ ပါတယ်"လို့ မာက စီအင်န်အင်န်သတင်းဌာန ကို တစ်ခါက
ပြောခဲ့ဖူးပါတယ်။ မာဟာ ပိုပြီးပွင့်လင်းမြင်သာမှုရှိတဲ့ စီမံ ခန့်ခွဲမှုပုံစံကို ကျင့်သုံးခဲ့ပေမယ့်လည်း
သူ့ကို သွားလေသူ အက်ပဲလ်ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့နဲ့ နှိုင်းယှဉ်ဖော်ပြကြပါတယ်။
'ယန်စီမြစ်ထဲက မိကျောင်း'ဆိုတဲ့ ကုမ္ပဏီ အကြောင်း မှတ်တမ်းတင်ကားကိုရိုက်ကူး ခဲ့တဲ့ အလီ
ဘာဘာရဲ့ကုမ္ပဏီဝန်ထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ပေါ်တာအဲရစ်မန်းက "ဆီလီကွန် ဗယ်လီက
ဘာအတွက် လူသိများသလဲ။ အဲဒီ အချက်တော်တော်များများကို တရုတ်နည်း တရုတ်ဟန်နဲ
့ သူက ပုံဖော်ထားပါတယ်" လို့ ပြောပါတယ်။
မာရဲ့ မိဘတွေက ဆင်းရဲတဲ့ ပညာတတ်တွေဖြစ်ပြီး သူ့အဖေရဲ့ ပင်စင် လစာ တစ်လဒေါ်လာ
၄၀ နဲ့ တစ်မိသားစုလုံး ရပ်တည်ခဲ့ရတာလို့ တရုတ်အစိုးရပိုင်မီဒီယာ မှာ မာရဲ့ ဘဝအကြောင်းကို
ဖော်ပြထားပါ တယ်။ အလီဘာဘာရဲ့ ွှသေဘသေ ၀က်ဘ်ဆိုက် ဟာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံး
eBay ဖြစ်လာခဲ့ပြီးတဲ့နောက်မှာမှ မာရဲ့အောင်မြင် မှုတွေက ပိုပြီးထင်ရှားလာခဲ့ပါတယ်။ သူ့ရဲ့ ၀က်ဘ်
ဆိုက် အောင်မြင်မှုရလာတဲ့အတွက် အမေရိကန်လေလံဝက်ဘ်ဆိုက်ဖြစ်တဲ့ နြပေ ဟာ ၂၀၀၆ ခုနှစ်
မှာ တရုတ်နိုင်ငံကနေ ဆုတ်ခွာသွားရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အလီဘာဘာရဲ့ အမှုဆောင် အရာရှိနေရာကနေ သူက ဖယ်ပေးခဲ့ပေမယ့် ဥက္ကဋ္ဌ
အဖြစ်နဲ့ ကုမ္ပဏီအတွက် မဟာဗျူဟာကျတဲ့ လမ်းညွှန်မှုတွေ ပေးနေဆဲပါပဲ။ သူ့ကုမ္ပဏီရဲ့ ၀န်ထမ်း
ပေါင်း ၂၀,၀၀၀ ဆီ ပေးပို့ထားတဲ့ အမှာစာထဲက အရေးအသားတွေက ကမ္ဘာ့အင်တာနက်ကုမ္ပဏီ
တွေကို စိန်ခေါ်ထားသလိုပါပဲ။
"အလီဘာဘာကို တည်ထောင်သူ၁၈ ဦး ဟာ တရုတ်လူမျိုးတွေချည်း တည်ထောင်ထား တဲ့
ကမ္ဘာ့အင်တာနက်ကုမ္ပဏီတစ်ခုကို လွန်ခဲ့တဲ့ ၁၅ နှစ်က စတင်တည်ထောင်ခဲ့ပါ တယ်။ ကမ္ဘာ့
ထိပ်တန်းအင်တာနက်ကုမ္ပဏီကြီး ၁၀ ခု မှာ တစ်ခုအပါ အဝင်ဖြစ်လာဖို့နဲ့ ကုမ္ပဏီကြီး နှစ်ပေါင်း
၁၀၂ နှစ်တိုင် တည်တံ့စေဖို့ မျှော်လင့် ချက်တွေနဲ့ စတင်တည်ထောင်ခဲ့ကြတာပါ" လို့ သူ့ရဲ့
အမှာစကားမှာ ပြောကြားထားပါတယ်။
(အေအက်ဖ်ပီ)

















