မိုးရာသီတွင် အော်တိုတယ်လီဖုန်းအိတ်ချိန်း ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက ပြဿနာ အပေါ်
မူတည်၍ အလျင်မြန်ဆုံးပြုပြင်ဆောင် ရွက်ပေးသွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်း မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း အော်တို တယ်လီဖုန်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသန်းလှိုင်က မြန်မာတိုင်း(မ်)
သို့ ပြောသည်။
"ကျွန်တော်တို့ အခုမိုးရာသီမှာဆိုရင် ကေဘယ်လ်လိုင်းတွေ ချို့ယွင်းမှုအနည်းငယ် ရှိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ကလည်း အချိန်နဲ့ တစ်ပြေးညီပြင်ဆင်မှုတွေလုပ်နေပါ တယ်" ဟု ၎င်းက
မြန်မာတိုင်း(မ်)သို့ ပြော သည်။
ချို့ယွင်းမှုများရှိလာမည်ဆိုတာက စက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများထားရှိခြင်း၊ အချိန်နှင့် တစ်ပြေး
ညီပြင်ဆင်နိုင်ရန် လူအင်အားထားရှိခြင်း၊ လိုအပ်ပါက အရေးပေါ် တာဝန်ချခြင်းများလုပ် ဆောင်
ရွက်သွားမည် ဖြစ်ကြောင်း၎င်းက ပြောသည်။ အသုံးများသည့် အင်တာနက်လိုင်းတစ်မျိုး ဖြစ်သည့်
ADSL လိုင်းများသည် အော်တို တယ်လီဖုန်းလိုင်းမှတစ်ဆင့် ရယူသုံးစွဲခြင်း ဖြစ်သည့်အတွက်
အော်တိုတယ်လီဖုန်းလိုင်း များ ပြတ်တောက်သွားပါက ADSL အင်တာ နက်အသုံးပြုသူများ
ဖုန်းလိုင်းနှင့်အတူ အင်တာ နက်လိုင်း ပြတ်တောက်မှုကိုပါ ခံစားရသည်ဟု နည်းပညာကျွမ်းကျင်
သူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့ တနင်္လာနေ့ကဆိုရင် ဗိုလ်အောင်ကျော်လမ်းတစ်လျှောက် တယ်လီ ဖုန်းလိုင်း
တွေက အော်တိုတောင်မဝင်တော့ ဘူး။ အဲဒီတော့ ဒီလမ်းတစ်လျှောက် ADSL လိုင်းကို အသုံးပြုပြီး
အလုပ်လုပ်နေတဲ့သူ တွေက အလုပ်မှာအနှောင့်အယှက်ဖြစ်ပါ တယ်။ ကျွန်တော်တို့ ရတနာပုံ
တယ်လီပို့ ADSL အဖွဲ့ကိုမေးတော့ ဘယ်တော့ပြန် ကောင်းမယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါ
ဘူးလို့ ပြောပါတယ်။
အင်္ဂါနေ့မနက်က ရတနာ ပုံတယ်လီပို့က ADSL အဖွဲ့ကိုဆက်သွယ် တော့ အဲဒီက တာဝန်ရှိသူက
၀န်ကြီးများရုံး က အိတ်ချိန်းရေဝင်လို့ပြုပြင်နေပါတယ် ပြန်ပြောတယ်" ဟု ၎င်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ မိုးတွင်း ကာလ အော်တိုဖုန်းလိုင်းများ ချို့ယွင်းခြင်းကို
အချိန်တိုအတွင်း ပြုပြင်ပေးသွားမည်ဖြစ် ကြောင်း ပြောသည်။ "ကျွန်မအလုပ်က အင်တာနက်ကို
နေ့စဉ် အသုံးပြုပြီး အလုပ်လုပ်ရတယ်။ အင်တာနက် တစ်ရက်မရရင် လုပ်ရမယ့်အလုပ်က တစ်ဆ
တိုးတယ်။ အင်တာနက်ရတဲ့အခါမှာလည်း လိုင်းမကောင်းဘူး။ တနင်္လာနဲ့ အင်္ဂါနေ့မှာ အင်တာနက်
မရတဲ့ အလုပ်ကနှစ်ရက်စာနှောက် နှေးပါတယ်။ အဲဒါကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။
ရုံးဝန်ထမ်းတွေအားလုံးဖြစ်နေ တာပါ"ဟု အင်တာနက်ကို နေ့စဉ်အသုံးပြု ကာ အလုပ်လုပ်နေရသူ
မနန္ဒာကပြောသည်။
















