မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်း၏ ဂျီအက်ဆမ် နှင့် ဒဗလျူစီဒီအမ်အေဆင်းကဒ်အသုံးပြုသူများ
သည် ဇူလိုင်လ ၂ ရက်နေ ့မှစတင်ကာ နိုင်ငံပေါင်း ၃၁ နိုင်ငံမှအော်ပရေတာ ၃၁ ဦး ၏ နက်ဝေါ့
တွင် သယ်ယူအသုံးပြုနိုင်မည့် Outbound Roaming ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀က်ဆိုက်တွင်ဖော်ပြထားသည်။
ဖုန်းခေါ်ခ နှုန်းထားများသည် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသို ့ဖုန်းခေါ်ဆိုခမှာ
တစ်မိနစ်လျှင် ၃၀၀၀ကျပ် ဖြစ်ပြီး အရှေ ့အာရှ နှင့်တောင်အာရှနိုင်ငံများမှ မြန်မာနိုင်ငံ သို ့ ဖုန်း
ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၃၅၀၀ ကျပ်ဖြစ်ကာ အလယ်အာရှတိုက်မှ မြန်မာနိုင်ငံသို ့ဖုန်းခေါ်ဆို
ခမှာ တစ်မိနစ်လျှင် ၄၅၀၀ကျပ် ဖြစ်သည်။
ဥရောပ၊ ဩစတေးလျ၊ အာဖရိက နှင့် အမေရိက နိုင်ငံများမှ မြန်မာနိုင်ငံသို ့ဖုန်းခေါ်ဆိုခမှာမူ
တစ်မိနစ်လျှင် ၅၀၀၀ ကျပ်ဖြစ်သည်။ ထို ့အတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ International
Roamingစနစ်ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင်အာဆီယံနိုင်ငံများ
အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ အော်ပရေတာ ရ၇ ဦး၏ ဂျီအက်ဆမ်နှင့် ဒဗလျူစီဒီအမ်အေသုံးစွဲ
သူများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဂျီအမ်ဆင်နှင့် ဒဗလျူစီဒီအမ်အေ မိုဘိုင်းနက်ဝေါ့
တွင် Inbound Roaming လာရောက်သုံးစွဲနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏
၀က်ဆိုက်တွင်ဖော်ပြထားသည်။

















