အနာဂတ်မှာ ရုံးအလုပ်တွေကို အဝေးကနေ လုပ်ကိုင်နိုင်တော့မှာလား

အနာဂတ်မှာ ရုံးအလုပ်တွေကို အဝေးကနေ လုပ်ကိုင်နိုင်တော့မှာလား

အနာဂတ်မှာဖြစ်လာနိုင်တဲ့ ရုံးလုပ်ငန်းဆိုင်ရာ အလုပ်ခွင်တွေကတော့ အခုတွေ့မြင်နေကြ ရ တဲ့
အခန်းငယ်လေးတွေ၊ အကန့်လေးတွေ ကန့်ထားတဲ့ အဆောက်အအုံကြီးတွေမျိုး ထက် ပိုပါတယ်။
ကော်ဖီဆိုင်၊ဧည့်ခန်း၊ လေဆိပ် ဒါမှမဟုတ် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်တဲ့ ဘယ်နေရာ
မှာမဆို လုပ်ငန်း ခွင်တွေ ဖြစ်လာနိုင်ပါတယ်။

လက်ပ်တော့တွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာ လူတော်တော်များများဟာ ရုံး လုပ်ငန်းကိစ္စတွေ
ကို ကိုယ့်ရုံးက အလုပ် စားပွဲနဲ့ ဝေးရာနေရာကနေလည်း အလုပ်လုပ် နေကြပါပြီ။ ဒါပေမဲ့ လူတစ်ဦး
တစ်ယောက် ကို ကိုယ်စားပြုတဲ့ ကွန်ပျူတာကနေတစ်ဆင့် ထိန်းချုပ်ထားတဲ့ အမြင်နဲ့အကြား
အာရုံခံပါ တဲ့ အဗာတာ (avatars) တွေနဲ့ telepresence robots တွေလို တကယ့်ကို အပြင်မှာ
ဖြစ်နေတဲ့အနေအထားမျိုးကို ရရှိခံစားနိုင် စေတဲ့ virtual reality နည်းပညာတွေကြောင့်
ဒီလိုအနေအထားဟာ အရှိန်ရနေတဲ့အနေအထားမျိုး ရောက်လာနေပါပြီ။

"လူတွေဟာ အိမ်ကနေပဲ ရုံးအလုပ်တွေ ကို လုပ်ကြတာမဟုတ်ပါဘူး။ သူတို့အတွက် အဆင်ပြေ
မယ့် ဘယ်နေရာကနေမဆို ကိုယ့် အလုပ်ပြီးအောင် လုပ်နေကြပါပြီ" လို့ နည်း ပညာကိုအခြေခံပြီး
ရုံးခန်း ဒါမှမဟုတ် လုပ်ငန်းခွင်နဲ့ ဝေးရာနေရာကနေ ရုံးလုပ်ငန်း တွေလုပ်ကိုင်တဲ့ဖြစ်စဉ်ကို လေ့လာ
နေတဲ့ Forrester Research မှကျွမ်းကျင်သူ Ted Schadler က ပြောပါတယ်။

"တချို့သူတွေဆို ရုံးစောစောဆင်းပြီး အိမ်မှာ ကလေးသိပ်ပြီးတဲ့အခါ ရုံးအလုပ် တွေ လုပ်ကြတယ်"
လို့ သူက ပြောပါတယ်။ ဆော့ဖ်ဝဲကုမ္ပဏီ  Citrixu-၂၀၁၂ ခုနှစ်မှာ ပြုစုခဲ့တဲ့ စစ်တမ်းတစ်ခုအရ
အမေရိကန် နိုင်ငံက ၀န်ထမ်း ၉၀ ရာခိုင်နှုန်းဟာ အလုပ် စားပွဲမှာ အလုပ်မလုပ်ဘဲ တခြားအဆင်
ပြေရာနေရာကနေ ရုံးအလုပ်တွေလုပ်တဲ့ mobile work style တွေကို လုပ်ခွင့်ရထား ကြတာ
ကို တွေ့ရပါတယ်။

ဒါ့ပြင် တရုတ် နိုင်ငံမှာ ၈၅ ရာခိုင်နှုန်း၊ ဘရာဇီးလ်မှာ ၈၁ ရာခိုင်နှုန်း၊ အိန္ဒိယမှာ ရ၇ ရာခိုင်နှုန်း
နဲ့ ဗြိတိန်မှာ ရ၂ ရာခိုင်နှုန်းရှိပြီး ပြင်သစ်နဲ့ ဂျာမနီနိုင်ငံမှာ ရ၁ ရာခိုင်နှုန်းစီရှိတယ်လို့ စစ်တမ်းမှာ
ဖော်ပြထားပါတယ်။ အရင်ကလိုမျိုး ရုံးကအလုပ်စားပွဲမှာ လုပ်မှ အလုပ်ဖြစ်မယ်ဆိုတာထက်
အဆင် ပြေရာနေရာမှာ အလုပ်ဖြစ်အောင်လုပ်နေ ကြတဲ့အလေ့အထတွေ မြင့်တက်လာရတဲ့
အကြောင်းကတော့ မျက်နှာချင်းဆိုင်ဆက်သွယ်ပြောဆိုဖို့လို အပ်တဲ့နေရာတွေ မှာ စက်ရုပ်တွေနဲ့
လူအစစ်နဲ့တွေ့ပြီးပြော နေရတဲ့အတိုင်းဖြစ်စေတဲ့ ကွန်ပျူတာ အခြေခံ အာရုံခံစနစ်နဲ့ သုံးဖက်မြင်
ရုပ်ကြွ မြင်ကွင်းတွေပါတဲ့ နည်းပညာတွေကို အစားထိုးအသုံးပြုခွင့်ပေးမယ့် နည်းပညာ တွေ
ပေါ်ထွက်လာတာကလည်း တစ်ချက် အပါအဝင်ဖြစ်နိုင်ပါတယ်။


 

အဝေးရောက်အစည်းအဝေးတက်တဲ့ သူကိုယ်စားစည်းဝေးမှာ ပါ၀င်ပေးတဲ့ telepresence robot
လို့ခေါ်တဲ့ စက်ရုပ်တွေ ဟာ ဗီဒီယိုကနေတစ်ဆင့် ၀င်ရောက် ဆွေးနွေးမှု တစ်မျိုးပါပဲ။ ကယ်လီဖိုးနီး
ယားကုမ္ပဏီ Double Robotics က ထုတ်လုပ်ထားတဲ့ ပစ္စည်းသစ် တစ်ခုကတော့ ရုံးထဲက
သူတွေအားလုံးနဲ့ လိုက်ပြီး ဆက်သွယ်ပြောဆိုနိုင်အောင် သူ့ဘာသာသူထိန်းနိုင်တဲ့ စကူတာမှာ
အိုက်ပက်ဒ်ကို တပ်ဆင်ပေးထားတာပါ။ စက်ရုပ်တွေနဲ့ပတ်သက်ပြီး ရုပ်သံဟာသ အစီအစဉ်တွေ
မှာ သရော်ပြီး ပြောဆိုနေကြ ပေမယ့် ကုမ္ပဏီတွေဟာ စက်ရုပ်တွေကို သဘောကျစပြုလာပြီလို့
Double Robotics  မှ Jay Liewu က ပြောပါတယ်။

"လူတစ်ယောက်ယောက်ရှိတဲ့အချိန် နဲ့သူမရှိတဲ့အချိန် စက်ရုပ်က အစားထိုးပြီးရှိ နေတဲ့အချိန်ဆိုပြီး
ကွဲကွဲပြားပြားမမှတ်မိ နိုင်တော့ဘူးလို့ ကျွန်တော်တို့ကိုပြောတဲ့ ဖောက်သည်တွေရှိပါတယ်" လို့
 Liewu က အေအက်ဖ်ပီကို ပြောပါတယ်။

"အစောပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ အံ့အား သင့်မှုတွေ ပျောက်ပျက်သွားတဲ့နောက်မှာ တော့ ရုံးခန်းထဲမှာ
တစ်ယောက်ယောက် ကိုယ်စားရောက်နေတဲ့ စက်ရုပ်ကို စက်ရုပ် လို့ မမြင်တော့ဘဲ ကိုယ့်မိတ်ဆွေ
ဂျွန်ပဲ၊ ကော်နီပဲလို့ အစားထိုးထားတဲ့လူအတိုင်းပဲ မြင်တယ်လို့ သူတို့က ပြောပါတယ်" လို့ သူက
ပြောပြပါတယ်။

ရုံးကနေ အဝေးကိုရောက်နေတဲ့သူ တစ်ဦးဟာ ဒီစက်ရုပ်ကနေတစ်ဆင့် ရုံးခန်း ထဲလှည့်ပတ်သွား
လာနိုင်သလို နားနေခန်းထဲမှာ စကားစမြည်ပြောနိုင်ပြီး လုပ်ဖော် ကိုင်ဖက်တစ်ဦးဦးကို တစ်ခုခု
မေးချင်ရင် လည်း သူ့စားပွဲရှေ့ရပ်ပြီး မေးနိုင်ပါတယ်။ နောက်ထပ်နည်းပညာတစ်ခုကတော့
လူအချင်းချင်း ကွန်ပျူတာကနေတစ်ဆင့် ဆက်သွယ်ပြောဆိုရာမှာ သူတို့ဖန်တီးထား တဲ့ရုပ်ပုံတွေ
ဒါမှမဟုတ် ကာတွန်းပုံလေး တွေလို ရုပ်ပုံတွေကနေတစ်ဆင့် ဆက်သွယ် ပြောဆိုလို့ ရတာပါ။
လူအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးတာထက် ကွန်ပျူတာအခြေခံ အာရုံခံ စနစ်နဲ့
သုံးဘက်မြင်ရုပ်ကြွမြင်ကွင်းတွေပါတဲ့ နည်းပညာတွေကနေတစ်ဆင့် အပြန်အလှန် ဆက်သွယ်
ပြောဆိုတာမျိုးက ကိစ္စတော် တော်များများမှာ ပိုကောင်းနိုင်ပါတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်
Virtual Human Interaction Lab က ဒါရိုက်တာ Jeremy Bailenson က ပြောပါတယ်။

"လက်ဆွဲနှုတ်ဆက်တာနဲ့ မျက်လုံးခြင်း ဆုံတာမျိုးလို ဘာမှမရှိဘူးလို့ လူတွေက ပြောကြပါတယ်။
ဒါကြောင့် အဲဒီလိုမျိုးလက်ဆွဲ နှုတ်ဆက်နိုင်တဲ့၊ မျက်လုံးချင်းဆုံနိုင်တဲ့ စနစ်တွေကို ကျွန်တော်
တည်ဆောက်နေပါတယ်" လို့ ြငေူနညျသည က ပြောပါတယ်။ ခြေဟန်လက်ဟန်နဲ့ မျက်နှာ
အမူအရာတွေကို ပြုလုပ်ချင်တဲ့အခါ လူတစ်ဦးချင်းစီ ဟာ သူတို့ရဲ့ ကိုယ်စားပြုရုပ်ပုံလေးတွေကို
effect တွေသုံးပြီး အပြောင်းအလဲပြုလုပ်နိုင် ပါတယ်။

"ဒီလိုအပြောင်းအလဲလုပ်နိုင်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် မတက်ရောက်ဖြစ် တဲ့ ဆွေးနွေးပွဲကို
အဝေးကနေတက်ရောက် ဖြစ်တဲ့အခါ ဒီအရာလေးတွေက ကျွန်တော့် ကို ထက်မြက်တဲ့ အရောင်း
စာရေးတစ်ဦး ဖြစ်စေနိုင်သလို ပိုတော်တဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်စေနိုင်ပါတယ်" လို့ သူက
အေအက်ဖ်ပီကို ပြောပါတယ်။ အခုအချိန်မှာတော့ ပြင်ပမှာ တကယ် ဖြစ်နေသလိုမျိုး ခံစားနိုင်ဖို့
အတွက် ကိုးရို့ ကားရားနိုင်လှတဲ့ ခေါင်းဆောင်းတွေနဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ဖို့ လိုအပ်
နေပါသေးတယ်။

ဂိမ်းကစားတဲ့အခါ အပြင်မှာတကယ်ဖြစ်နေသလိုမျိုးခံစားရအောင် ဂိမ်းတွေ အတွက် ဆော့ဖ်ဝဲ
တွေနဲ့ ဟာ့ဒ်ဝဲတွေ ထုတ်လုပ်ရာ ဥခကူကျ ျွင်အ ကုမ္ပဏီကို ဖေ့စ်ဘွတ်ခ်က ဒေါ်လာ နှစ်ဘီလျံနဲ့
၀ယ်ယူ ခဲ့တာကြောင့် ဒီလိုမျိုး ရုံးမတက်ဘဲ အဝေး ကနေ ရုံးအလုပ်ကိုလုပ်တာမျိုးနဲ့ အစည်းအဝေး
တက်တာစတဲ့ အလေ့အထအပြောင်း အလဲတွေ အလျင်အမြန်ပြောင်းလဲဖြစ်ပေါ်လာနိုင်တယ်လို့
လည်း Bailenson က ပြောပါတယ်။

Microsoft Research မှာ လူသားနဲ့ကွန်ပျူတာ အပြန်အလှန်ဆက်သွယ်မှု ကို လေ့လာနေတဲ့
Kori Inkpen Quinn က သူ့ရဲ့လေ့လာမှုတွေအရ လုပ်ငန်းခွင် အတွင်းက လုပ်ဖော်ကိုင်ဖက်တွေ
ဟာ Telepresence robot လို ဗီဒီယိုကနေ တဆင့် အပြန်အလှန်ဆက်သွယ်ပြောဆို ရတာ
အဆင်ပြေကြတာကို သိရှိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လူအများစုဟာ ကာတွန်းပုံစံ
avatar လေးတွေကို ကိုယ်စား အသုံးပြုဖို့ အဆင်သင့်မဖြစ်ကြသေးဘူးလို့ သူက ပြောပါတယ်။

"ကျွန်မက ကြောင်ရုပ်ကလေးလိုပုံစံ မျိုးနဲ့ဆက်သွယ်ပြောဆိုရတာ ဘာမှမဖြစ် ဘူးဆိုပေမယ့်
တစ်ဖက်ကတော့ ကြောင်တစ်ကောင်နဲ့ စီးပွားရေးကိစ္စတွေဆွေးနွေး ပြောဆိုရတာ အဆင်ပြေ
ချင်မှပြေမှာပါ" လို့ သူက ရှင်းပြပါတယ်။ ဒီလိုပုံစံမျိုး ဖြစ်လာတဲ့အခါတွေ့ရ မယ့် ပြဿနာတစ်ခု
ကတော့ ၀န်ထမ်းတွေ က အခုထက်ပိုပြီး စိတ်ဖိစီးမှု ပိုများလာနိုင် ကောင်းလာနိုင်တယ်ဆိုတဲ့
အချက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လုပ်ငန်း ခွင်နဲ့ အမြဲအဆက်မပြတ်ဖြစ်နေတာ ကြောင့်ပါ။
Gallup က မကြာသေးခင်က ပြုလုပ်ခဲ့ တဲ့စစ်တမ်းတစ်ခုအရ အလုပ်ချိန်ပြီးသွား တဲ့အချိန်မှာ
မေးလ်တွေစစ်ဖို့နဲ့ သူနဲ့အဆက် အသွယ်မပြတ်ရှိနေစေဖို့ အလုပ်ရှင်တွေ က မျှော်လင့်ထားကြ
တယ်လို့ အလုပ်ချိန် ပြည့် ၀န်ထမ်းသုံးပုံတစ်ပုံလောက်က ပြော ထားကြတာကို တွေ့ရပါတယ်။

"အလုပ်ချိန်ပြီးတဲ့အချိန်မှာလည်း အလုပ်နဲ့ ပတ်သက်တဲ့ မေးလ်စစ်တာမျိုးနဲ့ အလုပ်ရှင်နဲ့ အဆက်
အသွယ်မပြတ်ရှိ နေတာမျိုးဟာ အခုအချိန်မှာ သာမန် အနေ အထားတစ်ရပ်လို ဖြစ်လာနေပါပြီ။
အဲဒီလို အနေအထားဟာ စိတ်ဖိစီးမှုကို ပိုပြီး များစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျ ခြင်းတွေ
ဟာ အလုပ်ကနေ ခွင့်ယူရတဲ့ အကြောင်းရင်းတွေထဲက အချက်တစ် ချက်ပါ" လို့ Pollak က
ပြောပါတယ်။ 

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်