လူငယ်တစ်သိန်း ခန့်ကို မိုက်ခရို ဆော့ဖ် ခေတ်မီနည်းပညာများ သင်ကြားပေးမည်

လူငယ်တစ်သိန်း ခန့်ကို မိုက်ခရို ဆော့ဖ် ခေတ်မီနည်းပညာများ သင်ကြားပေးမည်

မြန်မာနိုင်ငံ၏ အိုင်စီတီကုမ္ပဏီတစ်ခုဖြစ် သည့် မြန်မာ့ကွန်ပျူတာကုမ္ပဏီလီမိတတ် (MCC) သည်
မြန်မာလူငယ်များအား ၂၁ ရာစု နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို လေ့ကျင့်သင်ကြားနိုင်
ရေးအတွက် ကမ္ဘာ့ အကြီးဆုံးဆော့ဖ်ဝဲကုမ္ပဏီ ကြီးဖြစ်သော မိုက်ခရိုဆော့ဖ်၏ နည်းပညာသင်ရိုး
အပေါ် အမေရိကန်ဒေါ်လာရှစ်သောင်းခန့်အကုန် အကျခံ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ပြီး လာမည့်
သုံးနှစ်အတွင်း မြန်မာလူငယ် တစ်သိန်းခန့် အား မိုက်ခရိုဆော့ဖ်၏ Cloud Computing နှင့်
ခေတ်မီနောက်ဆုံးပေါ်နည်းပညာများကို သင်ကြားပေးမည် ဖြစ်သည်ဟု MCC က သတင်း
ထုတ်ပြန်ခဲ့သည်။

"မိုက်ခရိုဆော့ဖ်နှင့် MCC တို ့ပူးပေါင်းပြီး မိုက်ခရိုဆော့ဖ် ကျွမ်းကျင်မှုသင်တန်းများ ပြုလုပ်ပေးခြင်း
ဖြင့် မြန်မာလူငယ်လူရွယ်များ အနေနဲ ့Cloud Computing, Cloud Services နဲ့ Apps
Development စသည့် နည်းပညာတို ့ ဖြင့် တိုးတက်လာသော အလုပ်အကိုင်အခွင့် အလမ်း
ကောင်းများ ရရှိစေပါမည်။

မိမိတို့ မြန်မာလူမျိုးများအား အနာဂတ်အတွက် မှန်ကန်သောအသိပညာနဲ့ ကျွမ်းကျင်မှုအပိုင်း
ပါသင်ကြား နိုင်သည့်အတွက်ကြောင့် မြန်မာ နိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ်တွင် လိုအပ်သည့်
လုပ်သားအင်အားအတွက် ပြည့်စုံကောင်းမွန် စေသည်"ဟု MCC ၏ အမှုဆောင်အရာရှိချုပ်
ဒေါ်ချောခင်ခင်က ပြောသည်။

MCC ၏ ရည်ရွယ်ချက်မှာ မိမိ၏ ကျောင်း သူကျောင်းသားများကို ဘွဲ့သင်တန်း၏ သင်ရိုး
သာမက အလုပ်ခွင်အတွက် အသင့်ဖြစ်စေရန်နှင့် ကမ္ဘာအရပ်ရပ်မှ အလုပ်အကိုင်ကောင်း
များရရှိစေရန် မိုက်ခရိုဆော့ဖ် certification များ လုပ်ပေးခြင်းဖြစ်သည်။

"ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲကုမ္ပဏီလည်း ဖြစ်ပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းများအတွက် ဆော့ဖ်ဝဲတွေ
ထုတ်လုပ်ပြီး ကမ္ဘာနဲ့ ချီပြီး ကျွမး်ကျင်မှုအစီအစဉ်တွေ လုပ်ပေးနေတဲ့ မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်းပြီး
Cloud Ready Professional တွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးပြီး ကမ္ဘာ့စီးပွားရေးနဲ့
နည်းပညာ စာမျက်နှာမှာ မြန်မာနိုင်ငံဟာ Player ဖြစ်လာ အောင် ပြုလုပ်မယ်" ဟု MCC Group
၏ ဥက္ကဋ္ဌ ဦးတင်ဝင်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်