မဲဆန္ဒရှင်ပြည်သူများအနေနှင့် မိမိတို့၏ မဲဆန္ဒ နယ်လွှတ်တော်ကိုယ်စားလှယ်များထံ အလွယ်
တကူဆက်သွယ်နိုင်ရန် ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့က အန်းဒရိုက်စနစ်သုံး မိုဘိုင်း ဖုန်းဟန်း
ဆက်များတွင် အသုံးပြုနိုင်မည့် Myanmar Mobile MPs Mobile Application ကို ဇွန်လ ၂၄
ရက်နေ့က ဖြန့်ချိခဲ့သည်။
ထိုအပလီကေးရှင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဖေ့စ် ဘွတ်ခ် ၊
တွက်တာစသည်တို့အား ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် ဖော်ပြထားသဖြင့် လွှတ်တော် ကိုယ်စားလှယ်
များအား အလွယ်တကူ ရှာဖွေ ဆက်သွယ်နိုင်မည် ဖြစ်သည်။
"အဲလို တိုက်ရိုက်ဆက်သွယ်ရမယ့်အချက် အလက်တွေကတော့ လောလောဆယ် တောင်းခံ
ထားဆဲ၊ သဘောတူညီဆဲ၊ သဘော တူညီချက် ရယူဆဲဖြစ်တဲ့အတွက် ပြည်စုံဦး မှာ မဟုတ်ပါ
ဘူး။ ဖုန်းနဲ့ ဆက်သွယ်တာကြ တော့ လွှတ်တော်အမတ်တွေအတွက် အနှောင့် အယှက်ဖြစ်နိုင်
ပါတယ်။ ဒါကြောင့် ဒီအက်ပလီကေးရှင်းမှာ ဖုန်းနံပါတ်ကတော့ အားလုံး နီးပါးမပါနိုင်ဘူး။ သေ
ချာတာကတော့ လွှတ်တော်အမတ်တွေရဲ ့အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်၊ တွတ်တာကိုတော့ ရှာနိုင်ပါ
တယ်" ဟု ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ ့မှ နည်းပညာအရာရှိ ချုပ် ဦးစိုးသီဟနောင်က
ပြောသည်။
"လက်ရှိမှာ ကျွန်တော်တို့ ၀က်ဘ်ဆိုက်ဖြစ် တဲ့ www.omimyanmar.org မှာလည်း လွှတ်တော်
အမတ်များနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ပြည်စုံသွား ပါပြီ။ အဲ့လိုပြည်စုံ သွားတာနဲ ့
တပြိုင်တည်းလွှတ်တော်အမတ် တွေကို ဆက်သွယ်နိုင်တဲ့ အချက်အလက် တွေကို ဒီဝက်ဘ်
ဆိုက်မှာ ထည့်သွင်းခဲ့ပါ တယ်။ တကယ်တန်းလူတွေ အသုံးချနိုင်ဖို့ ပိုမိုလွယ်ကူထိရောက်တဲ့
နည်းပညာကို စဉ်းစား တဲ့အခါမှာ မိုဘိုင်းနည်းပညာကို ရွေးချယ် ဖြစ်ခဲ့ပါတယ်" ဟု ၎င်းက
ပြောသည်။
အက်ပလီကေးရှင်းကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီဖြစ်ပြီး နောက်ပိုင်းဗားရှင်းများ တွင်
မြန်မာဘာသာနှင့်သာမက အင်္ဂလိပ်ဘာသာဖြင့် အသုံးပြုနိုင်အောင်လည်းဆောင်ရွက် သွား
မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အက်ပလီကေးရှင်းကို Google Play Store တွင် ရယူနိုင်
သည့်အပြင် ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့ဝက်ဘ်ဆိုက်ဖြစ်သည့် www.omimyanmar.org တွင်
ရယူနိုင်သည်။
နောက်ပိုင်းတွင် အိုင်အိုအက်စ်စနစ်သုံး အိုင်ဖုန်းများအတွက်လည်း ထုတ်လုပ်သွား မည် ဖြစ်သည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့သည် လွှတ်တော်ဆိုင်ရာ အချက်အလက်များကို ဖော်ပြထားသည့်
www.omimyanmar.org ၀က်ဘ်ဆိုက်အား လွှင့်တင်ထားသည်။

















