ကျေးလက်ဒေသများ၌ သတင်း အချက်အလက်စင်တာများ ဖွင့်မည်

ကျေးလက်ဒေသများ၌ သတင်း အချက်အလက်စင်တာများ ဖွင့်မည်

ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားသော နော်ဝေအခြေစိုက် တယ်လီနော်
ကုမ္ပဏီက ကျေးလက်ဒေသများတွင် နည်းပညာ နားလည်တတ်ကျွမ်းမှု မြင့်မားလာစေရန်
Communication Information Center (CIC) များ ဖွင့်လှစ်နိုင်ရန် Myanmar ICT for
Development Organization (MIDO) နှင့် ဇွန်လ ၂၇ ရက်နေ့တွင် ပူးပေါင်း ဆောင်ရွက်မှု
သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့သည်။

စင်တာများသည် ကျေးလက်ဒေသတွင် ကျောင်းသားလူငယ်များအတွက် သတ်မှတ် ထားသော
အစီအစဉ်များမှတစ်ဆင့် မိုဘိုင်း ၀န်ဆောင်မှုနှင့် အင်တာနက် အသုံးပြုမှုတိုးတက်လာစေရန်နှင့်
ဒစ်ဂျစ်တယ်နည်း ပညာ နားလည်တတ်ကျွမ်းမှု မြင့်မားလာစေရန်ရည်ရွယ်ပြီး ဒေသတွင်းရှိ
လယ်သမားများ၊ လူငယ်များနှင့် ရွာသားများအပါအဝင် မည်သူ့ အတွက်မဆို ဖွင့်လှစ်ပေးထား
မည်ဖြစ်သည်။

စင်တာ ၂၀၀ ခန့် ပူးပေါင်းတည်ထောင် သွားမည်ဖြစ်ပြီး ကနဦးစီမံကိန်းတွင် စင်တာ ငါးခုကို
၂၀၁၄ ခုနှစ်တွင် ကရင်ပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင်
စတင်တည်ဆောက် သွားမည်ဖြစ်သည်။

"ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသ နေထိုင်သူတွေနဲ့
အပြင်ကမ္ဘာကို ဆက်သွယ်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ အရင်က ကွန်ရက်ချိတ်ဆက်မှု ကို
အတွေ့အကြံုမရှိသူတွေ၊ သတင်းအချက် အလက်တွေကို လွယ်လွယ်ကူကူမရနိုင်တဲ့
သူတွေအတွက် အသိပညာတွေကို ဖြန့်ဖြူး ပေးမှာ ဖြစ်ပါတယ်" ဟု MIDO အမှုဆောင်
ဒါရိုက်တာ ဦးနေဘုန်းလတ်က ပြောသည်။

"တယ်လီနောလုပ်ငန်းဆောင်ရွက်တဲ့ ဈေးကွက်တိုင်းမှာ နေထိုင်တဲ့ လူထုအသိုင်း အဝိုင်းတွေ
ကို အကျိုးပြုစေဖို့ ရည်ရွယ်ပါ တယ်" ဟု တယ်လီနော်မြန်မာ အလုပ်အမှုဆောင်အရာရှိချုပ်
မစ္စတာ Petter Furberg က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်