မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအရေအတွက် အလျင်အမြန်တိုးတက်လာခဲ့ရာ ယခုဇွန်လ တွင်
၉ ဒသမ ၃၆ သန်းရှိလာပြီဖြစ်သည်။ "၂၀၁၅ ဈ ၁၆ ဘဏ္ဍာနှစ်မှာလည်း တယ်လီဖုန်း
သိပ်သည်းဆကို ရ၅ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းအထိရောက်ဖို့ မျှော်မှန်းထားပါတယ်။
၂၀၁၆ - ၁၇ ဘဏ္ဍာ နှစ်မှာဆိုရင်တော့ ကမ္ဘာ့သိပ်သည်းဆ စာရင်းမှာ အောက်ကနေ
ရေရမယ့်အစား အပေါ်ကနေ ရေတွက်ရပါလိမ့်မယ်" ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အမျိုးသားလွှတ်တော် တွင်
ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံများ၏ တယ်လီဖုန်းသိပ် သည်းဆစာရင်းများအရ တစ်နှစ်အတွင်း
အဆင့်သုံးဆင့် ခုန်တက်လာသည်။
"၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အောက်ကနေ ရေတွက်ရင်
ဒုတိယနေရာမှာရှိပါ တယ်။ အခု ၂၀၁၄ ခုနှစ်မှာဆိုရင် တော့ ကိုယ့်အောက်မှာ လေးနိုင်ငံရှိ
နေပြီ" ဟု ဦးသောင်းတင်က ဆိုသည်။ ၂၀၁၃ ခုနှစ်အစောပိုင်းကာလများ အထိ သိပ်သည်းဆမှာ
ခုနစ်မှ ရှစ် ရာခိုင်နှုန်းအထိသာရှိခဲ့သည်။

















