အင်တာနက် အသုံးပြုသူ သုံးသန်းနီးပါး ရှိလာ

အင်တာနက် အသုံးပြုသူ သုံးသန်းနီးပါး ရှိလာ

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူအရေ အတွက်မှာ ယခုနှစ်မေလကုန်တွင် ၂,၉၁၉,၆၁၈
ဦးအထိရှိလာကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန၏
အချက်အလက်များအရ သိရသည်။

အင်တာနက်သုံးစွဲသူ အရေအတွက်သည် ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်က ၆၆,၄၅၀ သာရှိခဲ့ သည်။
အင်တာနက် ြညေိတငိအ့ ကိုလည်း ၂၀၁၁ ဈ၁၂ ဘဏ္ဍာနှစ်တွင် ၃.၇၂ ွဘဈ ချိတ်ဆက်အသုံးပြု
ခဲ့ရာ ယခုနှစ်မေလအကုန် တွင် ၂၇.၃၆ ွဘဈ အထိတိုးချဲ့ ချိတ်ဆက်ပေး နိုင်ခဲ့သည့်အပြင်
နှစ်အလိုက် ဆက်လက် တိုးချဲ့ချိတ်ဆက်ပေးသွားမည်ဟု ၀န်ကြီးဌာန က ဇွန်လ ၁၆ ရက်နေ့တွင်
ကြေညာခဲ့သည်။

သို့သော် လက်ရှိအင်တာနက်အခြေအနေ မှာ အလုပ်လုပ်ရန် အဆင်ပြေရုံအနေအထား တွင်သာ
ရှိနေသေးသည်ဟု အင်တာနက် အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေသူများ က ပြောသည်။

"လက်ရှိ အင်တာနက်ကွန်နက်ရှင်က အလုပ်လုပ်လို့ရတယ် ဆိုရုံလောက်ပဲကောင်း တယ်။
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့အချိန်မှာတော့ အရင်ကထက်တော့ အဆင် ပြေပြေသုံး
လို့ရတယ်။ ဒါပေမဲ့ အခုအင်တာ နက်မြန်နှုန်းက နိုင်ငံတကာကို ရင်ပေါင်မတန်း နိုင်သေးပါဘူး"
ဟု Zwenexsys ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာနှင့် ဆော့ဖ်ဝဲအင်ဂျင် နီယာချုပ် ဦးသာထက်က
ပြောသည်။

ကားအရောင်းအဝယ် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်သည့် တတတ.ာသအသမ.ခသာ ၀က်ဘ်ဆိုက်တွင်
ကားအရောင်းအဝယ်လုပ်သူ လစဉ် ရ,၀၀၀ ကျော်ရှိလာကြောင်း ဈေးကွက်မန်နေဂျာ ဦးသန်းထိုက်
သူက ပြောသည်။

"ဒီကားအရောင်းအဝယ် ၀က်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ်ကဆိုရင် အင်တာနက်သုံးစွဲသူ တွေ
အကျွမ်းတဝင်မဖြစ်သေးတာကြောင့် အဲဒီတုန်းက ရောင်းအား ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်။ လက်ရှိ
၂၀၁၄ ခုနှစ်မှာတော့ လစဉ် ၀က်ဘ်ဆိုက်ကို အသုံးပြုတဲ့သူ ၃၀,၀၀၀ ကျော် ရှိပါတယ်။ လက်ရှိ
အင်တာနက် ဆက်သွယ်မှု ကောင်းမွန်လာတဲ့အခါမှာ ကားအရောင်း အဝယ် ၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။ နောက်ပိုင်း အော်ပရေတာတွေကြေညာထားသလို
အင်တာနက်ကွန်နက်ရှင် အရင်ထက်ရှစ်ဆ မြန်လာခဲ့မယ်ဆိုရင် အရောင်းအဝယ်နှုန်းက
ရ၀ ရာခိုင်နှုန်းအထိတက်လာနိုင်ပါတယ်" ဟု ဦးသန်းထိုက်သူက ပြောသည်။

"အရင် နှစ်နှစ်လောက်တုန်းကဆိုရင်တော့ အင်တာနက်တွေအသုံးပြုရတာ အဆင်မပြေ ဘူး။
အခုခြောက်လ၊ ခုနစ်လလောက်မှာ အင်တာနက်အသုံးပြုရတာ တော်တော်အဆင် ပြေသွားပြီ။
ဒီလို အင်တာနက်လိုင်းတွေ အနည်းငယ်ကောင်းပေမယ့် ပြဿနာတစ်ခု တက်နေတာက
အီးမေးလ်တွေ ပျောက်နေ တယ်" ဟု www.motor.com ကုမ္ပဏီ လီမိတက် မန်နေဂျင်း
ဒါရိုက်တာမမေဦး ခိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်