အော်ရီဒူးမြန်မာ၏ ၀န်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ဖြန့်ဝေပေးနိုင်ရန် ဖြန့်ချိရေး ကုမ္ပဏီ
ခြောက်ခုအား ဇူလိုင်လ ၁၈ ရက်နေ့တွင် ခန့်အပ်လိုက်သည်။ "မြန်မာပြည်မှာ ကျွန်တော်တို့ရဲ့
နောက်ဆုံးပေါ် မျိုးဆက်သစ်မိုဘိုင်းကွန်ရက်ကို အလွယ်တကူရရှိနိုင်ဖို့အတွက် လုပ်ငန်းလည်
ပတ်တဲ့နေရာအသီသီးမှာ သူ့နေရာနဲ့ သူ ထိပ်တန်းကဦးဆောင်နေတဲ့ ကုမ္ပဏီတွေ နဲ့ အမြဲ
အလုပ်လုပ်ဖို့ လက်တွဲရခြင်းဖြစ်ပါ တယ်" ဟု အော်ရီးဒူးမြန်မာ၏ အရောင်းဌာန ဆိုင်ရာ
အရာရှိချုပ် ဦးမြင့်ဇော်က ပြောသည်။
အဆိုပါကုမ္ပဏီများက ၎င်းတို့ တာဝန်ယူ ရမည့် နယ်မြေအလိုက် တာဝန်ယူကာ အော်ရီဒူး၏
ဆင်းကတ်နှင့် ငွေဖြည့်ကတ်များအား ဖြန့်ချိသွားမည် ဖြစ်သည်။
Great Ayerwaddy Telecoms ကုမ္ပဏီ လီမိတတ်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်
၁၀ ခုနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ မြို့နယ်များတွင်ဖြန့်ချိပေးမည်ဖြစ်ပြီး MDG Mobile
ကုမ္ပဏီလီမိတက်က ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ကိုးခုနှင့် ပဲခူးတိုင်းဒေသ ကြီးအနောက်
ပိုင်းရှိ မြို ့နယ် ၁၂ ခု၌ ဖြန့်ချိ ပေးမည်ဖြစ်သည်။
Direct Consumer ကုမ္ပဏီ လီမိတတ်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၄ ခုနှင့်
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ခုနစ်ခုတွင် ဖြန့်ချိပေးမည်ဖြစ်ပြီး Capital Connect လီမိတတ်
က ရန်ကုန်တိုင်း ဒေသကြီးရှိ မြို ့နယ် ၁၁ ခု၊ ပဲခူးတိုင်းဒေသ ကြီးအရှေ့ဘက်မြို့နယ် ၁၁ ခုနှင့်
နေပြည်တော် မြို့နယ်လေးခုတို့၌ ဖြန့်ချိပေးမည်ဖြစ်သည်။
Kiwi and I ကုမ္ပဏီလီမိတတ်က မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ်ခြောက်ခု၊ စစ်ကိုင်းတိုင်း
ဒေသကြီးရှိ မြို့နယ် ၁၀ ခုနှင့် မကွေးတိုင်း ဒေသကြီးရှိ မြို့နယ်ရှစ်ခုတို့တွင် ဖြန့်ချိ ပေးမည်ဖြစ်ပြီး
MDR Golden Myanmar Sea ကုမ္ပဏီလီမိတက်က မန္တလေးတိုင်းဒေသကြီး ရှိ မြို့နယ် ၂၂ ခု
တွင် ဖြန့်ချိပေးမည်ဖြစ်သည်။ ဆင်းကတ်များပြည်သူလူထုထံ ရောင်းချ ပေးမည့် အချိန်နီးကပ်
လာပြီဟုဆိုသော် လည်း ဖုန်းခေါ်ဆိုခ၊ အင်တာနက်အသုံး ပြုခများကို ထုတ်ပြန်ကြေငြာခြင်း
မရှိသေး သည်ကို တွေ့ရသည်။
"လက်ရှိမှာ ရောင်းချပေးမယ့်ရက်တော့ အတိအကျ မထွက်သေးပါဘူး။ ဖုန်းခေါ်ဆိုခ ကောက်ခံ
မယ့်နှုန်းထားတို့ အင်တာနက် အသုံးပြုခတို့ကိုလည်း အတိအကျ မထွက် သေးပါဘူး။ တိတိကျ
ကျ သတ်မှတ်ပြီးတဲ့ ရောင်းချပေးမယ့်ရက်နဲ့ ဖုန်းခေါ်ဆိုခ၊ အင်တာနက်အသုံးပြုခတွေကိုလဲ
အော်ရီဒူး မြန်မာကနေ ကြေငြာပေးသွာပါမယ်" ဟု အော်ရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့်
ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
















