အော်ရီဒူးဝန်ဆောင်မှု မကြာမီစတင်ဖွယ်ရှိ
အော်ရီဒူးမြန်မာသည် ၎င်း၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်အား အရောင်းကိုယ်စားလှယ်များကို
ဖိတ်ခေါ်ပြီး စမ်းသပ်ခေါ်ဆိုမှုများ ပြုလုပ်နေသည်ဟုဇူလိုင်လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့
သည်။ အော်ရီဒူးမြန်မာက ဩဂုတ်လတွင် စတင်ဝန်ဆောင်မှုပေးမည်ဟုလည်း ကြေညာထား
သည်။

















