၀ီကီပီးဒီးယားမြန်မာတွင် မြန်မာစာယူနီကုတ်စနစ်သာ ဆက်လက် သုံးစွဲသွားမည်

၀ီကီပီးဒီးယားမြန်မာတွင် မြန်မာစာယူနီကုတ်စနစ်သာ ဆက်လက် သုံးစွဲသွားမည်

အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီးယားတွင် မြန်မာဘာသာစကားအတွက် နိုင်ငံတကာ စံသတ်မှတ်
ထားသည့် ယူနီကုတ်စနစ်ကို သာ သုံးစွဲသွားမည်ဖြစ်ကြောင်း မြန်မာ ၀ီကီပီဒီးယားကို လက်ရှိစီမံ
ခန့်ခွဲနေသူ ကိုဇော်သက်အောင်က ပြောကြားသည်။

မိမိသိလိုသော အကြောင်းအရာ အချက်အလက်များကို ၀ီကီပီးဒီးယားတွင် ရှာဖွေ ပြီး မြန်မာဘာ
သာစကားဖြင့် ဖတ်ရှုနိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု စံသတ်မှတ် ထားသော ယူနီကုတ်ဖောင့်
စနစ်သာ ဆက် လက်သုံးစွဲသွားမည်ဖြစ်သလို နိုင်ငံတကာ က ၀ီကီးပီးဒီးယားအဖွဲ့အစည်းများ၊
ဂူးဂဲလ် (Google)၊ ဖေ့စ်ဘွတ်ခ် (Facebook)၊ မိုက် ခရိုဆော့ဖ် (Microsoft) စသည့် အဖွဲ့
အစည်းများကလည်း ယူနီကုတ်ဖောင့် စနစ်သာ သုံးစွဲရမည်ဖြစ်ကြောင်း စည်း ကမ်းသတ်မှတ်
ထားသည်။

တစ်ကမ္ဘာလုံးသုံးစွဲသည့် အွန်လိုင်း ဘာသာစကားစနစ်မှာ ယူနီကုတ် (Unicode) စနစ်သာ
အသုံးပြုကြကြောင်း၊ ယူနီ ကုတ်စနစ်မှ တိမ်းချော်သွားခြင်းကို ခွင့် မပြုကြောင်း သိရသည်။

"ယူနီကုတ်စံနှုန်းအနေနဲ့ကတော့ တစ်မျိုးတည်းရှိတယ်။ အဲဒီစံနှုန်းကို လိုက် နာတဲ့ မြန်မာပြည်က
ထုတ်တဲ့ ဖောင့်တွေ ကတော့ Myanmar 3, Parabaik, Pad-auk, Tharlon, MyMyanmar ဖြစ်
ပါတွေ၊ နောက်ပြီး မိုက်ခရိုဆော့က ထုတ်တဲ့ မြန်မာဘာသာအတွက် Myanmar Text ဖောင့်၊
Apple က ထုတ်တဲ့ Myanmar MN ဖောင့်၊ ဂူးဂဲလ်ကထုတ်တဲ့ Noto Sans ဖောင့်တွေကလည်း
ယူနီကုတ် စံနှုန်းကို အတိအကျလိုက်နာတဲ့ မြန်မာစာဖောင့်စနစ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇော်ဂျီ
ဖောင့်၊ စံမြန်မာဖောင့်၊ Ayar ဖောင့်တွေကတော့ ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ထား ပြီး ယူနီကုတ်
စံနှုန်းကနေ လွဲချော်နေကြပါ တယ်"ဟု ကိုဇော်သက်အောင်က ပြော သည်။

မြန်မာနိုင်ငံရှိ ၀က်ဘ်ဆိုက်အများစုမှာ အသုံးပြုရလွယ်ကူသော ဇော်ဂျီမြန်မာစာဖောင့်စနစ်သာ
အသုံးပြုနေကြပြီး ကွန်ပျူတာ များနှင့် မိုဘိုင်းဖုန်းများတွင်လည်း ယူနီကုတ်ကိုသာ ထည့်သွင်း
ထားလေ့ရှိသည်။

"ကျွန်တော်တို့ကတော့ ယူနီကုတ်ပဲ ဆက်သုံးသွားမှာပါ။ ၀ီကီက လက်ရှိအဆင် ပြေဖို့တင် မဟုတ်
ပါဘူး။ အနာဂတ် အတွက် ရည်ရွယ်ချက်နဲ့ပါ။ အနာဂတ်မှာ သုံးစွဲသူအားလုံးဟာ ယူနီကုတ်ကို
မဖြစ် မနေပြောင်းကို ပြောင်းရမှာပါ။ ဇော်ဂျီကို ဆက်သုံးလိုမရတဲ့ အခြေအနေတစ်ခု မလွဲ မသွေ
ကြံုလာမှာဖြစ်ပါတယ်"ဟု ကို ဇော်သက်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်