အော်ရီဒူး မိုဘိုင်းဖုန်းဆင်းကတ်များအား သတ်မှတ်ဈေးနှုန်းဖြစ်သည့် ကျပ် ၁,၅၀၀ ထက် ပိုရောင်း
ပါက အော်ရီဒူးမြန်မာကုမ္ပဏီ သို့ အကြောင်းကြားနိုင်ကြောင်း အရောင်းဌာနဆိုင်ရာအရာရှိချုပ်
ဦးမြင့်ဇော်က ပြော သည်။
"အော်ရီဒူးမြန်မာက ကျပ် ၁,၅၀၀ နဲ့ ဆင်းကတ်တွေကို ရောင်းချပေးဖို့ကလွဲလို ့ ကျန်တာတွေ
ကိုမသတ်မှတ်ထားပါဘူး။ တချို့ဆိုင်တွေကတော့ တယ်လီဖုန်းပါ ရောင်းချင်တယ်ဆိုရင်တော့
တွဲရောင်းလို့ ရပါတယ်လို့တော့ ပြောထားပါတယ်။ ဒီဆင်းကတ်တွေကို ၁,၅၀၀ ထက်တစ်ပြားမှ
မပိုဖို့ကိုလည်း အတိအလင်း ပြောထားပြီး သားပါ။ ပိုရောင်းတဲ့ကိစ္စတွေနဲ့ ပတ်သက် တဲ့ လိုအပ်
တဲ့အရေးယူမှုတွေ၊ တွေ့ဆုံမှုတွေ လုပ်ဖို့အတွက် စီစဉ်ထားပါတယ်။ ပြည်သူ တွေအနေနဲ့လည်း
အဲဒီလိုဈေးပိုရောင်းတဲ့ ဆိုင်တွေကို ကုမ္ပဏီကိုကူညီတဲ့အနေနဲ့ ဆိုင်ရဲ့ တည်နေရာ၊ ဆိုင်နာမည်
တွေကိုပြောပြမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ခေါ်ပြီးတော့ အရေးယူလို့ ရမှာပါ" ဟု ၎င်းက
ပြောသည်။
ကျပ် ၁,၅၀၀ ထက် ဈေးတင်ရောင်းချ သည့်ဆိုင်များတွေ့ရှိပါက ကုမ္ပဏီသို့ ဆက်သွယ်၍
သော်လည်းကောင်း Call Center နံပါတ် ၂၃၄ သို့ လည်းကောင်း ဆက်သွယ်အကြောင်းကြားနိုင်
သည်။
အော်ရီဒူးဆင်းကတ်များကို မန္တလေးမြို့ တွင် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာဆိုင် အချို့က
ရောင်းချခဲ့ပြီး ပြင်ပပေါက်ဈေးမှာ ကျပ် လေးသောင်းအထိမြင့်တက် သွားခဲ့ သည်။ လက်ရှိတွင်
ရန်ကုန်မြို့ရှိ အချို့သော မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ကျပ်ငါးထောင်ဖြင့်ရောင်းချလျက်ရှိပြီး
အချို့ ဆိုင်များတွင် ဟန်းဆက်နှင့် တွဲကာ ဆင်း ကတ်များ ရောင်းချလျက်ရှိသည်။
"အော်ရီဒူးဆင်းကတ်တွေကိုအပြင်မှာ ၃,၀၀၀ နဲ့ ရောင်းတဲ့ဆိုင်လည်းရှိတယ်။ ၅,၀၀၀ နဲ့
ရောင်းတဲ့ဆိုင်တွေရှိတယ်။ ဒီဈေး နှုန်းတွေနဲ့ ၀ယ်နေကြတဲ့သူတွေလည်းရှိ ပါတယ်။ တချို့လည်း
၁,၅၀၀ နဲ့ရမှဝယ်မယ် ဆိုတဲ့သူတွေလည်းရှိပါတယ်။ တချို့ဆိုရင် ဟန်းဆက်ဝယ်ရင် ဆင်းကတ်
အလကား ပေးမယ်ဆိုပြီးရောင်းတာတွေလည်း ရှိတယ်။ အဲဒီပြင်ပဈေးကွက်ဆိုတာတွေက
ပျောက် သင့်နေပါပြီ" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုကျော်စွာက ပြောသည်။
"စစရောင်းခြင်းဆိုတော့ ဆိုင်တိုင်းတော့ ဆင်းကတ်တွေ မရနိုင်သေးဘူး။ လူတွေရဲ့ အကျင့်က
လည်း တစ်ခုပေါ်လာ ပြီဆိုရင် ချက်ချင်းဝယ်လိုက်ရမှဆိုတော့ သူတို့ရောင်းတဲ့ဈေးက ပြင်ပဈေး
ကွက် ဖြစ်သွားတာပေါ့။ အမှန်ဖြစ်သင့်တာ က ဒီဆင်းကတ်တွေ နောက်ပိုင်းပိုပေါများ လာမှာပဲ
လေ။ ဒါကြောင့် ၁,၅၀၀ နဲ့ ရောင်းတဲ့ ဆိုင်တွေမှာပဲ ရွေးချယ်သင့် တယ်။ ဖြစ်လာတဲ့ ပြင်ပပေါက်
ဈေးကို ပျောက်ကွယ်အောင် လုပ်နိုင်တဲ့သူက လည်း သုံးစွဲသူတွေပါပဲ" ဟု ၎င်းက ပြောသည်။
လက်ရှိတွင်လည်း အော်ရီဒူး၏ အရောင်းကိုယ်စားလှယ်ဆိုင် ၆,၅၀၀ ရှိပြီး ဆင်းကတ်များကို
ကျပ် ၁,၅၀၀ ဖြင့် ရောင်းချပေးနေသည်။

















