ငြိမ်သက်နေခဲ့သည့် ဟန်းဆက်ဈေးကွက် သည် ဩဂုတ်လစဆန်းမှစတင်၍ ကျပ် ၁,၅၀၀ ဖြင့်
ဈေးကွက်အတွင်းသို့ ရောက်ရှိ လာသည့် အော်ရီဒူးဆင်းကတ်နှင့်အတူ တစ်ဖန်နိုးထလာသည်။
"အရင်တုန်းက အမ်ပီတီဆင်းကတ်တွေ ရောင်းရတဲ့အချိန်တုန်းက ဟန်းဆက်က ၃၀ ရာခိုင်နှုန်းလောက် ရောင်းရတယ်ဆိုရင် အော်ရီဒူးဆင်းကတ်တွေရောင်းရတဲ့အချိန် မှာ ဟန်းဆက်
ရောင်းအား ၅၀ ရာခိုင်နှုန်းအထိ တက်လာတယ်။ အော်ရီဒူးလိုင်းတွေ ၁၅ ရက် နေ့မှာ လိုင်းတွေ
ကောင်းမယ်ဆိုရင်တော့ ဆင်းကတ် အရေအတွက်အတိုင်း ဟန်းဆက်တွေလည်း ရောင်းအား
တက်လာနိုင်ပါတယ်" ဟု A mobile အရောင်းဆိုင်မှ ဦးထွန်းထွန်း က ပြောသည်။
လက်ရှိ အော်ရီဒူးဆင်းကတ်များသည် သရီးဂျီစနစ်အသုံးပြုနိုင်သည့်အတွက် သရီးဂျီ စနစ်
ပါ၀င်သောဟန်းဆက်များ ဈေးကွက်တွင် အဝယ်လိုက်ခဲ့သည်။
"ဟန်းဆက်ရောင်းအားတက်တာ၊ ကျတာ က ဆင်းကတ်တွေထွက်လာတာနဲ့ ဆိုင် တယ်။
ဆင်းကတ်တွေရောင်းရတုန်းကဆိုရင် ဟန်းဆက်တွေက အရင်ကထက် လေးဆတိုး ပြီး
ရောင်းရတယ်။ ဆင်းကတ်မချပေးတဲ့ အချိန်ဆိုရင် ဟန်းဆက်တွေရောင်းအားငြိမ် တယ်" ဟု
Mobile Amazing မိုဘိုင်း အရောင်းဆိုင်ပိုင်ရှင် ဦးဆန်းယုက ပြော သည်။
















