အဓိက မြို့ကြီးသုံးမြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များအနက် ရန်ကုန်မြို့တွင်
အော်ရီးဒူး ဖုန်းကွန်ယက်မှ အခြားကွန်ယက်တစ်ခု (off net) ကို လွှဲပြောင်းခေါ်ဆိုခြင်းများ ပြု
လုပ်ရာတွင် အခက်အခဲ များ ရှိနေကြောင်း အော်ရီးဒူးမြန်မာမှ National sales director
ဦးမြင့်ဇော်က ပြောခဲ့သည်။
"ကျွန်တော်လည်း အော်ရီးဒူးကနေပြီး အခြားနက်ဝက်ကို ခေါ်တာ ရန်ကုန်မှာ အခက်အခဲရှိပါ
တယ်။ ဒါပေမယ့် မန္တလေးနဲ့ နေပြည်တော်မှာ အခက်အခဲလုံးဝမရှိဘူး။ ခေါ်ရလွယ်တယ်။
ရန်ကုန်မှာတော့ ဟုတ်တယ်။ အဲဒီ့အတွက်လည်း ကျွန်တော်တို့ အချိန်နဲ့အမျှ ပြုပြင်သွား
တယ်။ ဩဂုတ်လ ၂ ရက်နေ့က ပြောခဲ့တဲ့အနေနဲ့ ဒီနေ့နဲ့ဆို တိုင် ၂၀ လောက်ထိ တိုးထောင်
ပြီးသွားပါပြီ၊ ရန်ကုန်မှာတော့ နည်းနည်းသည်းခံ ပေးကြပါ"ဟု ဦးမြင့်ဇော်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် အော်ရီးဒူးဖုန်းလိုင်းအချင်းချင်း ချိတ်ဆက်ပြောဆိုခြင်း (on net) တွင် အခက်အခဲ
မရှိသော် လည်း အော်ရီးဒူးလိုင်းမှ အခြားဆက်သွယ်ရေးကွန်ယက်သို့ အပြန်အလှန် ချိတ်ဆက်
ခေါ်ဆိုမှု (on net) တွင် အခက်အခဲ အချို့ရှိနေကြောင်း၊ ထိုအခက်အခဲများကိုလည်း အချိန်မီ
ပြုပြင်လျက်ရှိကြောင်း၊ ဩဂုတ်လ အတွင်းမှာကို ယနေ့ထိ တိုင်ပေါင်း ၂၀ ခန့်အထိ ထပ်တိုး
စိုက်ထူပြီးဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ဦးမြင့်ဇော်က ပြောခဲ့သည်။
အော်ရီးဒူးမြန်မာသည် ပြီးခဲ့သော ဩဂုတ်လ ၂ ရက်နေ့တွင် ဈေးကွက်အတွင်းသို့ ဆင်းကတ်များ
တရားဝင် ဖြန်ချိခဲ့ပြီးနောက်ပိုင်းတွင် သုံးစွဲသူများက လူမှုကွန်ယက်များတွင် တုံပြန်မှု (Feedback)
အမျိုးမျိုးရှိခဲ့ပြီး ကုမ္မဏီမှ တရားဝင်သတ်မှတ်ထားသည့် ဖုန်းခေါ်ဆိုခနှင့်ပတ်သက်၍ ပြည်သူအများ
အပြား နှစ်သက်မှု ရှိသော်လည်း အင်တာနက်ခ ဈေးနှုန်းကောက်ခံမှုများနှင့်ပတ်သက်ပြီး ကျေနပ်
နှစ်သက်မှုမရှိကြောင်း သုံးစွဲသူများထံမှ သိရသည်။
















